မန်ကျီးသီးစိမ်းကြော်


မန်ကျီးသီးစိမ်းလေးများကို ထိပ်နှစ်ဘက်ခြွေပြီး ရေဆေးပါ။ ထို့ နောက် ငရုတ်ဆုံတွင် ထည့်ထောင်းပါ။ ငရုတ်ဆုံမှာထည့်ထောင်းတဲ့အခါ ဆားလေးထည့်ထောင်းပေးပါ။ မန်ကျီးသီးအရောင်မမည်းသွားစေရန်ဖြစ်ပါတယ်။
ကြက်သွန်နီ၊ဖြူဆီသတ်၊ ငါးပိလေးနည်းနည်းထည့်၊ပုစွန်ခြောက်မှုန့် ၊ အရောင်တင်လေးထည့်ပြီး ထောင်းထားသော မန်ကျီးသီးစိမ်းထည့်ပါ။ ရေလုံးဝမထည့်ရပါ။ ရေထည့်လိုက်ရင် ချွဲသွားတတ်ပါတယ်။ မန်ကျီးသီးကို ဟိုဘက်ဒီဘက်လှန်ပြီးရင် ဟင်းအိုးချလို့ ရပါပြီ။ ငရုတ်သီးစိမ်းကြိုက်တတ်ရင် ဟင်းအိုးချခါနီး အုပ်လိုက်ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

မိုးကောင်းသူ said...

အချဉ်ဆို ဘာလုပ်လုပ်စားမယ်ကွယ်။ ဟိုနေ့က ပင်နီဆိုလာမှာ မန်ကျည်းသီးစိမ်း တော့တွေ့ခဲ့တယ်။ မလတ်လို့ မ၀ယ်ခဲ့ဘူး။ ဒီကနေပဲ စားသွားမယ်နော်။

rose of sharon said...

မန်ကျည်းသီးစိမ်းကြော်ကြိုက်တယ် တို့ဖူးသုတ်လဲစားချင်တယ်...

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online