ကြက်စဥကြော်


ကြက်သားကို အတုံးလိုက်ကြီးတွေ၊ဆီပြန်ဟင်းတွေမစားချင်
သူများအတွက် လွယ်ကူပြီးအချိန်ကုန်သက်သာ တာကတော့ ကြက်စဥကြော် ပါ။
လိုအပ်သောပစ္စည်းများကတော့
ကြက်သားအသား အနည်းငယ်၊
အကြော်မှုန့် ထုတ်၊
ကြက်ဥ(၁)လုံး၊
ဖြစ်ပါတယ်။

ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပြီး ဆား၊ဆနွင်း၊ ငံပြာရည် တို့ နဲ့ နယ်ထားပေးပါ။
အကြော်မှုန့် ကိုမိမိကြော်မည့် ကြက်သား ပမာဏနှင့်ယှဉ်၍ မှန်းပြီး ရေအေးနှင့်ဖျော်ပါ။
ကြက်ဥ(၁)လုံး ဖောက်ထည့်ပါ။ ဆားအနည်းငယ်၊အရောင်တင်အနည်းငယ်၊ ဂျင်းနှင့်ကြက်သွန်ဖြူရောထောင်းထား တာအနည်းငယ်ရောထည့် လိုက်ပါ။
ပြီးရင်တော့ ကြက်သားတုံးသေးသေးလေးတွေ တစ်တုံးချင်းဆီကို
အကြော်မှုန့် ဖျော်ထားတာနဲ့ ရောပြီး ကြော်လို့ ရပါပြီရှင်…

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

khin oo may said...

ဂွတ်သွားတယ်။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online