ဆိတ်သားနှပ်



ဆိတ်သားကို ပထမဦးစွာ အရိအရွဲ တွေ စင်အောင်ဓါးချွှန်လေးနဲ့ လှီးပြီး သန့် ထားပါမယ်။

မန်ကျီးသီးမှည့် ကို ရေနွေးစိမ်ပြီး အနှစ်လုပ်ထားပေးပါ။

ဆိတ်သားတုံးများကို မန်ကျီးသီးမှည့်နဲ့ နယ်ပြီး နှစ်ထပ် သုံးထပ်ဆေးပေးပါ။

နောက်ပြီးဆိတ်သားကို ရေစင်အောင်ပြန်ဆေးပြီး ဂျင်းထောင်းရေနဲ့ နယ်ပြီး နှပ်ထားပေးပါ။

ဆား၊ နနွင်း၊ ငံပြာရည်တို့ ပါရောနယ်ပါ။

ကြက်သွန်နီဥကြီး (၄) ဥလောက်ကို ပါးပါးလေးတွေလှီးပြီး ရွှေဝါရောင်သန်းလာ

သည်ဆီများများနဲ့ ကြော်ပါ။

ကြက်သွန်ကြော်တစ်ဝက်ကို သတ်သတ်ဖယ်ထားပါ။

ကျန်တစ်ဝက်ကို ဂျင်း၊ကြက်သွန်ဖြူထောင်းများများ၊ကရဝေးရွက်

၊သစ်ဂျပိုးခေါက်၊တို့ ရောထည့်ပြီး ဆီသတ်ပါ။ထို့ နောက် နှပ်ထားသော ဆိတ်သားကို ထည့်ပါ။

အရောင်တင်၊ဆား၊ငံပြာရည်အနည်းငယ် ထည့်ပြီး ထည်တားပေးပါ။

ရေနည်းနည်းချင်းစီထည့်ပြီး မီးအေးအေးလေးနဲ့ နှပ်ထားပေးပါ။

ဟင်းအိုးချခါနီးရင် မဆလာလေးအုပ်လိုက်ပါ။

မညှီဘဲ စားလို့ ကောင်းတဲ့ ဆိတ်သားနှပ်ရပါပြီ။ ဟင်းကျက်ပြီဆိုမှ

ကြော်ထားတဲ့ ကြက်သွန် နီကြော်ကို

ရောလိုက်ပါ။ အနှစ်များများ ချိုချိုလေးနဲ့ စားလို့ ကောင်းပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online