မုန်ညင်းစော


မုန်ညင်းစောဆိုတာကတော့ မုန်ညင်းချဉ်ရေအမျိုးအစားပါဘဲ။ ဆီလုံးဝမပါဘဲနဲ့ အရသာချဉ်ချဉ်ချိုချို လေး ခံတွင်းရှင်းတဲ့ အရည်သောက်တစ်မျိုးပါဘဲ။ ချက်ရတာလည်း အရမ်းလွယ်ပါတယ်။
လိုအပ်သောပစ္စည်းများကတော့
-မုန်ညင်း ရွက် (ပေါင်းတဲ့မုန်ညင်းရွက်မျိုးပါ။ ထိုင်ဝမ်မုန်ညင်းအသေးလေးတွေကို မသုံးပါဘူး) မထူမပါးလှီးပြီးရေဆေးပြီး ဇကာနှင့်စစ်ထားပါ။
-ငါးပိ ကွမ်းသီးလုံးခန့် 
-ဆား
-သကြားဟင်းစားဇွန်း(၁)ဇွန်း
-မန်ကျီးသီးကလေး လက်သီးဆုပ်ခန့် (ဟီးဟီး ဘယ်လိုပြောရမှန်းမသိလို့ ပါ။ မင်းဂွတ်သီးအရွယ်ခန့် ပေါ့နော်)။
မန်ကျီးသီးအစေ့များကို ပါခဲ့ရင်ဖယ်ထားပါ။
-နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ကို ရိတ်ရိတ်လေးတွေလှီးပြီး ပန်းကန်တစ်လုံးထဲမှာ အပုံလေးတွေ ခွဲပုံထားပါ။
-ကြက်သွန်နီ ၁လုံး (ပါးပါးလှီးပါ)။
-ခရမ်းချဉ်သီး၁လုံး (ပါးပါးလှီးပါ)။

ဟင်းရည်အိုးထဲကို မန်ကျီးသီးလုံး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊သကြား၊ငါးပိ ထည့်ပါ။ ကျက်ပြီးသား ရေနွေးနွေးထည့်ပြီး ဟင်းရေပွက်အောင်ထည်ပါ။အချို အချဉ်ကိုတော့ မိမိအကြိုက်အတိုင်းမှန်းဆထည့်ပါနော်။ ကျွန်မကတော့ ချဉ်လွန်းတာလည်းမကြိုက်၊ချိုတာလည်းမကြိုက်မလို့ ခံတွင်းရှင်းရုံ ချဉ် ချိုလေးချက်ပါတယ်။ မုန်ညင်းထည့်ပါ။ မုန်ညင်းရွက်နူးသွားရင် ဟင်းအိုးချလို့ ရပါပြီ။ ဟင်းရေသောက်တော့မယ်ဆိုရင် ဟင်းရေသောက်ပန်းကန်ထဲကို ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းထည့်ပြီး နံနံပင်ခပ်ပြီး သောက်ပါနော်။ ငါးသလဲထိုး ကြွပ်ကြွပ်ကြော်လေးနဲ့ လိုက်ဖက်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

10 comments:

yaewoori said...

ဘာမှတော့မသိဘူး ဖတ်တော့ ဖတ်သွားတယ်

ပုံကြည့်ပီး အရသာရှိ

Swant said...

It is different version of Monyinsaw that I know. The one we called monyinsaw at home is not a soup. It is like salad. We put peanut powder and garlic oil after boiling.And also don't use ngapi n sugar but salt n kyantakar instead. This is my mom's InLay area recipe. Anyway, it's good to learn new version. Thanks.

rose of sharon said...

မုန်ညှင်းစောကြိုက်တယ်... မလုပ်တတ်လို့မစားရတာကြာပြီ... ကျေးဇူး

စန္ဒကူး said...

မုန်ညှင်းစော ခဏခဏစားဖူးတယ်..
ဒါကတော့နည်းအသစ်လေး..
လုပ်ရတာလဲလွယ်မယ့်ပုံဘဲ..
ကျေးဇူး..စုဘူးးးးးး

မိုးကောင်းသူ said...

စောစောစီးစီး မုန့်ညှင်းစောလာသောက်ပါတယ်။ မိုးလဲရွာနေတာဆိုတော့ အတော်ပဲ။ ငရုတ်သီးများများခတ်ပေးနော်။

Anonymous said...

စားမယ် နည်းရှာနေတာကြာလှပေါ့
ခုတော့ မမကိုကျေးဇူးနော်

Anonymous said...

မစားဖူးဘူး မမနည်းကိုကြည့်ပြီးတစ်နေ့လုပ်စားကြည့်ပါ့မယ်

မီးမီးချစ် said...

မိုးအေးအေး မှာ သောက်လိုက်ရရင်တော့ ရှယ်ပဲ..
လွယ်လွယ် လေး ဆိုတော့ လုပ်စားအုံးမယ်...း))

Vista said...

မြစ်ကြီးနားကို လွမ်းလာပြီ

subuueain said...

yaewoori>> ဘာပဲဖြစ်ဖြစ်လာလည်တာကျေးဇူးနော်
ss>> Thanks for your sharing.
rose of sharon>>လုပ်စားကြည့်ပါနော်မမ
ကူးကူး>> ကူးရေ လုပ်စားနော်။ ဒါက version တမျိုးပေါ့။ :D
မမိုး>>ငရုတ်သီးများများလေးနဲ့နော်
မြူး>> မြူးလုပ်စားရင်ကျွေးဦးနော်
မီးချစ်>>ကိုကိုချစ်ကို လုပ်ကျွေးမလို့လား :)
vista>> မြစ်ကြီးနားကို လွမ်းသွားပြီလား။ပျောက်နေတာကြာပြီနော်

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online