နေ့ လည်ခင်းတွေမှာဆို သူငယ်ချင်းများနဲ့  အပျင်းပြေ အသုတ်စုံ လုပ်စားရတာ
ပျော်စရာ တစ်မျိုးကောင်းလှပါတယ်။ အသုတ်ဆိုတာကလည်း အများနဲ့ စားမှ
စားလို့ ပိုကောင်းတာမလား။
သင်္ဘောသီးကို ထိပ်တိ၊ ထက်ခြမ်းခြမ်း ပြီး အထဲကအစေ့ တွေထုတ်ပြစ်ပါတယ်။
ပြီးရင် အခွံနွှာပြီး ခြစ်နဲ့ ခြစ်ပါ။ သင်္ဘောသီးဖတ်လေးတွေကို ရေစိမ်ထားပေးပါ။
ဒီနေ့ သုတ်တဲ့ အသုတ်ကတော့ မုန့် ဟင်းခါးဖတ်၊ ကြာဇံ၊
ခေါက်ဆွဲဖတ်တို့ အလွယ်တကူမရှိလို့ မပါ ပါဘူးရှင်။
တို့ ဖူးကို တော့ ပဲမှုန့် အစိမ်းကို ကျိုပါတယ်။
ပဲမှုန့် အစိမ်းကို ရေအေးနှင့် ရောပြီးသေချာပျော်အောင်ဖျော်ပေးပါ။
ရေများမှာကို မစိုးရိမ်ပါနဲ့ ။
ပဲမှုန့် အလုံးလေးတွေကျန်နေရင် တို့ ဖူးကျိုရတာ အဆင်မပြေပါဘူး။
ပဲမှုန့် အလုံးလေးတွေ မကျန်အောင် လက်နဲ့ သေချာခြေပေးပါ။
နနွင်းမှုန့် အနည်းငယ်ထည့်ပေးပါ။ပြီးရင် မီးဖိုပေါ်တင်ပြီး ဇွန်းနဲ့ 
ဆက်တိုက်မွှေပေးပြီး ကျိုပါ။ တို့ ဖူးအရမ်းပြစ်လာပြီဆို ပန်းကန်
သန့် သန့် တစ်လုံးထဲမှာ ထည့်ပြီး အအေးခံထားပါ။
ဆီချက် ချက်ပေးပါ။
ကျွန်မက တော့ ဆီချက်ထဲကို ကြက်သွန်နီရောကြက်သွန်ဖြူ ရော ရောချက်လိုက်ပါတယ်။
အချဉ်အတွက်ကတော့ မကျီးသီးမှည့်ကို ရေဆေးပြီး ရေနွေးလေးစိမ်ထားပေးပါ။
ပဲတောင့်ရှည်(long bean) နဲ့  ပဲပင်ပေါက်ကို ရေနွေးဖျောပေးထားပါ။
ပြီးရင် ပါးပါးလှီးထားပေးပါ။
အာလူးပြုတ်ထားပေးပြီး ပါးပါးလှီးထားပေးပါ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ထည့်နယ်မဲ့ဇလုံထဲကို သင်္ဘောသီးဖတ်လေးတွေကို
ရေစင်အောင်ညှစ်ပြီးထည့်ပါ။ တို့ ဖူးလေးတွေ ပါးပါးလှီးထည့်ပါ။ ပါးပါးလှီးထားပေးသော
ပဲတောင့်ရှည်(long bean) နဲ့  ပဲပင်ပေါက်၊ အာလူးပြုတ်တို့ ထည့်ပါ။
ပဲမှုန့် ၊ပုစွန်ခြောက်မှုန့် ၊ကြက်သားမှုန့် ၊
မကျီးသီးမှည့်ရည်၊ ငရုတ်သီးမှုန့် ၊ငံပြာရည်၊ဆီချက်တို့ ထည့်ပြီး နယ်ပေးပါ။
ဒါဆိုရင် အရသာ ချဉ်ငံစပ်နဲ့ အသုတ်စုံရပါပြီနော်။