ငါးပိရည်နှင့် တို့ စရာ အစုံအလင်







ငါးပိရည် ဆိုတာ မြန်မာတော်တော်များများ နှစ်သက်ကြတဲ့ ဟင်းရံတစ်မျိုးပါ။
ငါးပိရည်ကျိုရင် ကျွန်မအမေက အိုးထဲကိုဆနွင်းနည်းနည်း ထည့်ပြီးကျိုပါတယ်။

ငါးပိရည် ထဲထည့်မယ့် ကြက်သွန်ဖြူ နဲ့  ငရုတ်သီးကို ဒယ်အိုးထဲ ထည့်ပြီးလှော်ပါတယ်။သီတံလေးရှိလို့ကင်ချင်ရင်လည်းရပါတယ်။
အနံ့ မွှေးလာပြီဆိုမီးဖိုပေါ်မှချလို့ ရပါပြီ။

ငါးအစိုရှိရင်လည်းကင်ထည့်လိုက်ပါဦး။လှော်ထားတဲ့ကြက်သွန်ဖြူ
နဲ့ ငရုတ်သီးကိုမညက်တညက်လေး ထောင်း၊ ငါးလှော် (သို့ )ကင်လေးကိုလည်း ပန်းကန်ထဲ ဖဲ့ထည့် လိုက်ပါ။ ပုစွန်ခြောက်မှုန့် ထပ်ထည့်ချင်လည်း ထည့်လိုက်ပါဦး။ ကျိုထားတဲ့ ငါးပိရည် လောင်းထည့်လိုက်ပါ။ ပန်းကန်ထဲ မှာမွှေပြီးရင် ငရုတ်သီးမှုန့် နည်းနည်း ဖြူးလိုက်နော်..
အတို့ အတွက်ကတော့မိမိနှစ်သက်ရာရွေးချယ်နိုင်ပါတယ်…
ပုံမှာတော့ ဓညင်းသီးနုနုလေးတွေကင်၊ မျှစ် ၊ခရမ်းကသော့သီး ၊နံနံပင်၊မုံလာဥနီ၊ကြက်သွန်နီ
တို့ ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online