ဝက်သားဒညင်းသီးနှပ်


မြန်မာနိုင်ငံအလည်ပြန်သွားပြီးပြန်လာတော့လည်းအလုပ်တွေ ဆက်တိုက်ရှုပ်နေတာမို့ ဟင်း အသစ် မချက်ဖြစ်တာ တော်တော်ကြာပါပြီ။ ဒါကြောင့်မို့ မြန်မာနိုင်ငံ ပြန်သွားတုန်းက ချက်စားဖြစ်ခဲ့တဲ့ ဝက်သားနဲ့ ဒညင်းသီးနှပ်ကိုပဲ postအသစ်တင်လိုက်ပါတယ်။ ဝက်သား ပေါင်သား(သို့ )သုံးထပ်သား(၅၀)သားလောက်ဆိုရင် ဒညင်းသီး (၁၅)လုံးလောက်နဲ့  ရောရင် အဆင်ပြေပါတယ်။ မိမိအကြိုက် ကိုလိုက်ပြီး အတိုးအလျှော့လုပ်လို့ ရပါတယ်။
ဒညင်းသီးကိုပြုတ်ထားပါ။ ဓါးဖျားလေးနဲ့ ထိုးကြည့်လို့ ရပြီဆိုရင် ဒညင်းသီးကို ပြုတ်ထားတဲ့ရေကို သွန်ပြစ်ပြီး ထန်းလျှက်(၃)လုံးလောက်နဲ့ ရေကိုဒညင်းသီး မြုပ်ရုံ ထည့်ပြီးရေခမ်းအောင်တည်လိုက်ပါ။ ပြီးရင် ရေအေးဆေး၊ အခွံနွှာပြီး အခြမ်းလေးတွေခြမ်းလိုက်ပါ။
ဒညင်းသီးခြမ်းလေးတွေကို ငရုတ်ဆုံထဲကို မှောက်ထည့် ပြီး၊ ပြားပြားလေး ရအောင်ထောင်းပေးပါ။
ဒညင်းသီးကိုထောင်းပြီးချက်တာက ဝက်သားနဲ့ ရောလိုက်တဲ့ အခါမှာပိုပြီးစား လို့ ကောင်း ပါတယ်။
ဝက်သားကို ဆား၊ငံပြာရည်၊ ပဲငံပြာရည်အကြည် တို့ နဲ့ ရောနယ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ဂျင်းနဲ့အရောင်တင်တို့ ရောပြီးဆီသတ်ပါ။ ပြီးရင် နယ်ထားတဲ့ ဝက်သားထည့်ပြီး နူးအောင်တည်ပါ။
ဝက်သားနူးပြီး ဆီပြန်ခါနီးပြီဆိုရင် ထောင်းထားတဲ့ဒညင်းသီးရောပြီး ဆီပြန်ရင် ဝက်သားဒညင်းသီးနှပ်
ကို သုံးဆောင်လို့ ရပါပြီရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online