ငါးပိထောင်း


ဒီနေ့ ဘာဟင်းမှ မချက်ဖြစ်တာနဲ့  ရှိတဲ့ငါးပိထောင်းလေးကိုပဲ တင်လိုက်ပါတယ်။ ငါးပိထောင်းကတော့ အရမ်း ရိုးရှင်းပြီး လူတိုင်းထောင်းတတ်ပါတယ်။ ငါးပိကင်နှင့်အတူ ကြက်သွန်ဖြူ၊ငရုတ်သီး၊ နဲ့ မကျီးသီးမှည့်ကိုရေနွေးစိမ်ထားတာလေးပါ ထည့်ထောင်းလိုက်ပါတယ်။ ဆီချက် လေးဆမ်းလိုက်ပါတယ်။ ပြီးတော့ ငါးပိထောင်း ပေါ်ကနေ ကြက်သွန်ဖြူပါးပါးလှီးထားတာလေးတွေ ဖြူးလိုက်ပါတယ်။ သံပုရာသီးလေးညှစ်ပြီး ထမင်းပူပူလေးနဲ့ စားလို့ ကောင်းပါတယ်။
မကျီးသီးမှည့်ထည့်ထောင်းတဲ့ ငါးပိထောင်းက အာပူလျှာပူထဲထည့်စားလို့ လည်း အဆင်ပြေပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

Shinmin said...

ကျေးဇူးပါနော်။ မကျည်းသီးမှည့်ထည့်ပြီးမထောင်းဖူးဘူး။
စားချင်စရာလေး။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online