မင်္ဂလာနှစ်သစ်ပါရှင်။ ဒီနေ့ ၂၀၀၉ ရဲ့ ပထမဆုံးနေ့ပေါ့။ နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့မှာ ကိုယ်လုပ်ခဲ့ တဲ့ အကြောင်းအရာတွေကို တစ်နှစ်လုံးမှာ ခဏခဏ ပြန်လုပ်ရတတ်တယ်တဲ့။ အဲဒါကြောင့် ကောင်းမှု့ ကုသိုလ်တွေ သာများများလုပ်ကြပါစို့ရှင်။
ကြာဇံဟင်းခါး ရှောက်သီးသုတ်
ကြာဇံဟင်းခါး
ကြာဇံဟင်းခါးချက်စားဖို့ အတွက် လိုအပ်သော ပစ္စည်းများကတော့ ပဲကြာဇံ၊ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲပြား၊ မှိုခြောက်၊ ဆီ၊ဆား၊ ဆနွင်း၊ငါးပိ၊ ငံပြာရည်၊ငရုတ်ကောင်းမှုန့် ၊ အရောင်တင်မှုန့် နဲ့ ဟင်းခတ် မှုန့် တို့ဖြစ်ပါတယ်ရှင်။ ပထမဦးစွာ ပဲကြာဇံကို ရေစိမ်ထားပါ။ ကြက်သား ကို ဆား ဆနွင်း အနည်းငယ်၊ ငံပြာရည် အနည်း ငယ်တို့ နှင့် နယ်ပြီး ပြုတ်ထားပါ။ ပဲပြားကိုလည်း ရေစိမ်ထားပါ။ မှိုခြောက် ကိုလည်း ရေစိမ်ထားပါ။ ကြက်သွန်နီကို ခပ်ကြမ်းကြမ်းလေး လှီးပြီး ဆီသတ်ပေးပါ။ ကြက်သွန်ဖြူနှင့် ဂျင်းကို ထောင်းပြီး ထည့်ဆီသတ်ပေးပါ။ ပြုတ်ထားပြီးသား ကြက်သားကို အမျှင်လေးတွေ ဖြစ်အောင်ဖဲ့ပါ။ (သို့) အတုံးသေး သေးလေးတွေတုံးပေးပါ။ ပြီးလျှင် ဆီသတ်သည့် အိုးထဲကို ထည့်လိုက်ပါ။ ဆား၊ငါးပိ၊ အရောင်တင်၊ ဟင်းခတ်မှုန့်ထည့်ပါ။ နောက်ပြီးကိုယ်ချက်မည့် ပမာဏအလိုက် အိုးထဲကို ရေနွေးကျိုပြီးသား ကိုထည့် လိုက်ပါ။ ဟင်းရေအိုးပွက်လာပြီးဆိုမှ ရေစိမ်ထားတဲ့ ကြာဇံကို ထည့်ပါ။ ကြာဇံဖတ် အရမ်းရှည်နေလျှင် ကတ်ကြေးနဲ့ ကိုက်လိုက်ပါ။ မှိုခြောက်ကို သဲမပါအောင် ရေ အထပ်ထပ်ဆေးပြီး အဖတ်သေးသေးလေးတွေ ကိုက်ပြီးထည့်ပါ။ ပဲပြားကိုလည်း သင့်တော်ရုံ ကိုက်ပြီးထည့်ပါ။ ငရုတ်ကောင်းမှုန့် လည်းထည့်ပါ။ ကြာဇံလည်း နှုးပြီးဆို အပေါ့ အငံ မြည်းပြီး ကြာဇံဟင်းခါး ရပါပြီရှင်။ မန္တလေးမှာတော့ ကြာဇံဟင်းခါးထဲကို ပိတ်စွယ်လေးတွေ ပါးပါးလှီးထည့်တာရယ် မှိုအစိုရယ်ပါ ထည့်ချက်တဲ့ အကျင့်ရှိကြတယ်။ ကြာဇံကို တစ်ချို့က ကြက်သားဆီသတ်ကတည်းက ထည့်လိုက်ကြတယ်။ ကြာဇံ မကြေဘူးလို့ပြောပါတယ်။ ကျွန်မကတော့ ကျွန်မချက်တဲ့ နည်းအတိုင်းရေးလိုက်တာပါ။ ငုံးဥပြုတ်ကြိုက်ရင် ငုံးဥပြုတ်ပြီးသားလေးတွေ ထည့်စားကြပါတယ်။ ကျွန်မတို့ အိမ်မှာတော့ ကြက်ဥကို အချပ်ကြီးတွေ ရအောင် ခေါက်ကြော်ပြီး ပါးပါးလေးတွေ ညှပ်ထည့်ပါတယ်။
ကျွန်မတို့ အိမ်မှာ လူ(၅) ယောက်စာ ဆုံရင် ကြာဇံ (၂၅)ကျပ်သား ကြက်သား တစ်ခြမ်းဆိုရင် စားလို့ရနေပြီ။ ဓါတ်ပုံထဲမှာတော့ ကြက်ဥကြောက်မထည့်ထားဘူး။ ကြာဇံဟင်းခါးကို ကြက်သွန်မိတ် နံနံပင် ရှောက်သီး ငရုတ်သီးမှုန့် နဲ့ ကြက်သွန်ပါးပါးလှီးတာလေးတွေ ထည့်စားလို့ ကောင်းပါတယ်။
ကျွန်မကတော့ ကြက်သွန်မိတ် ထည့် မစားလိုက်ရပါဘူး။ ကျွန်မအစ်ကိုက ကြက်သွန်မိတ်ကို ဂျူးဖူးနဲ့ မှားပြီးဝယ်လာလို့ပါ။ သူကပြောသေးတယ်။ စင်ကာပူက ကြက်သွန်မြိတ်က တော်တော်သန်တယ်တဲ့။ :)
ရှောက်သီးသုတ်
ရှောက်သီးသုတ်ဖို့ အတွက် ရှောက်သီးကို အခွံခွာပြီး အမွှာလေးတွေ လုပ်ထားပါ။ အသီးအရွက် အစား အလိုက် တစ်ခြမ်း(သို့) တစ်လုံးလိုပါလိမ့်မယ်။ ကြက်သွန် နီ အနေတော် (၃)လုံးလောက်ကို ပါးပါးလှီးပြီး မမွှန်အောင် ရေစိမ်ထားပါ။ ကြက်သွန် ဖြူလည်း ပါးပါးလှီး ထားပါ။ ငါးပိကို ကင်ထားပါ။ မြေပဲဆံထောင်း၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ဆီချက်၊ ငရုတ်သီးစိမ်း အနည်းငယ် ပါးပါးလှီး ထားတာလေးတွေ ရောလိုအပ်ပါတယ်။
ပန်းကန်တစ်ခုထဲမှာ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ရှောက်သီး မွှာ၊ငါးပိ၊ ပုဇွန်ခြောက် မှုန့်၊ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီး တောင့် ပါးပါးလှီး လေးများ၊ ဆီချက်တို့နှင့် အပေါ့ အငံလိုသလို ပြင်သုံးဆောင် နိုင်ပါတယ်ရှင်။ ကျွန်မကတော့ ရှောက်သီးမရှိလည်း သံပရိုသီးနဲ့ သုတ်စား ပါတယ်။ ချဉ်ငံစပ်ဆို အကုန် ကြိုက်တယ်။
စားသွားပါဦးရှင်။

ပဲကြာဇံအာလူးသုတ်
Posted by
subuueain
|
Labels:
အသုတ်များ
ခုတလော ထမင်းစားအရမ်း ပျက်နေတာ။ ဘာစားစား ခံတွင်းမတွေ့ ဘူး ။ အလုပ်တွေရှုတ်၊ စိတ်တွေရှုတ်ပြီး လုံးချာလည်တွေ လိုက်နေတာ။ စိတ်တွေညစ်တော့ ထမင်းစားပါပျက်ပြီး အခက်ခဲဆုံးအခြေအနေတွေကို ဖြတ်ကျော်ပြီးသည့်တိုင် ထမင်းစားပျက်နေတာ ပြန်ကောင်းမလာသေးဘူး။ ဘာမှလည်းချက်မစား ချင်တာနဲ့  အိမ်မှာအဆင်သင့်ရှိတဲ့ ပဲကြာဇံ ကိုအာလူးနဲ့ သုတ်စား ထားတာလေးကို ရေးပြီးတင်လိုက်ပါတယ်။
ပဲကြာဇံ ကိုရေ ခဏစိမ်ထားလိုက်ပါတယ်။ ပဲပုပ်ကိုမီးကင်ပြီး ထောင်းထားပါ။ တချို့ ကလည်း
ပဲပုပ်ထည့်သုတ်တာ ကိုမ ကြိုက်ကြဘူး။ ကျွန်မလည်း ပဲပုပ်စားပြီးရင် အရမ်းအိပ်ချင် လို့  နဲနဲပဲထည့် ပါတယ်။ မကျီးသီးမှည့်ကို ရေဆေးပြီး ရေနွေးလေးစိမ်ထားပေးပါ။
ရေစိမ်ထားတဲ့ကြာဇံ နဲ့  အာလူးကိုပြုတ်လိုက်ပါ။ ကြာဇံနူးပြီဆိုရင် ရေအေးလောင်းပြီး ဇကာနှင့် စစ်ထားပေးပါ။ အာလူးပြုတ်ကို ပါးပါးလေးတွေလှီးထားပေးပါ။ ပြီးရင် ပန်းကန်တစ်ခုထဲမှာ ကြာဇံ၊အာလူး၊ပဲပုပ်မှုန့် ၊ဆီချက်၊ ငံပြာရည်၊ မကျီးရည်၊ ပုစွန်ခြောက်
မှုန့် ၊ငရုတ်သီးမှုန့် တို့ နဲ့ ရောပြီးသုတ်စားလို့ ရပါပြီရှင်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလေးကိုက်ပြီး ရေနွေးပူပူလေး နဲ့ ဆိုတော်တော်လေး အဆင်ပြေပါတယ်။
ခရမ်းချဉ်သီး ငါးပိချက်
Posted by
subuueain
|
Labels:
ဟင်း(သား၊ငါး)
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။
ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေ ပြီး ဆီများများလေးနဲ့ ချက်ထားရင်
ဘူးနဲ့ ထည့်ပြီးရေခဲသေတ္တာထဲထည့်ထားလို့ လည်း အဆင်ပြေတယ်လေ။
ဒါကြောင့် မို့  အရင်ဆုံး ခရမ်းချဉ်သီးကို ဆားလေးသင့်ရုံထည့်ပြီး ရေခမ်းပြုတ်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကို ပြုတ်ထည့်တာကတော့ အနှစ်လုပ်ရင် ခရမ်းချဉ်သီးဖတ်ကိုချေနေစရာ မလိုတဲ့အပြင် အရသာလည်းပိုကောင်းတယ်လို့  ကျွန်မထင်ပါတယ်။ ဟင်းချက်တာက

ကိုယ့် အကြိုက်နဲ့ ကိုယ် ချက်တာဆိုတော့  အဓိက က တော့စားလို့ ကောင်းရင် ပြီးတာပါပဲ။
ကြက်သွန်နီကို နုတ်နုတ်လေးတွေလှီးထား (သို့ ) ထောင်းထားပါ။
ဂျင်း ၊ ကြက်သွန်ဖြူ ရောထောင်းထားပါ။
ကြက်သွန်နီ ကိုဆနွင်းမှုန့် အနည်းငယ်နဲ့ ဆီသတ်ပါတယ်။ ဂျင်း ၊ ကြက်သွန်ဖြူ ရောထောင်းထား တာပါထည့်ပြီး ဆီသတ်ပါတယ်။ ပျော့နေအောင်ပြုတ်ထားတဲ့ ခရမ်းချဉ်သီးကို အခွံခွာပြီး နောက် ရောထည့်လိုက်ပါတယ်။ ဆား၊ငါးပိ၊အရောင်တင်၊ပုစွန်ခြောက်မှုန့် ၊ ဟင်းခတ်မှုန့် တို့ ထည့်ပါတယ်။
ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းလေးတွေ အုပ်လိုက်ပါတယ်။ ဒါဆိုရင် လွယ်ကူအဆင်ပြေစွာ
နဲ့ ဟင်းအနှစ်တစ်ပွဲ ရရှိပါပြီရှင်။

ကြက်ကချင်ချက်
Posted by
subuueain
|
Labels:
ဟင်း(သား၊ငါး)
HAPPY NEW YEAR & MERRY CHRISTMAS! ပါ။
NewYear ရောက်ဖို့နီးလာ ပြီဆိုတော့ မန္တလေးရဲ့NewYear ညတွေမှာ ကချင် အမျိုးသမီး တစ်ယောက် ချက် ကျွေး ခဲ့ဖူး တဲ့ ကြက်ကချင်ချက်ကို မျှဝေလိုက် ပါတယ်။
December (31) ဆိုရင်မန္တလေးမှာ တော်တော်လေး ချမ်းနေပါပြီ။ အဲဒီလိုညမျိုးမှာ မီးပုံကြီးလုပ်ပြီး ကြက်ကချင်ချက် နှင့်အကင်မျိုးစုံ လုပ်စားကြပါတယ်။ အရမ်းချမ်းနေ တဲ့အချိန်မှာ ငရုတ်သီးရှိန်းရှိန်းလေးနဲ့ ချက်ထားတဲ့ ကြက်ကချင်ချက်အရည်သောက် လေးဟာတော်တော်လေး သောက်လို့ ကောင်းပါတယ်။
ချက်လို့ လည်းအရမ်းလွယ်ကူပါတယ်။
ကြက်သားကို အတုံးလေးတွေ ညီညီတုံးပြီး ဆား၊ဆနွင်းအနည်းငယ်၊ငံပြာရည်အနည်းငယ်တို့ 
နဲ့ နယ်ထားပါ။ ငရုတ်သီးစိမ်း အနည်းငယ်ထောင်းထားပါ။ ဗမာနံနံပင်လေးတွေကို အနေတော်ဖြတ်ထားပါ။
ပထမဦးစွာ ကြက်သွန်နီ ကိုဆနွင်းအနည်းငယ်ထည့်ပြီးဆီသတ်ပါတယ်။ ဆီအရမ်းမများမှ ကောင်းပါတယ်။
ကြက်သွန်နီနွမ်းရင် ကြက်သွန်ဖြူနဲ့ ဂျင်းရောထောင်းထားတာထည့်ပါမယ်။ ငရုတ်သီးစိမ်းထောင်းထားတာထည့် ပါမယ်။ အရောင်တင်မှုန့်  မထည့်ပါဘူးရှင်။ဆားအနည်းငယ်၊
ငါးပိပါလေကာ၊ငံပြာရည်အနည်းငယ်၊ဟင်းခတ်ကြက်သားမှုန့် အနည်းငယ် ထည့်ပါမယ်။
အဆင်သင့်နယ်ထားတဲ့  ကြက်သားထည့်ပြီး သူ့ ရေနဲ့ သူကျက်အောင် တည်ထားပေးပါ။
တစ်ရေကျက်ပြီဆိုမှ ရေနွေးထပ်ထည့်ပြီး ကြက်သားနူးအောင် တည်ထားပါတယ်။
အရည်သောက်စားမှာဆိုတော့ ရေနွေး များများထည့်တည်၊ ကြက်သားလည်းနူးပြီဆိုရင်
ဟင်းရည်ပွက်ပွက်ထဲကို နံနံပင်များများနဲ့ ငရုတ်ကောင်းခပ်ပြီး သုံးဆောင်လို့ ရပါပြီရှင်။

ငါးပိထောင်း
Posted by
subuueain
|
Labels:
အထောင်းများ
ဒီနေ့ ဘာဟင်းမှ မချက်ဖြစ်တာနဲ့  ရှိတဲ့ငါးပိထောင်းလေးကိုပဲ တင်လိုက်ပါတယ်။ ငါးပိထောင်းကတော့ အရမ်း ရိုးရှင်းပြီး လူတိုင်းထောင်းတတ်ပါတယ်။ ငါးပိကင်နှင့်အတူ ကြက်သွန်ဖြူ၊ငရုတ်သီး၊ နဲ့ မကျီးသီးမှည့်ကိုရေနွေးစိမ်ထားတာလေးပါ ထည့်ထောင်းလိုက်ပါတယ်။ ဆီချက် လေးဆမ်းလိုက်ပါတယ်။ ပြီးတော့ ငါးပိထောင်း ပေါ်ကနေ ကြက်သွန်ဖြူပါးပါးလှီးထားတာလေးတွေ ဖြူးလိုက်ပါတယ်။ သံပုရာသီးလေးညှစ်ပြီး ထမင်းပူပူလေးနဲ့ စားလို့ ကောင်းပါတယ်။
မကျီးသီးမှည့်ထည့်ထောင်းတဲ့ ငါးပိထောင်းက အာပူလျှာပူထဲထည့်စားလို့ လည်း အဆင်ပြေပါတယ်ရှင်။

မန္တလေးက ခိုတောင်မုန့့်တီ
Posted by
subuueain
|
Labels:
ရိုးရာ အစားအစာများ
မန္တလေး မှာခိုတောင်မုန့် တီဆိုတာက နံနက်ခင်းဈေးထဲမှာနဲ ၊့နေ့ လည်အစာပြေရောင်းတဲ့ ခေါင်းရွက်ဈေးသည်တွေရောင်းကြတာမျိုးပါ။
တကယ်တမ်း ခိုတောင်မုန့် တီဆိုတာ အဲလိုပဲလားတော့ မသိပါဘူး။ မန္တလေးက ရောင်းတဲ့  ခိုတောင်မုန့် တီ ဆိုတာကတော့ မုန့် တီသုတ်ကို အသားမပါဘဲသုတ်တာမျိုးပါဘဲ။ Recipe
နဲနဲတော့ပြောင်း သွားတာပေါ့နော်။ မုန့် တီဖတ် ကိုအဆင်သင့် ပန်းကန်ထဲ ထည့်ထားပါတယ်။
ပဲသီးလေးတွေပါးပါးလေးတွေလှီးထားတယ်။ ဂေါ်ဖီထုတ်ပါးပါးလေးတွေလည်းပါ ပါတယ်။
ပဲပင်ပေါက်ရေနွေးဖျော လေးတွေပါတယ်။ ကြက်သွန်ဖြူဆီချက် ချက်ထားတယ်။ ငရုတ်သီး
ဆီချက် လည်းရှိမှ ဖြစ်ဦးမှာ။ နောက်ပြီးတော့  ပဲမှုန့် ၊ငံပြာရည် တို့ လည်းလိုပါတယ်။
မန္တလေးဘယာကြော် (မတ်ပဲကြော်) အတွက် ကတော့ Ready made ကိုသုံးပြီး အညွှန်းအတိုင်းကြော်ရတော့မှာပါပဲ။
ပြီးရင် ပန်းကန်တစ်ခုထဲမှာ မုန့် တီဖတ်၊ ပဲသီး၊ ဂေါ်ဖီထုတ်၊ မတ်ပဲကြော် ၊ ပဲမှုန့် ၊ငံပြာရည်၊ ငရုတ်သီးမှုန့် (အစပ်ကြိုက်တတ်ရင်)၊ နောက်ပြီး ဆီချက် (၂) မျိုးလုံးထည့်ပြီး နယ်ပါတယ်။
ခိုတောင်မုန့် တီ ကပဲမှုန့် များများနဲ့  စီးစီးလေးသုတ်မှစားကောင်းပါတယ်။ အချဉ်အတွက်ကတော့သံပုရာသီး ကိုပဲသုံးပါတယ်။ ဆိုင်တွေမှာ ခိုတောင်မုန့့်တီ
နဲ့ တွဲဖက်စားသုံးရန်အတွက်ဟင်းရည် ကတော့ ပိတ်စွယ်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊
ဂျင်း၊ ငပိ၊ ငရုတ်ကောင်း နဲ့ ပြုလုပ်ထားတဲ့ ဟင်းရည်ဖြစ်ပါတယ်။ တစ်ချို့ ကဟင်းရည်ထဲမှာ ငါးဖယ်ကိုသေးသေးလေးတွေလုံးပြီးထည့် တယ်။ အသုတ်ထဲ ငါးဖယ်ထည့်ပေးပါဆို ဟင်းရည်ထဲက ငါးဖယ်ပြုတ်ထည့်သုတ်ပေးတယ်။
ခုတော့ ပိတ်စွယ်လည်းမရှိ၊ ငါးဖယ် လည်းမရှိတော့ ဟင်းရည်မလုပ်တော့ပါဘူး။
ဂေါ်ဖီထုတ်ဟင်းရည်နဲ့ ဆိုရင်လည်း လိုက်ပါတယ်။ ကြက်သွန်နီ ပါးပါးလေးတွေလှီးပြီး
သံပုရာသီးနဲ့ အချဉ် လုပ်ပါတယ်။ စားလို့ ရပါပြီနော်……

ကြက်စဥကြော်
Posted by
subuueain
|
Labels:
အကြော်များ
ကြက်သားကို အတုံးလိုက်ကြီးတွေ၊ဆီပြန်ဟင်းတွေမစားချင်
သူများအတွက် လွယ်ကူပြီးအချိန်ကုန်သက်သာ တာကတော့ ကြက်စဥကြော် ပါ။
လိုအပ်သောပစ္စည်းများကတော့
ကြက်သားအသား အနည်းငယ်၊
အကြော်မှုန့် ထုတ်၊
ကြက်ဥ(၁)လုံး၊
ဖြစ်ပါတယ်။
ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပြီး ဆား၊ဆနွင်း၊ ငံပြာရည် တို့ နဲ့ နယ်ထားပေးပါ။
အကြော်မှုန့် ကိုမိမိကြော်မည့် ကြက်သား ပမာဏနှင့်ယှဉ်၍ မှန်းပြီး ရေအေးနှင့်ဖျော်ပါ။

ကြက်ဥ(၁)လုံး ဖောက်ထည့်ပါ။ ဆားအနည်းငယ်၊အရောင်တင်အနည်းငယ်၊ ဂျင်းနှင့်ကြက်သွန်ဖြူရောထောင်းထား တာအနည်းငယ်ရောထည့် လိုက်ပါ။
ပြီးရင်တော့ ကြက်သားတုံးသေးသေးလေးတွေ တစ်တုံးချင်းဆီကို

အကြော်မှုန့် ဖျော်ထားတာနဲ့ ရောပြီး ကြော်လို့ ရပါပြီရှင်…
ကြက်သားနှင့် ကုလားပဲသီးစုံဟင်း
Posted by
subuueain
|
Labels:
ဟင်း(သား၊ငါး)
ဒီနေ့ ကြက်သားနှင့် ကုလားပဲသီးစုံဟင်းချက်ကြည့်ပါမယ်…
ကြက်သားကို ဆား၊ဆနွင်း ၊ငံပြာရည် အနည်းငယ် နဲ့ နှယ်ထားပါတယ် ။
ကုလားပဲကို ဆားနဲနဲ ခပ်ပြီး ပြဲနေအောင် ပြုတ်ထားပေးပါ။ အာလူး ကိုအစိတ်လေးတွေစိတ်ပြီး ဆား၊ဆနွင်း နယ်ထားပါ။ ပဲတောင့်ရှည် ကိုလည်း လက်တစ်ဆစ်လောက်လေးတွေ ဖြတ်ထားပေးပါ။ ရုံးပဒီသီးကို လည်း အဖျားလေးတွေတိပြီး စွေစွေလေးတွေ လှီးထားနော်။
ခရမ်းသီးနဲ့  မုံလာဥနီ တို့ ကိုလည်း အခွံနွှာပြီး အတုံးလေးတွေ တုံးပေးပါ။
ပထမဦးစွာ ကြက်သွန်နီ ဆီသတ်ပါမယ်။ ကြက်သွန်နီ လေးတွေနွမ်းလာရင် ကြက်သွန်ဖြူနဲ့  ဂျင်းထောင်း ထားတာကိုထည့်ပါမယ်။ ပြီးရင် ကြက်သားထည့် ပါမယ်။ ဆား၊အရောင်တင်၊ ငပိနည်းနည်း ထည့်ပြီး ကြက်သားကို အရင်ဆုံး (၅)မိနစ်လောက် ချက်လိုက်ပါတယ်။ ပြီးရင် ပြုတ်ထားတဲ့ ပဲထည့်ပါမယ်။ ဟင်းအိုးထဲကို အာလူး၊ ခရမ်းသီး ၊ မုံလာဥနီ တို့ နဲ့ အတူ ရေနွေးကိုဟင်းမြုပ်ရုံ ထည့် ပြီးတည်ထားပါတယ်။ ဟင်းအရည်ပွက်လာတဲ့အချိန်မှ ရုံးပဒီသီး နဲ့ပဲတောင့်ရှည် ထည့်လိုက်ပါတယ်။ ပြီးရင် မဆလာလေးအုပ်ပါတယ်။ ဒါဆိုရင် အသင့်စားသုံးနိုင်ပါပြီရှင်။
ကြက်သားနှင့် ကုလားပဲသီးစုံဟင်း နဲ့ လိုက်ဖက်တာကတော့ ငရုတ်သီးကြော် (သို့ ) ငရုတ်သီးထောင်း ပါ။

ကော်ဖီသောက်ရအောင်..
Posted by
subuueain
|
Labels:
coffee
ကော်ဖီကြိုက်နှစ်သက်သူများအတွက် အပြောင်းအလဲအနေနဲ့ အနံ့ ပြင်းရှတဲ့ Arabic coffee ကို ဖျော်သောက်ကြည့်ရအောင်နော်….
သာမန်ကော်ဖီလေးပါပဲ... ဖာလာစေ့ (cardamom) အနည်းငယ်သာ လိုအပ်ပါတယ်။
ကော်ဖီမှုန့် စစ်စစ်၊ သကြား ၊ coffee mate တို့ နဲ့  ကိုယ်ကြိုက်နှစ်သက်တဲ့အရသာ ရအောင်အရင်ဖျော်လိုက်ပါ။
လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ကော်ဖီမှုန့်  ရရင်ပိုကောင်းပါတယ်။
ဖာလာစေ့ လေးကို နုတ်နုတ်လေးတွေ စိတ်ထည့်လိုက်ပါ။
ကော်ဖီတစ်ခွက်ကို ဖာလာစေ့ (၃)စေ့ လောက်ဆိုရင် အနံ့ ကောင်းကောင်းရပါပြီ။
ဒါဆိုရင် Arabic coffee ရပါပြီ..
မိုးအေးအေးလေးမှုာ ချစ်သူနဲ့ အတူArabic coffee ဖျော်သောက်ကြည့်ရအောင်နော်…

ငါးပိရည်နှင့် တို့ စရာ အစုံအလင်
ငါးပိရည် ဆိုတာ မြန်မာတော်တော်များများ နှစ်သက်ကြတဲ့ ဟင်းရံတစ်မျိုးပါ။
ငါးပိရည်ကျိုရင် ကျွန်မအမေက အိုးထဲကိုဆနွင်းနည်းနည်း ထည့်ပြီးကျိုပါတယ်။
ငါးပိရည် ထဲထည့်မယ့် ကြက်သွန်ဖြူ နဲ့  ငရုတ်သီးကို ဒယ်အိုးထဲ ထည့်ပြီးလှော်ပါတယ်။သီတံလေးရှိလို့ကင်ချင်ရင်လည်းရပါတယ်။

အနံ့ မွှေးလာပြီဆိုမီးဖိုပေါ်မှချလို့ ရပါပြီ။
ငါးအစိုရှိရင်လည်းကင်ထည့်လိုက်ပါဦး။လှော်ထားတဲ့ကြက်သွန်ဖြူ

နဲ့ ငရုတ်သီးကိုမညက်တညက်လေး ထောင်း၊ ငါးလှော် (သို့ )ကင်လေးကိုလည်း ပန်းကန်ထဲ ဖဲ့ထည့် လိုက်ပါ။ ပုစွန်ခြောက်မှုန့် ထပ်ထည့်ချင်လည်း ထည့်လိုက်ပါဦး။ ကျိုထားတဲ့ ငါးပိရည် လောင်းထည့်လိုက်ပါ။ ပန်းကန်ထဲ မှာမွှေပြီးရင် ငရုတ်သီးမှုန့် နည်းနည်း ဖြူးလိုက်နော်..
အတို့ အတွက်ကတော့မိမိနှစ်သက်ရာရွေးချယ်နိုင်ပါတယ်…
ပုံမှာတော့ ဓညင်းသီးနုနုလေးတွေကင်၊ မျှစ် ၊ခရမ်းကသော့သီး ၊နံနံပင်၊မုံလာဥနီ၊ကြက်သွန်နီ
တို့ ပါ။

ငါးဖယ်ကြော်သုတ်(Fish Cake Salad)
Posted by
subuueain
|
Labels:
အသုတ်များ
fish cake ကို သုတ်မလို့ ပြင်ဆင်ထားပုံပါ။ ငါးဖယ်ကြော်သုတ်အလွမ်းပြေလေးပါ။
ဒီ နေ့ ညစာအတွက်ကတော့ Fish Cake ကို အသုတ် လုပ်စားမယ်လို့ စဉ်းစားလိုက်ပါတယ်..
ဘာလို့ လဲဆိုတော့  fridge ထဲမှာ ဒါပဲ ကျန်တော့ တာကိုး ။ :)
ပထမဦးစွာ fish cake တွေကို ဆီပူပူ ထဲမှာ ခဏကြော် ပါတယ်။ ဆီထဲမှာ ကြာကြာထားလျှင်
အရောင် အရမ်းရဲပြီး မလှတော့ လို့ ပါ။
ကြော်ပြီးသား fish cake တွေကို tissue နဲ့  ဆီစစ်ထားလိုက်ပါ။
အသုတ်သုတ် မယ်ဆိုတော့ ထုံးစံအတိုင်း ကြက်သွန်နီ ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ပါးပါးလှီးထားပါ။
ကြော်ပြီးသား fish cake တွေကို လည်း ပါးပါးလှီးထားပါ။
ခရမ်းချဉ်သီး မာတာလေး ကိုလည်း ပါးပါးလှီးထားပါ။
နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး(သို့)မန်ကျီးအရည် ၊ဂေါ်ဖီထုတ် တို့ လည်းရှိ ရမယ်နော်။
မုံလာဥနီ ကြိုက် ရင်လည်း ထည့်သုတ်ပါ။
အသုတ်ကို ဆီချက်နဲ့ သုတ်တာပဲ ကျွန်မ က ကြိုက်ပါ တယ်။ တစ်ချို့ ကလည်း ဆီစိမ်းနဲ့ 
သုတ်ပါတယ်။ ဒီက fish cake တွေက ချိုလွန်းလို့  ချဉ်ချဉ်စပ်စပ်ဖြစ်အောင် သုတ်စားတာက ပိုအဆင်ပြေမယ် ထင်ပါတယ်။
အကုန်လုံးစုံပြီဆိုရင် သုတ်လို့ ရပါပြီ ။ အရသာ အပေါ့ အငန် မိမိနှစ်သက်သလို ပြင်ဆင် စားသုံးနိုင်ပါပြီရှင်။ `

ဓါတ်ပုံမှာ သံပုရာသီး မထည့် လိုက်ရဘူး။ :)
အာလူးအစိမ်းသုတ်
Posted by
subuueain
|
Labels:
အသုတ်များ
ဒီနေ့  အာလူးအစိမ်းသုတ် သုတ်စားမလို့ စဉ်းစားမိတော့~~~~
ပထမဦးစွာ အာလူးကိုရေသေချာဆေး၊ အခွံနွှာပြီး ခြစ်နှင့် ခြစ်ရ ပါမယ်။ ပြီးရင် ရေစိမ်ထား ပါ။
ကြက်သွန်နီကို အသုတ်ထဲထည့်ဖို့ ပါးပါးလှီး ပြီး ရေစိမ်ထား ပါ။
ကြက်သွန်ဖြူ ဆီချက် ချက်ထားပေးပါ။
မြေပဲဆံထောင်းထားပေးပါ။
နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး တို့ ကိုလည်းအဆင်သင့်လှီးထားပေးပါ။
ပြီးလျှင် ရေစိမ်ထားသော အာလူးကို ရေသေချာညှစ်ပြီး ပန်းကန်တစ်ခုထဲသို့ ထည့်ပါ။
ကြက်သွန်နီ ၊ မြေပဲဆံထောင်း၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ငံပြာရည်၊ပုစွန်ခြောက်မှုန့်  တို့  ထည့် ပြီး သုတ်စားနိုင်ပါတယ်။

ငရုတ်သီးနှပ်
Posted by
subuueain
|
Labels:
ဟင်း(အသီးအရွက်)
ငရုတ်သီး အတောင့်ရှည်လေးများကို ခရမ်းသီးနှပ် သလိုနှပ်သလိုနှပ်စားလို့ ကောင်းပါတယ်။
ငရုတ်သီး၊ ပုစွန်ခြောက်၊ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ငါးပိ တို့ လိုအပ်ပါတယ်။
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ကိုဆီသတ်ပါ။
ကြက်သွန် နွမ်းသောအခါ ခရမ်းချဉ်သီး၊ငါးပိ၊ ပုစွန်ခြောက်မှုန့် ၊ အရောင်တင်မှုန့် ၊ ဆား အနည်းငယ်တို့ ထည့် ပြီး အနှစ်လုပ်ပါ။
ငရုတ်သီးကို အစာဝင်စေရန် အနည်းငယ်ခြမ်းပေးပါ။အဆုံးထိ မခြမ်းပါဘူး။
ငရုတ်သီးကို အနှစ်ထဲသို့ ထည့် ပြီးမွှေပါ။
ငရုတ်သီး နွမ်း လျူင် စားလို့ ရပါပြီ ရှင်။

မာလာငါးဟင်း
Posted by
subuueain
|
Labels:
ရိုးရာ အစားအစာများ
မာလာငါးဟင်း
လိုအပ်သောပစ္စည်းများ
ငါး တစ်ကောင်၊၊
မာလာငါးအနှစ် တစ်ထုတ်၊၊
နှမ်း၊၊
မြေပဲဆံ၊၊
ကြက်သွန်နီ၊၊
ကြက်သွန်ဖြူ၊၊
ဆီ၊၊
ငရုပ်သီးအကြမ်းမှုန့် ၊၊
ဂျင်း။
ကန်စွန်းဥချောင်း။
ကန်စွန်းဥချောင်းကိုရေကြာကြာစိမ်ထားပြီးနောက် နူးသည်အထိပြုတ်ပေးပါ။
ငါးကို ရေဆေးပြီး ဆား၊ဆနွင်း အနည်းငယ်၊ငံပြာရည် အနည်းငယ် တို့ ဖြင့် နယ်ထားပါ၊၊
ထို့ နောက် ငါး ကို အနံ့ ကောင်းစေရန် ဂျင်း ၊ ကြက်သွန်ဖြူ ဖြင့် ပြုတ်ပေးပါ၊၊ ငါးအသားနူးပြီး
ပြုတ်ရည်အနည်းငယ်ကျန်သော အခါ မီးဖိုပေါ်မှ ချပါ ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ ကို ဆီသတ်ပါ။ ဆီသတ် ထားသည့် အိုး ထဲသို့ မြေပဲဆံထောင်း၊ နှမ်း ၊ ငရုပ်သီးအကြမ်းမှုန့်  တို့ ကို ထည့် ပြီး မွှေပါ ။ ထို့ နောက် အိုးထဲသို့  မာလာငါးအနှစ် ကို ပြူ
လုပ်မည့် ဟင်းအနည်းအများပေါ်မူတည်ပြီး တစ်ထုတ် (သို့ ) တစ်ဝက် ထည့် ပါ။
အားလုံးပြီးသောအခါ ပြုတ်ထားသော ကန်စွန်းဥချောင်း ကို ဟင်းအနှစ်နှင့် ရောမွှေပါ။
ထို့ နောက် ပြုတ်ထားသောငါး နှင့် ရောလိုက်ပါ ။
ငါးကို အတုံးနဲ့မဟုတ်ဘဲ အကောင်လိုက်လေးဆို ပြင်ဆင်ရတာ ပိုလှပါတယ်နော်။
အရသာအပေါ့အငန် လိုအပ်သလို ပြင်ဆင် စားသုံးနိုင်ပါသည်။

Subscribe to:
Posts (Atom)
My Blog List 1
-
-
1Apr20242 weeks ago
-
Adelaide မြို့ရဲ့ အမှိုက်ပစ် စနစ်10 months ago
-
-
စာပေဆု ၂၀၂၀3 years ago
-
Something about the protection of UNESCO4 years ago
-
-
-
MUA Web Converter7 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ10 years ago
-
စိတ်အချဉ်ပေါက်ခြင်း10 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း11 years ago
-
For “Harvest Thanksgiving Festival”12 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)13 years ago
-
တူမလေးများနဲ့ တလတာ..13 years ago
-
-
-
-
-
My Blog List 2
-
-
အသံတိတ်ထားတဲ့ အလွမ်းများ5 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ9 years ago
-
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ12 years ago
-
-
-
-
-
My Blog List 3
-
ဟင်းနုနွယ်သုပ်1 hour ago
-
-
-
-
Blog အလွမ်းပြေ3 years ago
-
Lock Down4 years ago
-
Food Review: ပုရစ်ကြော်4 years ago
-
အလှနတ်သမီးလေး မလိခ...5 years ago
-
Ancestors Altar5 years ago
-
ပုစွန်ဘော့ချိတ်ကြော်5 years ago
-
အချဉ်ပေါင်း (၂)6 years ago
-
Zuma Zen Blaster: Sang Game Legendaris7 years ago
-
သား ၂ယောက်လုံးရဲ့ အမှုအကျင့်လေးများ8 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)8 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "9 years ago
-
ဂွေးသီး ငပိချက်10 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄10 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄10 years ago
-
နံနက်စာနှင့် နေ့လည်စာများ10 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်12 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...
Current User
User Online