ပုစွန်ဆိတ်ဘာလချောင်ကြော်


ပုစွန်ဆိတ်လေးများကို ရေစင်စင်ဆေးပြီး ရေစစ်ထားပါ။
ပုစွန်ဆိတ်လေးတွေက သေးလွန်လွန်းလို့ ဘာမှသင်စရာမရှိပါဘူး။
wet market ကနေ တစ်ပန်းကန်ကို s$3.5 နဲ့ဝယ်လာတာပါ။
ကြက်သွန်နီ ကိုပါးပါးလေးတွေလှီးပြီး လင်ပန်းထဲဖြန့် ထည့်ပြီး
ခြောက်သွေ့ သွားစေရန် တစ်ရက်လောက်နေပြလိုက်ပါ။
အချိန်မရ၊ နေပြစရာနေရာ မရှိသူများလည်း ကိစ္စမရှိပါဘူး။
ဒီအတိုင်းဘဲ ကြော်မှာပေါ့နော်။ အိုးတစ်လုံးထဲကို ဆီများများထည့်ပြီး
ကြက်သွန်နီကို ရွှေဝါရောင်သန်းလာသည်အထိကြော်ပေးပါမယ်။
ပြီးလျှင် ကြက်သွန်နီကို သတ်သတ်ဆယ်ယူထားပါမယ်။
ထို့ နောက် ဆီအိုးထဲကို ပုစွန်ဆိတ် ထည့်ကြော်ပါမယ်။
ဆားနည်းနည်း၊ ငရုတ်ကြမ်းမှုန့၊ ကြက်သားမှုန့် (အချိုမှုန့် အစား) ထည့်ပါမယ်။
အိုးချခါနီးရင် ကြက်သွန်ဖြူထောင်းထားတာလေးထည့်ပြီး နှစ်ချက် သုံးချက်လောက်အိုးမွှေပေးပါ။
အိုးချပြီးနောက် ကြော်ထားသော ကြက်သွန်နီနှင့်ရောမွှေလိုက်ပါ။
ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်ပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

8 comments:

ကိုလူထွေး said...

ကောင်းတယ်...
ပဲဟင်းနဲ့ ဆိုပိုလိုက်မယ်...
းဝ)

သက်ပိုင်သူ said...

ကိုလူထွေး... ပဲဟင်းချက်ကြွေးလေး)

Ko Boyz said...

ပုရွက်ဆိတ် ဘာလချောင်ကြော်ပဲ ဖတ်ဖတ်မိနေတယ်။ :D

nu-san said...

စားကောင်းမယ့်ပုံပဲ.. အမ အဲဒီလို ကြော်စားကြည့်ဦးမယ်.. :)

ThuHninSee said...

ကြော်ပြီးသာကြက်သွန်ကြော်ပဲ သုံးဖြစ်တယ်။
မမွှေးဘူး။ ကြော်ရတာ အနံ့ထွက်လွန်းလို့ အဲဒါပဲသုံးဖြစ်နေတယ်။
ဟိုလူကြီးကလဲ ပုစွန်ဆိတ်ပါဆိုနေ.. ဘာပုရွတ်ဆိတ်လဲ.. လူပျိုကြီးတွေ တယ်ခက်တာပဲ။

လုလု said...

အိမ်မှာတော့ ပုဇွန်ဆိတ်လေးတွေကို အဲ့ဒီလိုကြော်ရင် တူမလေးတွေကို ပုဇွန်စုတ်ဖွားကြော်လို့ ပြောကျွေးမိတယ်။ ပုဇွန်က နှုတ်ခမ်းမွှေးလေးတွေက စုတ်ဖွားလေးတွေ ဖြစ်နေတာမို့လေ့ 
မမလုကတော့ ချဉ်ပေါင်ကို ပုဇွန်ဆိတ် ရုံးပတီသီး မျှစ်နဲ့ ငရုတ်သီးစိမ်းနဲ့ ခပ်ပျစ်ပျစ်လေး ချက်ထားတာနဲ့ နယ်ပြီး စားပစ်လိုက်ချင်တယ်

JuneOne said...

သရေကျသွားပြီ။

khin oo may said...

ဒါလလဲ ကြိုက်တယ်။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online