ကြက်ကင်၊ပုစွန်ကင် နဲ့ ငါးကင်




ကြက်ကင်

ကြက်ကင်လုပ်ရတာအရမ်းကိုလွယ်ကူအဆင်ပြေလှပါတယ်။

ကြက်သားကစင်္ကာပူမှာဈေးအသက်သာဆုံးအသားဆိုတော့ဘာပဲပြောပြော

အပျော်တမ်းလုပ်စားတာ ပိုက်ဆံမကုန်လှပါဘူး။


ကြက်သားကင်ရင် သုတ်ရမဲ့အမှုန့် လေးတွေကလည်း အလွယ်တကူ
ဝယ်လို့ ရပါတယ်။


ကြက်သားတစ်ကောင်လုံးကို ရေဆေးပြီး
ဆား၊ငံပြာရည်အနည်းငယ်နဲ့ နယ်လိုက်ပါတယ်။

Barbecue အမှုန့် နဲ့ တစ်ကောင်လုံးကို သုတ်ပေးပါတယ်။

ကြက်သွန်ဖြူ၊ဂျင်း၊ ငရုတ်သီးစိမ်းရောထောင်းထားတာကို ကြက်သား ဗိုက်ထဲကို သွတ်ပါတယ်။

ပြီးရင် microwave မှာ (၁၅)မီးနစ်ခန့်  low level ထားပြီး ထည့်လိုက်ပါတယ်။

ပြန်ထုတ်လိုက်တဲ့အချိန်မှာ ကြက်တစ်ကောင်လုံးအသားနူးပြီဆိုရင်

gasဖိုပေါ်မှာအနံ့ လေးမွှေးအောင် ခဏကင်ပါတယ်။

ဒါဆိုရင် ကြက်ကင်မွှေးမွှေးလေးရပါပြီ။

ကြက်ကင်ရာမှာ ဒီထက်ကောင်းမွန်တဲ့နည်းလေးများရှိရင်လည်း ပြောပြပေးပါဦးနော်….

ပုစွန်ကင် နဲ့ ငါးကင်ကတော့မြန်မာနိုင်ငံမှာ လုပ်စားခဲ့တာပါ။

ပုစွန်ကင်

ပုစွန်ကင်ကတော့ ဆား၊ငံပြာရည်လေးနယ်ပြီး ဒီအတိုင်းလေးပဲ ကင်လိုက်တာပါ။

သံပုရာသီးလေးညှစ်ပြီး စားမှာပေါ့နော်။

ငါးကင်

ငါးကင်ကတော့ တိလားပီးယားငါးကို ကင်စားရင် အကောင်းဆုံးပါဘဲ။

မြန်မာနိုင်ငံမှာဆိုရင်ကင်ဖို့ လို့ ပြောပြီးဝယ်ရင် ငါးကို

သေချာ ကိုင်ပြီးမွှန်းပေးလိုက်ပါတယ်။

ငါးကင်တဲ့နေရာမှာငါးဗိုက်ထဲကိုသေချာမဆေးရင်

ခါးတတ်ပါတယ်။

ငါးဗိုက်ထဲကို ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းရှမ်းနံနံ၊ပင်စိမ်း၊ဖက်ဖယ်ရွက်

ရောထောင်းထားတာကိုထည့်ပါတယ်။

ငါးကင်ရင်သုတ်တဲ့အမှုန်လေးတွေရှိတယ်လေ။

မြန်မာနိုင်ငံမှာဘာခေါ်လဲမသိဘူး၊

တရုတ်သံနဲ့ခေါ်တာ(သိရင်ပြောပေးပါ)။

ကျွန်မကတော့ တရုတ်တန်းမှာ အကင်သုတ်တဲအမှုန့် ဆိုပြောပြီးဝယ်လိုက်တာပါဘဲ။

မီးဖိုပေါ်မှာ ဆီနည်းနည်းကိုကျက်အောင်တည်ပြီးအဲဒီအမှုန့်ကိုထည့်ပါတယ်။

အဲဒါလေးကို ငါးပေါ်မှာသုတ်ပြီး ကင်ပါတယ်။

ဟိုဘက်ဒီဘက်အကျက်ညီအောင်လှန်ပြီးကင်ပေးရပါမယ်။

တကယ့်ဆိုင်ကြီးတွေကအကင်လောက်စားလို့မကောင်းပေမဲ့

တော်တော်တန်တန်အကင်ဆိုင်ထက်တော့စားလို့ကောင်းပါတယ်။

ဈေးသက်သက်သာသာနဲ့ ပေါပေါစားလို့ ရတယ်လေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 comments:

ဇနိ said...

ကြက်ကို ကင်တာတော့ မတတ်ဘူး - စားတာတော့ ဘယ်လိုနေနေ စားတတ်တယ်..း)

ThuHninSee said...

ovenနဲ့ကင်တာ ပိုမိုက်တယ်။

ဆောင်း said...

ကြက်သားကို ပျားရည်၊ ပဲငံပြာရည်၊ (တရုပ်မဆလာ)၊ ကြက်သွန်မိတ်နဲ့ တညနှပ်ပြီး ကင်ခါနီးမှာ Hosin sauce (BBQ sauce)ထပ်သုတ်ပြီး ကင်ကြည့်ပါ လားဟင်။ အဆင်သင့်လုပ်ထားတာ ၀ယ်လို့ရလို့ ကိုယ်တိုင်တော့ မလုပ်ဖူးပါဘူး။ ready to bake (readymade) ထဲက sauce အရသာက အဲဒါတွေ ပါတယ်ထင်လို့ပါ။ ကြက်တကောင်လုံး မစမ်းဘဲ ကြက်သား အနည်းငယ် နဲ့ စမ်းကြည့် ပါလား။

subuueain said...

ကျေးဇူးပါမဆောင်းရေ စမ်းကြည့်ဦးမယ်။
အိမ်မှာ oven မရှိဘူး မသုနှင်းဆီရေ :)
ဘယ်လိုနေနေ စားတတ်တာလည်း ကောင်းတာပဲ :)

Unknown said...

ငါးကင်မှာပါတဲ့ Ingredient လေးတွေ English လို ဖော်ပြပေးပါ။ ကျေးဇူးတင်ပါတယ်။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online