ကြောင်လျှာသီးသုတ်




ကြောင်လျှာသီးကို ချက်စား၊သုတ်စား၊ မီးကင်ပြီးတော့ ငါးပိရည်ဖျော်နဲ့ လည်း
အတို့ အဖြစ်စားကြပါတယ်။ blog မှာ peninsular မှာကြောင်လျှာသီးကို
တွေ့ ရင်ပြောပါလို့ အကူအညီတောင်းထားလိုက်တာ
vista ကျေးဇူးကြောင့် ကြောင်လျှာသီးဝယ်လို့ ရလာပါပြီ။ vista ပြောတဲ့ မန္တလေးရောင်းဝယ်ရေးဆိုတာ ရှာမတွေ့ လို့ တွေ့ တဲ့ဆိုင်ကဘဲ ၃တောင့်ဝယ်လာခဲ့တယ်။နုနုလေးတွေပါဘဲ။ တစ်တောင့်ကို ၁.၅၀ ဘဲပေးရတယ်။ တန်ပါတယ်။ဘာဘဲပြောပြော ဝယ်လို့ ရတာကိုက ကောင်းလှပါတယ်။(vista ကိုကျေးဇူးတင်ပါတယ်နော်)
ပထမဝယ်လာတဲ့ထဲက တစ်တောင့်ကို သုတ်စားဖို့ ပြင်ဆင်ပါတယ်။
ကျန်တဲ့ နှစ်တောင့်ကိုတော့ ချက်စားမယ်စိတ်ကူးထားပါတယ်။
ပြင်ဆင်ရန်…
ကြောင်လျှာသီးကို ထိပ်နှစ်ဘက်တိပါ။ ပြီးရင် ကြောင်လျှာသီးမျက်နှာပြင်နှစ်ဘက်လုံးကို
ဓါးနဲ့ ခြစ်ပါ။နောက် ကြောင်လျှာသီးတစ်တောင့်လုံး ကို ရေဆေးပါ။ ပြီးနောက် ကြောင်လျှာသီးအတွင်းထဲမှ
အဖြူဖတ်များကို ထုတ်ရန်အတွက် တစ်တောင့်လုံးကို အပိုင်း လေးပိုင်းလောက်ပိုင်းလိုက်ပါ။ ပိုင်းထားသောကြောင်လျှာသီးများကို တစ်ခုချင်းဆီ ဘေးလေးကနေ ဓါးနဲ့ ခွဲပြီး အထဲမှ
အဖြူဖတ်လေးများ ထုတ်ပစ်လိုက်ပါ။ ကြောင်လျှာသီးအပိုင်းများကိုဓါးနဲ့ ရိတ်ရိတ်လေးရစေရန်လှီးပါ။ ထိုလှီးထားသောကြောင်လျှာသီးများကို ဆား နဲ့ နာနာလေး ပွတ်ပြီးဆေးပေးပါ။
ပြီး ဆားများပြောင်တဲ့အထိရေ သေချာဆေးပါ။ ထို့ နောက်ကြောင်လျှာသီးဖတ်လေးများကို ဇလုံတစ်လုံးအတွင်းထည့်၍ ရေနွေးပွက်ပွက်ဆူလောင်းထည့်ပြီး (၅)မီးနစ်ခန့် အဖုံးအုပ်ထားပါ။
ထို့နောက် ကြက်သွန်ဖြူ၊နီ ဆီချက်ချက်ထားပါ။ မြေပဲဆံ ကို ထောင်းထားပါ။
ထည့်နယ်မည့်ဇလုံထဲကို ကြောင်လျှာသီးဖတ်၊ မြေပဲဆံမှုန့် ၊ပုစွန်ခြောက်မှုန့် ၊ငံပြာရည်၊ သံပုရာသီးညှစ်ထည့်၊ ငရုတ်သီးမှုန့် ၊ ကြက်သားမှုန့် ၊ဆီချက်တို့ ထည့်ပြီး သုတ်စားနိုင်ပါတယ်။ ကြောင်လျှာသီးသုတ်က ချဉ်ငန်စပ်လေးမှ ကောင်းတာနော်..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

8 comments:

မီးမီးချစ် said...

အလယ် က အဖြူလေးတွေ က ချိုတယ် မမရဲ့ ...
မီးချစ် ဆို အကုန်စားပစ်တာပဲ.. ကြိုက်တယ်..
သုတ်တာတော့ မစားဘူးသေးဘူး

Shinlay said...

မတွေ့ တာ၊မစားရတာကိုကြာလှပြီ။ အရမ်းကြိုက်ပါတယ်။

စန္ဒကူး said...

စုဘူးရေ.. ကြောင်လျှာသီးအရမ်းကိုကြိုက်..
မီးဖုတ်ပီးဒီတိုင်းကိုထိုင်စားတာ...
အခုတော့မစားရတာ ဘယ်နှနှစ်တောင်ရှိပီလဲ..
အလွမ်းပြေပုံလေး... ကျေးဇူးပါ

rose of sharon said...

အရမ်းကြိုက်တာ... ဒီမှာကြောင်လျှာသီးမရှိဘူး ငိုချင်တယ်... အဟင့်း(

Vista said...

စုဘူး ရေ ကြောင်လျှာသီးသုတ်က ငါနဲ. ၁ ၀က်ဆိုင်တယ်နော် ဟိဟိ

မိုးကောင်းသူ said...

vista က တစ်ဝက်ဆိုင်တယ်ဆိုရင် ကျန်တစ်ဝက်အစ်မကိုပေးနော်။ ကျန်တဲ့ ၂ ချောင်းကော ဘယ်လိုလုပ်စားမလဲ စောင့်နေတယ်။

Shinlay said...

ဒုတိယအကြိမ်လာ ငေးသွားတယ်။ °l°

လုလု said...

ကြောင်လျှာသီးသုပ်ကိုဆို အရမ်းကြိုက်ပါတယ်။
ကြောင်လျှာသီးကို အချဉ်တည်လည်း စားလို့ကောင်းတာပဲနော်။
ခါးတယ်ဆိုပေမယ့် သူခါးတဲ့အရသာလေးက ကောင်းတယ်နော်။
သွားရေယိုသွားပါတယ်နော်။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online