မုန်ညင်းပေါင်း




မုန်ညင်းပေါင်းကို ကျွန်မတို့ က နေ့ လည်နဲ့  ညနေ စာတတ်တဲ့အချိန်မှာ ရေနွေးကြမ်းနဲ့ တွဲပြီး စားသုံးပါတယ်။ကော်ဖီနဲ့ လည်းတွဲဖက်ပြီး သုံးဆောင်ရင်လိုက်ဖက်ပါတယ်။ မန္တလေးမှာတော့ မုန်ညင်းပေါင်းရောင်းတဲ့ဆိုင် အတော်ရှားပါတယ်။ ရေနီမြောင်းဘေးက ဝင်းစံပယ်ရယ် ၊ မန်းတက္ကသိုလ်မြောက်ဘက်ပေါက် friend လက်ဖက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးက ဈေးတန်းလေးမှာ ရပါတယ်။
ဝင်းစံပယ်က နေရာကောင်းတော့ ဈေးကြီးပါတယ်။ အဲဒီဆိုင်မှာ မှိုပေါင်းလည်းရတယ်။ တစ်ပွဲ ဘယ်လောက်လည်းတော့ မမှတ်မိတော့ဘူး။ မိန်းနားလေးက ဆိုင်ကတော့ ဖက်နဲ့ထုတ်ပေါင်းတာ။ တစ်ထုတ်မှ ၁၀၀ရယ်။ နည်းတော့နည်းတာပေါ့။ မန္တလေးမှာနေတုန်းက မုန်ညင်းပေါင်းမလုပ်တတ်ဘူး။ ကြိုက်တော့ကြိုက်တတ်တယ်။ သူငယ်ချင်းတစ်ယောက်က မုံရွာဇာတိ၊ သူ့ အမေက ကနီ ကတဲ့။ သူတို့ အိမ်မှာဆို မုန်ညင်းပေါင်း ခဏခဏ လုပ်စားတယ်။ အထက်ဘက်က ဓလေ့ တဲ့။ ကျွန်မကတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာနေပြီး ရိုးရာအစာဆို အကုန်ကြိုက် ။ မုန်ညင်းပေါင်းကို စင်ကာပူရောက်မှ လုပ်ကြည့်ဖူးတာ။ပထမဆုံး အခန်းဖော်က မိုးကုတ်က။ သူက ခဏခဏပေါင်းစားတယ်။ သူလုပ်တာကြည့်ပြီး ကျွန်မလည်း လုပ်ကြည့်တာ။ ခုတော့ အတော်လက်တက်နေပါပြီ စိတ်ချလက်ချ လိုက်လုပ်ကြည့်ပါ.. :)

လိုအပ်သောအရာများ

မုန်ညင်း (မြန်မာနိုင်ငံမှာတော့ မုန်ညင်းခါးကို လုပ်တယ်တဲ့။ ဒီမှာတော့တွေ့ တဲ့မုန်ညင်းဘဲ ဝယ်လာပါတယ်)
ဆန်မှုန့် 
ကြက်သွန်နီ အနေတော် ၂လုံး
ကြက်သွန်ဖြူ ၃မွှာခန့် 
ခရမ်းချဉ်သီး ၁လုံး
ပဲပုပ် ၂ချပ် (ကင်ပြီးထောင်းထားပါ)
မှိုခြောက် (ရေသေချာဆေးပြီး စိမ်ထားပါ။ ပါးပါးလှီးထည့်ရမည်။)
ငါးပိ ကွမ်းသီးလုံးခန့် 
ဆား ၊ဆီ အနည်းငယ်
တို့ ဖြစ်ပါတယ်။
မုန်ညင်းကို အရွယ်တော်လှီးဖြတ်ပြီး ရေစင်စင်ဆေးပြီးဇကာဖြင့်ရေစစ်ထားပါ။ ခရမ်းချဉ်ကို ပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ဖြူကို ပါးပါးလှီး (သို့ )ထောင်းပါ)။ ထို့ နောက် ဇလုံကြီးကြီးတစ်ခုအတွင်းထည့်ပြီး မုန်ညင်းများကို ဆန်မှုန့် ဖြင့်နယ်ပါ။ ဆန်မှုန့် နည်းပါက စားလို့ မကောင်းပါ။ ဆန်မှုန့် နည်းတာများတာ နယ်ရင်းနဲ့ သိသာပါတယ်။နယ်ရတာလည်း လက်နာပါတယ်။ ပြီးရင် ဆီ (နယ်လို့ ကောင်းရန်)၊ ဆားအနည်းငယ်၊ငါးပိ၊ ကြက်သွန် နီ၊ဖြူ၊ မှိုခြောက်၊ခရမ်းချဉ်၊ပဲပုပ်ထောင်းရော ထည့်ပြီး နှံ့ အောင်နယ်ပါ။ အရသာမြည်းကြည့်ပါ။ အစိမ်းနံ့တော့ရှိပါတယ်
ပြီးရင်ထမင်းပေါင်းအိုးတဲကိုရေထည့်ပြီး သူ့ ရဲ့ ပေါင်းတဲ့ အံလေးထဲကို
နယ်ထားတဲ့ မုန်ညင်းထည့်ပြီးပေါင်းပါ။
၄၅မိနစ် ၊(၁) နာရီလောက်ဆို အနံ့ လေးတွေမွှေးလာပြီး စားလို့ ရပါပြီနော်။
အစပ်ကြိုက်ရင် ငရုတ်သီးမှုန့် ထည့်ပြီး ဆီချက်လေးဆမ်းစားပါနော်။
တစ်ချို့ ကလည်းကြက်သွန်နီပါးပါးလှီးပြီးထည့်စားတတ်ကြပါတယ်။ နံနံ ၊ ကြက်သွန်မြိတ်ကြိုက်ရင်လည်း ထည့်စားနော်။
ဒီမှာလည်း မမမိုးကောင်းသူရဲ့  ဂွတ်ရှယ်မိုးကောင်းမုန်ညင်းပေါင်းပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

9 comments:

စူးနွယ်လေး said...

စားဖူးသေးဘူး..ဟင်းထုပ်လိုပဲနေမှာပဲ
ကြိုက်မယ်ဆိုတာ သေချာတယ်

မီးမီးချစ် said...

အသားရော ထည့် လို့  ရလားဟင်..
အသားပါရင် ပိုကြိုက်မှာ သေချာတယ်း))

ကိုလူထွေး said...

စားလို့ကောင်းမယ့် ပုံပဲ...

းဝ)

(စုဘူးအိမ် ဝိုင်သောက်နေသည်းP )

Anonymous said...

မရေ........
စားချင်တယ်းးးးးးးးးးးးးးးးးးးးးး
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးး
သရေကျအောင်လုတ်ရက်တယ်မ..... ရာ
သေးပြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ခုလာပို့ ပေးလို့ ရမလားဟင်မမ

စန္ဒကူး said...

စုဘူး.. လက်နာတဲ့အထိနယ်ရမှာကိုပြောတာလား.. မုန်ညှင်းက အစိမ်းလား.. အဖြူလား သိဘူး.. မုန်ညှင်းတွေရှိတယ်.. လုပ်စားအုံးမယ်..
ကျေးဇူးဘဲ..ဟင်းပေါင်းနဲ့ အရသာကွာသေးလား...

မိုးကောင်းသူ said...

စားတဲ့သူများလို့ ကျန်သေးလားဟင်။ ကော်ဖီလေးယူလာပြီး မုန့်ညှင်းပေါင်းစားနေပြီ။ နေအုံး ရေနွေးကြမ်းခွက်ပါ သွားယူအုံးမယ်။ ဒါမှ ပိုလိုက်တာ။

sskyAw said...

လာလည်သွားတယ် အစ်မရေ ...
အိမ်သစ်လေးနဲ့ လှတယ်

မဟာဆန် said...

မုန်ညင်းပေါင်းကို ကြိုက်တယ်။ မလုပ်တတ်လို့ မစားရတာ။ နည်းသိသွားပြီ။ စမ်းကြည့်အုံးမယ်။ စုဘူး ပေါင်းထားတာကြည့်ပြီး သွားရည်ယိုသွားတယ်။ ရှလွတ်။ အိမ်နီးရင် လာစားတယ်ကွာ

rose of sharon said...

မုန်ညှင်းပေါင်းနည်းလေးသိသွားပြီ.. လုပ်စားကြည့်မယ်

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online