ကြက်သားသုတ်


ကြက်သားကို style တစ်မျိုးနဲ့ သုတ်ထားပါတယ်။ ကြက်သားကို ဆား၊ နနွင်းနည်းနည်း နယ်ပြီး
ရေခမ်းလေးပြုတ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ရေခဏစိမ်ထားပါ။ခရမ်းချဉ်သီးပါးပါးလှီးပါ။
ဂေါ်ဖီပါးပါးလှီး၊ ပဲတောင့်ရှည် ကြမ်းကြမ်းလှီး ၊ ငရုတ်သီးစိမ်းပါးပါးလှီးပါ။ ကြက်သွန်ဖြူဆီချက် ချက်ပါ။
သံပုရာသီး နုနုလေးတွေရဲ့ အခွံကိုလည်းမွှေးအောင် ပါးပါးလှီးထည့်ပါတယ်။
ဇလုံတစ်ခုတဲတွင် ကြက်သားမွှာထားသော အဖတ်လေးများ၊ ကြက်သွန်နီ ရေစင်စင်ညှစ်ပြီးထည့်၊ကြက်သွန်ဖြူ၊ ပဲသီးစိမ်း၊ဂေါ်ဖီ၊ သံပုရာဖတ်လေးများ၊ ဆားနည်းနည်း၊ငံပြာရည်၊သံပုရာရည် ရွှဲရွှဲညှစ်၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း တို့ နှင့် ဆီချက်ဆမ်းကာ သုတ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

6 comments:

စန္ဒကူး said...

စုဘူးရေ.. အဲလိုမျိုးမသုပ်စားဖူးသေးဘူး..
စမ်းကြည့်အုံးမယ်..
ကူးကူး cream ပုံတင်ထားလိုက်ပီ..

သက်ပိုင်သူ said...

သုတ်စားကြည့်ဦးမှ

Anonymous said...

မမစုဘူးလေးရေ..

မြူးလေးဖို့ ကျန်သေးလား
း)))))))))
လာပို့ ပေးနော်မမ

Anonymous said...

ရှလွှတ် ... ဂလု မမရေ ထမင်းစားပြီးမှလာတာပါ သို့သော် စားချင်တယ် စားချင်တယ် ကြိုက်တယ် ကြိုက်တယ် ... သုတ်စားမယ် အားလပ်ရက်မှာ :*

မိုးကောင်းသူ said...

ကြက်သားသုပ်စားမယ်။ စုဘူး။ အသားကို အဲလိုလေးသုပ်စားကြည့်အုံးမယ်။

nu-san said...

စားချင်စရာနော်.. အဲဒီလို သုပ်စားကြည့်ဦးမယ်... ပဲသီးပါ လှီးထည့်တယ်ဆိုတော့ စားကောင်းမှာ.. ဒီမှာတော့ ပဲသီးမရဘူး.. :(

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online