ပဲကြာဇံအာလူးသုတ်


ခုတလော ထမင်းစားအရမ်း ပျက်နေတာ။ ဘာစားစား ခံတွင်းမတွေ့ ဘူး ။ အလုပ်တွေရှုတ်၊ စိတ်တွေရှုတ်ပြီး လုံးချာလည်တွေ လိုက်နေတာ။ စိတ်တွေညစ်တော့ ထမင်းစားပါပျက်ပြီး အခက်ခဲဆုံးအခြေအနေတွေကို ဖြတ်ကျော်ပြီးသည့်တိုင် ထမင်းစားပျက်နေတာ ပြန်ကောင်းမလာသေးဘူး။ ဘာမှလည်းချက်မစား ချင်တာနဲ့  အိမ်မှာအဆင်သင့်ရှိတဲ့ ပဲကြာဇံ ကိုအာလူးနဲ့ သုတ်စား ထားတာလေးကို ရေးပြီးတင်လိုက်ပါတယ်။
ပဲကြာဇံ ကိုရေ ခဏစိမ်ထားလိုက်ပါတယ်။ ပဲပုပ်ကိုမီးကင်ပြီး ထောင်းထားပါ။ တချို့ ကလည်း
ပဲပုပ်ထည့်သုတ်တာ ကိုမ ကြိုက်ကြဘူး။ ကျွန်မလည်း ပဲပုပ်စားပြီးရင် အရမ်းအိပ်ချင် လို့  နဲနဲပဲထည့် ပါတယ်။ မကျီးသီးမှည့်ကို ရေဆေးပြီး ရေနွေးလေးစိမ်ထားပေးပါ။
ရေစိမ်ထားတဲ့ကြာဇံ နဲ့  အာလူးကိုပြုတ်လိုက်ပါ။ ကြာဇံနူးပြီဆိုရင် ရေအေးလောင်းပြီး ဇကာနှင့် စစ်ထားပေးပါ။ အာလူးပြုတ်ကို ပါးပါးလေးတွေလှီးထားပေးပါ။ ပြီးရင် ပန်းကန်တစ်ခုထဲမှာ ကြာဇံ၊အာလူး၊ပဲပုပ်မှုန့် ၊ဆီချက်၊ ငံပြာရည်၊ မကျီးရည်၊ ပုစွန်ခြောက်
မှုန့် ၊ငရုတ်သီးမှုန့် တို့ နဲ့ ရောပြီးသုတ်စားလို့ ရပါပြီရှင်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလေးကိုက်ပြီး ရေနွေးပူပူလေး နဲ့ ဆိုတော်တော်လေး အဆင်ပြေပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online