အာလူးအစိမ်းသုတ်








ဒီနေ့  အာလူးအစိမ်းသုတ် သုတ်စားမလို့ စဉ်းစားမိတော့~~~~
ပထမဦးစွာ အာလူးကိုရေသေချာဆေး၊ အခွံနွှာပြီး ခြစ်နှင့် ခြစ်ရ ပါမယ်။ ပြီးရင် ရေစိမ်ထား ပါ။
ကြက်သွန်နီကို အသုတ်ထဲထည့်ဖို့ ပါးပါးလှီး ပြီး ရေစိမ်ထား ပါ။
ကြက်သွန်ဖြူ ဆီချက် ချက်ထားပေးပါ။
မြေပဲဆံထောင်းထားပေးပါ။
နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး တို့ ကိုလည်းအဆင်သင့်လှီးထားပေးပါ။
ပြီးလျှင် ရေစိမ်ထားသော အာလူးကို ရေသေချာညှစ်ပြီး ပန်းကန်တစ်ခုထဲသို့ ထည့်ပါ။
ကြက်သွန်နီ ၊ မြေပဲဆံထောင်း၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ငံပြာရည်၊ပုစွန်ခြောက်မှုန့်  တို့  ထည့် ပြီး သုတ်စားနိုင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

Editor said...

စားလို့ကောင်းမဲ့ပုံပဲ။
သွားရည်ကျသွားတယ်။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online