ငါးဖယ်ကြော်သုတ်(Fish Cake Salad)




fish cake ကို သုတ်မလို့ ပြင်ဆင်ထားပုံပါ။ ငါးဖယ်ကြော်သုတ်အလွမ်းပြေလေးပါ။
ဒီ နေ့ ညစာအတွက်ကတော့ Fish Cake ကို အသုတ် လုပ်စားမယ်လို့ စဉ်းစားလိုက်ပါတယ်..
ဘာလို့ လဲဆိုတော့  fridge ထဲမှာ ဒါပဲ ကျန်တော့ တာကိုး ။ :)

ပထမဦးစွာ fish cake တွေကို ဆီပူပူ ထဲမှာ ခဏကြော် ပါတယ်။ ဆီထဲမှာ ကြာကြာထားလျှင်
အရောင် အရမ်းရဲပြီး မလှတော့ လို့ ပါ။
ကြော်ပြီးသား fish cake တွေကို tissue နဲ့  ဆီစစ်ထားလိုက်ပါ။
အသုတ်သုတ် မယ်ဆိုတော့ ထုံးစံအတိုင်း ကြက်သွန်နီ ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ပါးပါးလှီးထားပါ။
ကြော်ပြီးသား fish cake တွေကို လည်း ပါးပါးလှီးထားပါ။
ခရမ်းချဉ်သီး မာတာလေး ကိုလည်း ပါးပါးလှီးထားပါ။
နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပုရာသီး(သို့)မန်ကျီးအရည် ၊ဂေါ်ဖီထုတ် တို့ လည်းရှိ ရမယ်နော်။
မုံလာဥနီ ကြိုက် ရင်လည်း ထည့်သုတ်ပါ။
အသုတ်ကို ဆီချက်နဲ့ သုတ်တာပဲ ကျွန်မ က ကြိုက်ပါ တယ်။ တစ်ချို့ ကလည်း ဆီစိမ်းနဲ့ 
သုတ်ပါတယ်။ ဒီက fish cake တွေက ချိုလွန်းလို့  ချဉ်ချဉ်စပ်စပ်ဖြစ်အောင် သုတ်စားတာက ပိုအဆင်ပြေမယ် ထင်ပါတယ်။
အကုန်လုံးစုံပြီဆိုရင် သုတ်လို့ ရပါပြီ ။ အရသာ အပေါ့ အငန် မိမိနှစ်သက်သလို ပြင်ဆင် စားသုံးနိုင်ပါပြီရှင်။ `
ဓါတ်ပုံမှာ သံပုရာသီး မထည့် လိုက်ရဘူး။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online