ကြက်အဆီဖူးကြော်


ကျွန်မတို့ နယ်မြို့ လေးတစ်မြို့ မှာနေတုန်းက ကြက်အဆီဖူးကို သတ်သတ်ရောင်းတာ မရှိပါဘူး။ ကြက်တစ်ကောင်လုံးဝယ်မှ တစ်ခုပဲ စားရတာပါ။ အဲဒီတုန်းကဆို ကြက်အဆီဖူးကြော်ကို
အလှူတွေရှိမှ စားရပါတယ်။ အလှူတွေရှိမှ ကြက်တွေအများကြီးဝယ်ရတော့ အလှူကြီးရက်အတွက် ကြက်သားတုံး လှလှလေးတွေ တုံးပြီး ကျန်တဲ့  အဆီဖူးလေးတွေကို အလှူကြီးမတိုင်ခင် ရက်မှာ
ကြော်ပြီး ကျွန်မတို့ ကလေးတွေကို ကျွေးပါတယ်။တကယ်တော့ ချက်တဲ့ပြုတ်တဲ့သူတွေ ညဟင်းချက်ကြရင်း
အရက်နဲ့ မြည်းကြတာပါ။အတုံးမလှတဲ့ကြက်ရိုးတွေကိုတော့ ဘူးသီးနဲ့ ရောချက်ပြီး ကူညီလုပ်ကိုင်ပေးတဲ့သူတွေကို ကျွေးပါတယ်။ အဲဒါကြောင့်ကြက်ရိုးနဲ့ ဘူးသီးရောတာကို အလှူဟင်း၊ သားပြွန်းဟင်းလို့ တစ်ချို့ က ပြောကြပါတယ်။မန္တလေးမှာတော့ အဆီဖူးကို အကင်ဆိုင်တွေမှာ စားရတာ တော်တော်ကောင်းပါတယ်။
ကျွန်မတို့ အိမ်မှာတော့ ရိုးရိုးပဲ ကြော်စားပါတယ်။ တစ်ချို ကအဆီများလို့ မကြိုက်ကြပါဘူး။
ကြက်အဆီဖူးကို ရေစင်စင်ဆေး၊ ဆားနည်းနည်း၊နနွင်းနည်းနည်းနယ်ပြီး ကြော်ပါတယ်။ ရွှေဝါရောင်သမ်းလာရင် ဆယ်ပြီး tissue လေးနဲ့ ဆီဆစ်ထားပေးပါ။ ဂျင်း၊ ကြက်သွန်ဖြူကို အမြောင်းလေးတွေလှီးပြီး ကြော်ထားတာလေးကို ရောပြီး ပန်းကန်ထဲ ထည့်လိုက်ပါတယ်။ ဒီအတိုင်းစားလည်းကောင်း၊ ထမင်းပူပူလေး ဆီဆမ်းပြီး စားလည်းကောင်းပါတယ်။ မြည်းချင်တဲ့သူများလည်းမြည်းလို့ ရပါတယ်နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

13 comments:

Ko Boyz said...

ကြိုက်လို့ လာမြည်းသွားပါတယ်။ ရွှေခိုင်မှာ ဘီယာသောက်တိုင်း မဖြစ်မနေ မှာစားတတ်တဲ့ အမြည်းတစ်ခုပါ..။
ကျေးဇူးတင်ပါတယ်...။ ဟိ

Andy Myint said...

ကြက်အဆီဗူး ကြိုက်တော့ ကြိုက်တယ်.. အဆီများလို့ နောက်ပိုင်း မစားဖြစ်တော့ဘူး။ ကြက်အဆီဗူးကို ကိုင်ရင် (ဆေးကြောရင်) အပေါ်ဘက်က အ၀ါရောင် အဆီတွေပါတတ်တဲ့ အဖုလေးနေရာကို ဓါးနဲ့ လှီးထုတ်လိုက်ရင် အနံ့ဆိုးတွေ မရနိုင်ဘူးလို့ ပြောတယ်။

မိုးကောင်းသူ said...

အယ်.........စုဘူးရေ ဆီဖူးကဘယ်မှာ ၀ယ်ခဲ့တာတုံး။ အစ်မက အရမ်းကြိုက်တယ်။ ဆီဖူး၊ တောင်ပံ၊ လည်ပင်း၊ ခြေထောက် အကုန်ကြိုက်

သက်ပိုင်သူ said...

ဟွန့် မစားဘူး.... မေမေက အနော့်ကို ငယ်ငယ်က .. စကားမပြောလို့ဆိုပြီး.. ကြက်ဆီဘူးကြီးပဲကြွေးတာ... ၅နှစ်အထိ... မုန်းလိုက်တာ

subuueain said...

koBoyz>>အမြည်းကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်ရှင် :)
ko Andy Myint>>မြန်မာနိုင်ငံမှာတုန်းကတော့အဆီဖူးဝယ်ရင်
စောင်း၂လေးဖြတ်ထုတ်လိုက်တာ အဲဒါလေးနဲ့ တူတယ်။ ခုတော့ရေဆေးပြီးကြော်စားလိုက်တာ
သတိတောင်မရဘူး။ဟီးဟီး။နောက်တခါကြော်စား
မှ လှီးပစ်ဖို့ သတိထားရမယ်။ကျေးဇူးပါရှင်။
မမိုးကောင်းသူ>>မမ shop n save မှာဝယ်လို့ ရတယ်။ ဈေးအရမ်းချိုတယ် :)
သက်ပိုင်သူ>>ခု စကားအရမ်းတတ်နေပြီပေါ့လေ :D

စူးနွယ်လေး said...

မီးမီး ကြိုက်ကြိုက်!!!!

subuueain said...

စူးနွယ်>>ကြိုက်ရင် အကုန်စားသွားလို့ ရပါတယ်နော် :)

nu-san said...

ညီမလေးကြော်ထားတာ ကြည့်ရတာ စားချင်စရာ.. အမ မစားကြည့်ဖူးသေးဘူး.. စားကောင်းမယ့်ပုံပဲ.... :)

subuueain said...

မမနုစံ>> အဝသာစားသွားပါ မမ :)

ဇနိ said...

ကျနော်လည်း ကြိုက်တယ်ဗျ.. မြန်မာပြည်မှာတုန်းကတော့ အခုတ်တရ မစားဖူးဘူး..

Nu Thwe said...

စားချင်လိုက်တာ။ ၀လွယ်နေလို့ မစားရဲဘူးး(

Maung Yin said...

သိပ်ကြိုက်တာဘဲ။ စကားမစပ် အမြည်းအနေနဲ့ စားလို့ ရတာ သေချာပါတယ်နော်။ ဟဲဟဲ..... ကျေးဇူးပဲ။

ကိုလူထွေး said...

ပြန်ပေါ်လာသေးတယ်နော်...

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online