မာလာငါးဟင်း






မာလာငါးဟင်း
လိုအပ်သောပစ္စည်းများ

ငါး တစ်ကောင်၊၊
မာလာငါးအနှစ် တစ်ထုတ်၊၊
နှမ်း၊၊
မြေပဲဆံ၊၊
ကြက်သွန်နီ၊၊
ကြက်သွန်ဖြူ၊၊
ဆီ၊၊
ငရုပ်သီးအကြမ်းမှုန့် ၊၊
ဂျင်း။
ကန်စွန်းဥချောင်း။

ကန်စွန်းဥချောင်းကိုရေကြာကြာစိမ်ထားပြီးနောက် နူးသည်အထိပြုတ်ပေးပါ။
ငါးကို ရေဆေးပြီး ဆား၊ဆနွင်း အနည်းငယ်၊ငံပြာရည် အနည်းငယ် တို့ ဖြင့် နယ်ထားပါ၊၊
ထို့ နောက် ငါး ကို အနံ့ ကောင်းစေရန် ဂျင်း ၊ ကြက်သွန်ဖြူ ဖြင့် ပြုတ်ပေးပါ၊၊ ငါးအသားနူးပြီး
ပြုတ်ရည်အနည်းငယ်ကျန်သော အခါ မီးဖိုပေါ်မှ ချပါ ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ ကို ဆီသတ်ပါ။ ဆီသတ် ထားသည့် အိုး ထဲသို့ မြေပဲဆံထောင်း၊ နှမ်း ၊ ငရုပ်သီးအကြမ်းမှုန့်  တို့ ကို ထည့် ပြီး မွှေပါ ။ ထို့ နောက် အိုးထဲသို့  မာလာငါးအနှစ် ကို ပြူ
လုပ်မည့် ဟင်းအနည်းအများပေါ်မူတည်ပြီး တစ်ထုတ် (သို့ ) တစ်ဝက် ထည့် ပါ။
အားလုံးပြီးသောအခါ ပြုတ်ထားသော ကန်စွန်းဥချောင်း ကို ဟင်းအနှစ်နှင့် ရောမွှေပါ။
ထို့ နောက် ပြုတ်ထားသောငါး နှင့် ရောလိုက်ပါ ။
ငါးကို အတုံးနဲ့မဟုတ်ဘဲ အကောင်လိုက်လေးဆို ပြင်ဆင်ရတာ ပိုလှပါတယ်နော်။

အရသာအပေါ့အငန် လိုအပ်သလို ပြင်ဆင် စားသုံးနိုင်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online