ရုံးပဒီသီးပဲငါးပိအစပ်ကြော်


ရုံးပဒီသီးကို ရေဆေးပြီး ထိပ်နှစ်ဘက်တိထားပါတယ်။
ပြီးတော့ စွေစွေလေးတွေ လှီးပါတယ်။ ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါတယ်။
ရုံးပဒီသီး တစ်ပန်းကန်စာအတွက် ပဲငါးပိ ကို ထမင်းစားဇွန်းနဲ့ 
တစ်ဇွန်းထည့်ပါတယ်။ ပဲငါးပိ အစပ်ကို သုံးထားပါတယ်။
ဆားနည်းနည်းထည့်ပြီးရင် ရေနွေးလေး နည်းနည်းထည့်ပါ။
ရုံးပဒီသီးနပ်ရင် စားလို့ ရပါပြီရှင်။
ထမင်းမြိန်စေတဲ့ အသားလွတ်ဟင်းတစ်မျိုးပါ။
ယနေ့ ဝါဆိုလပြည့်နေ့ မှာ ကျွန်မဘုရားကို ချက်ပြီးကပ်ခဲ့တဲ့
အသားလွတ် ဟင်းတွေထဲက တစ်မျိုးပါ။
အသား၊ငါးတွေ မစားချင်တဲ့ အခါမှာ စပ်စပ်လေးနဲ့ ခံတွင်းလိုက်တဲ့
အသားလွတ်ဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

6 comments:

Shinlay said...

ပဲငပိနဲ့ တခါမှမစားဘူးသေးဘူး။
လုပ်စားအုံးမယ်။

ဂျူနို said...

ရုံးပတီသီးကိုတော့ ကြိုက်ကို ကြိုက်တာ
ဘယ်လိုလုပ်စားစား ကြိုက်တယ်
ငါးပိအစပ်ကြောက်လဲ ကြိုက်တယ်

စန္ဒကူး said...

ရုံးပတေသီးအရမ်းကြိုက်တယ်..
စုဘူး idea ကောင်းတယ်.. ပဲငပိနဲ့ကြော်တာတစ်ခါမှ မစားဖူးဘူးသိလား.

မိုးကောင်းသူ said...

အဲလိုလေးကြော်စားကြည့်မယ်။ နည်းသစ်များများရလေ ကောင်းလေပဲ။ ဒါမှ ဟင်းချက်ရတာ မစဉ်းစားရတော့ဘူး။

rose of sharon said...

သြော်...အဲလိုလဲလုပ်စားလို့ရတာမသိဘူး...
စမ်းကြည့်အုန်းမယ်

sskyAw said...

really nice!!! wanna eat .. :)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online