ခရမ်းချဉ်သီး ငါးပိချက်


အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။
ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေ ပြီး ဆီများများလေးနဲ့ ချက်ထားရင်
ဘူးနဲ့ ထည့်ပြီးရေခဲသေတ္တာထဲထည့်ထားလို့ လည်း အဆင်ပြေတယ်လေ။
ဒါကြောင့် မို့  အရင်ဆုံး ခရမ်းချဉ်သီးကို ဆားလေးသင့်ရုံထည့်ပြီး ရေခမ်းပြုတ်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကို ပြုတ်ထည့်တာကတော့ အနှစ်လုပ်ရင် ခရမ်းချဉ်သီးဖတ်ကိုချေနေစရာ မလိုတဲ့အပြင် အရသာလည်းပိုကောင်းတယ်လို့  ကျွန်မထင်ပါတယ်။ ဟင်းချက်တာက
ကိုယ့် အကြိုက်နဲ့ ကိုယ် ချက်တာဆိုတော့  အဓိက က တော့စားလို့ ကောင်းရင် ပြီးတာပါပဲ။
ကြက်သွန်နီကို နုတ်နုတ်လေးတွေလှီးထား (သို့ ) ထောင်းထားပါ။
ဂျင်း ၊ ကြက်သွန်ဖြူ ရောထောင်းထားပါ။
ကြက်သွန်နီ ကိုဆနွင်းမှုန့် အနည်းငယ်နဲ့ ဆီသတ်ပါတယ်။ ဂျင်း ၊ ကြက်သွန်ဖြူ ရောထောင်းထား တာပါထည့်ပြီး ဆီသတ်ပါတယ်။ ပျော့နေအောင်ပြုတ်ထားတဲ့ ခရမ်းချဉ်သီးကို အခွံခွာပြီး နောက် ရောထည့်လိုက်ပါတယ်။ ဆား၊ငါးပိ၊အရောင်တင်၊ပုစွန်ခြောက်မှုန့် ၊ ဟင်းခတ်မှုန့် တို့ ထည့်ပါတယ်။
ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းလေးတွေ အုပ်လိုက်ပါတယ်။ ဒါဆိုရင် လွယ်ကူအဆင်ပြေစွာ
နဲ့ ဟင်းအနှစ်တစ်ပွဲ ရရှိပါပြီရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online