ဓညင်းခွက်ကြော်


ဓညင်းခွက်ကတော့ မြန်မာနိုင်ငံပြန်တုန်းက သူငယ်ချင်း လက်ဆောင်ထည့်ပေးလိုက်တာပါ။
အိမ်မှာ အဖေကတော့ ဓညင်းခွက်လုပ်တာ အတော်ဝါသနာပါပါတယ်။
ဓညင်းသီးပေါ်ချိန်ရောက်ရင် ဓညင်းသီးဝယ်ပြီး သဲအဖြူလေးတွေခင်း၊အပေါ်ကလည်းသဲဖြူအုပ်၊ရေလောင်း ရက်အနည်းငယ်ကြာလာရင် (သေချာအတိအကျမသိလို့ :P) အညှောက်လေးတွေ ထွက်လာပါတယ်။ ကျွန်မတော့ မလုပ်ဖူးပါဘူး။ထက်ခြမ်းခြမ်း အခွံနွှာပြီးဆီထဲထည့်ပြီး ကြော်လိုက်ရုံပါဘဲ။
အခွံမနွှာလည်း ဆီပူထဲရောက်ရင် သူ့ ဘာသာကျက်ပြီးကျွတ်သွားပါတယ်။
ဓညင်းသီးဆိုတော့ အနံ့ ကတော့ ပြင်းပါတယ်။
စင်ကာပူမှာက အများနဲ့ စုနေရတာဆိုတော့ သူများကိုတော့ အားနာစရာကောင်းပါတယ်။
စားပြီးရင် ထန်းလျှက်လေးစား(သို့ ) ဆန်စေ့လေးဝါးပေးပါ။ ပြီးရင် သွားလေးတိုက်လိုက်ပေါ့။ toiletဝင်ရင် ရေနှစ်ခါလောက်အပို ဆွဲချပေးလိုက်ပေါ့ ။ မစားတာကတော့ အလုပ်ရှုတ်သက်သာပါတယ်။ ဓညင်းသီးကို city hall မှာထက်ဈေးသက်သက်သာသာရချင်ရင်တော့ jurong west st 42 wet market နဲ့ jurong west st 52 က community club ရှိတဲ့ wet market မှာ ဝယ်လို့ ရပါတယ်။ ကျွန်မဝယ်ဖူးတာတော့ ငါးလုံးလောက်မှ 1.50$ လားဘဲ ပေးရပါတယ်။ ခုတော့ မသိ။ မဝယ်ကြည့်ရသေးပါဘူး လျှောက်သွားရင်းနဲ့ တွေ့ လို့ ပြောပြတာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

6 comments:

rose of sharon said...

ဓညင်းသီးကြိုက်တယ်...စားချင်လိုက်တာ

စန္ဒကူး said...

စုဘူးရေ.. ကြည့်စမ်း ကူးက ဓညင်းဝက်လို့ ခေါ်တယ်ထင်နေတာ.. ဓညင်းခွက် လား... အရမ်းကြိုက်တယ်.. အရမ်းးးးးး ကိုကြိုက်တယ်.. ကြော်ပီးရင်ဒီတိုင်းကိုထိုင်စားတာ.. အခုတော့မစားရတော့ဘူး.. ပုံလေးဘဲ ငမ်းတော့မယ်...

Anonymous said...

မမစုဘူးလေးရေ......
ဓညင်းခွက်လေးအိမ်လာပို့ပေးလို့ရမလားဟင်မမ
း)

မိုးကောင်းသူ said...

ဓညင်းခွက်လေး လာစားပါတယ်။ နောက်ကျသွားတယ်။

ThuHninSee said...

အိမ်ထဲမှာကင်လိုက်ရင် အနံ့လေးကို သင်းနေမှာ။
နှစ်ရက်လောက်စွဲကျန်မှာ။ အိမ်ပြင်ထွက်ကင်ရင်လဲ အိမ်နီးချင်း ပြောမယ်ထင်တယ်။ ဘီလိုလုပ်ရပါ့

ကျောပိုးအိတ် said...

ဒညင်းဝက်ကြော်။

မိုက်တယ်ရှင်
း)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online