အမေ့လက်ရာလေးတွေ(၂)





ငါးနှင့်တောင်အော်ရွက်

အမေ့လက်ရာတွေထဲမှာ ငါးနှင့်တောင်အော်ရွက်ကို အရည်စပ်စပ်လေး
နဲ့ ရောချက်တာကလည်း တော်တော်လေး စားကောင်းပါတယ်။
တောင်အော်ရွက်ကို ဆူးပန်းရွက်နဲ့ မှားပြီးခေါ်ကြလို့ ဓါတ်ပုံတင်ပေးလိုက်ပါတယ်။
အမေက တောင်အော်ရွက်တော်တော်ကြိုက်တယ်။ ငါးနဲ့ ရောချက်တယ်။ တို့ စားတယ်။ ချဉ်ရည်ဟင်းလည်းချက်စားတယ်။ ငါးနဲ့ ချက်စားရင် မွှေးမွှေးလေးနဲ့ 
တော်တော်ကောင်းတယ်။
ဘာငါးနဲ့ စားစားကောင်းပါတယ်။
အိမ်မှာတော့ ငါးမြင်းနဲ့ ချက်စားပါတယ်။
ငါးကို ရေသေချာဆေးပြီး ဆား၊နနွင်းမှုန့် ၊ငံပြာရည် အနည်းငယ်
တို့ နဲ့ နယ်ထားပေးပါ။
တောင်အော်ရွက် ကို ရေဆေးထားပေးပါ။
ကြက်သွန်နီဆီသတ်ပါ။ ကြက်သွန်နီနွမ်းရင် ကြက်သွန်ဖြူ
နှင့် ဂျင်းရောထောင်းထားတာထည့်ပါ။ ခရမ်းချဉ်သီးလှီးထားတာ ထည့်ပါ။ဆား၊အရောင်တင်၊ငါးပိအနည်းငယ်ထည့်ပြီး အနှစ်လုပ်ပါ။
နောက်ပြီး ငါးကိုထည့်ပါတယ်။သူ့ ရေလေးနဲ့ သူ ငါးလေးကို တစ်ရေကျက်စေပြီးမှ
ရေထပ်ထည့် ပေးပါ။အရည်စပ်စပ်လေးနဲ့ လိုချင်တဲ့ အနေအထားရောက်ပြီဆိုမှ တောင်အော်ရွက်အုပ်လိုက်ပါတယ်။
နံနံပင်ပါ ရောထည့်လည်းရပါတယ်။ တောင်အော်ရွက်နွမ်းသွားရင် စားလို့ ရပါပြီရှင်။

BONUS..


ဒါကတော့ မန်းလေးတုန်းက မမဝယ်ကျွေးတဲ့ korea ထမင်းလိပ်နဲ့ ပဲခေါက်ဆွဲပါ။ မန်းလေးမှာ Korean Restaurant အသစ်ရှိတယ်တဲ့။ ပဲခေါက်ဆွဲ ကောင်းတယ်လို့ ပြောကြတယ်။ ကျွန်မတော့သိပ်မကြိုက်လှပါဘူး။ သူတို့ ကတော့ကြိုက်တယ်တဲ့။ ထမင်းလိပ်တော့ကောင်းတယ်။ အမှတ်တရ လေးပေါ့နော်။ ကင်ချီတော့ ဓါတ်ပုံမရိုက်လိုက်မိဘူး။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

6 comments:

Anonymous said...

ရေညိုထမင်းလိပ်နဲ့ ပဲခေါက်ဆွဲ လာစားသွားပါတယ်။

subuueain said...

ကျေးဇူးနော် chan

nu-san said...

ငါးနဲ့ အရွက် အရည် ချက်လေး စားချင်လိုက်တာ.. :D

subuueain said...

စားသွားပါနော် အမ nu-san

လင်း said...

တောင်အော်ရွက်လို့ ခေါ်တာလား။
တချို့ ကလဲ တာအိုးရွက်တဲ့နော်။ လင်းကတော့ ဟပ်ချီပိုးလို့ ခေါ်တယ် ( အဖွားခေါ်သလိုလိုက်ခေါ်တာ) ဘယ်လိုပဲခေါ်ခေါ်ပါလေ။ လင်းကအဲဒိအရွက်ကို အရမ်းကြိုက် ။ ဟော့ပေါ့ထဲလဲ ထည့်စားကြတယ်နော်။ ဟင်းတော့ ချက်မစားဖူးဘူး ။ စားကြည့်အုန်းမယ်

subuueain said...

အင်း တာအိုးနဲ့ တောင်အော်နီးစပ်တယ်။ လင်းရေ ဘာပဲဖြစ်၂ စားလို့ တော့ကောင်းတယ်
:)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online