ကြက်ကချင်ချက်


HAPPY NEW YEAR & MERRY CHRISTMAS! ပါ။
NewYear ရောက်ဖို့နီးလာ ပြီဆိုတော့ မန္တလေးရဲ့NewYear ညတွေမှာ ကချင် အမျိုးသမီး တစ်ယောက် ချက် ကျွေး ခဲ့ဖူး တဲ့ ကြက်ကချင်ချက်ကို မျှဝေလိုက် ပါတယ်။
December (31) ဆိုရင်မန္တလေးမှာ တော်တော်လေး ချမ်းနေပါပြီ။ အဲဒီလိုညမျိုးမှာ မီးပုံကြီးလုပ်ပြီး ကြက်ကချင်ချက် နှင့်အကင်မျိုးစုံ လုပ်စားကြပါတယ်။ အရမ်းချမ်းနေ တဲ့အချိန်မှာ ငရုတ်သီးရှိန်းရှိန်းလေးနဲ့ ချက်ထားတဲ့ ကြက်ကချင်ချက်အရည်သောက် လေးဟာတော်တော်လေး သောက်လို့ ကောင်းပါတယ်။
ချက်လို့ လည်းအရမ်းလွယ်ကူပါတယ်။
ကြက်သားကို အတုံးလေးတွေ ညီညီတုံးပြီး ဆား၊ဆနွင်းအနည်းငယ်၊ငံပြာရည်အနည်းငယ်တို့ 
နဲ့ နယ်ထားပါ။ ငရုတ်သီးစိမ်း အနည်းငယ်ထောင်းထားပါ။ ဗမာနံနံပင်လေးတွေကို အနေတော်ဖြတ်ထားပါ။
ပထမဦးစွာ ကြက်သွန်နီ ကိုဆနွင်းအနည်းငယ်ထည့်ပြီးဆီသတ်ပါတယ်။ ဆီအရမ်းမများမှ ကောင်းပါတယ်။
ကြက်သွန်နီနွမ်းရင် ကြက်သွန်ဖြူနဲ့ ဂျင်းရောထောင်းထားတာထည့်ပါမယ်။ ငရုတ်သီးစိမ်းထောင်းထားတာထည့် ပါမယ်။ အရောင်တင်မှုန့်  မထည့်ပါဘူးရှင်။ဆားအနည်းငယ်၊
ငါးပိပါလေကာ၊ငံပြာရည်အနည်းငယ်၊ဟင်းခတ်ကြက်သားမှုန့် အနည်းငယ် ထည့်ပါမယ်။
အဆင်သင့်နယ်ထားတဲ့  ကြက်သားထည့်ပြီး သူ့ ရေနဲ့ သူကျက်အောင် တည်ထားပေးပါ။
တစ်ရေကျက်ပြီဆိုမှ ရေနွေးထပ်ထည့်ပြီး ကြက်သားနူးအောင် တည်ထားပါတယ်။
အရည်သောက်စားမှာဆိုတော့ ရေနွေး များများထည့်တည်၊ ကြက်သားလည်းနူးပြီဆိုရင်
ဟင်းရည်ပွက်ပွက်ထဲကို နံနံပင်များများနဲ့ ငရုတ်ကောင်းခပ်ပြီး သုံးဆောင်လို့ ရပါပြီရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

Thyda said...

Thanks a lot for your recipe. I cook it today.

ThuHninSee said...

ဒီနေ့ချက်စားတယ်။ အမျိုးသားက မှိုနည်းနည်းလေးပါ ထည့်ပေးပါဆိုလို့ ထည့်လိုက်တာ စားလို့တော့ကောင်းပါရဲ့ ကချင်ချက်မဟုတ်တော့ဘူးဖြစ်သွားတယ်။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online