ကျွန်မ မက်မောသော နံနက်စာများ(၁)


ကောက်ညင်းပေါင်း ပဲပြုတ်
နံနက်တိုင်း ပဲငချိပ်ပေါင်းလို့ အော်ပြီးရောင်းတတ်တဲ့ အသည်တွေကို လွမ်းမိပါတယ်။
ပဲငချိပ်ပေါင်းကို ကော်ဖီခါးခါးလေးနဲ့တွဲပြီး စားရတဲ့အရသာကို ကြိုက်ပါတယ်။
ဒီမှာငချိပ်တွေ့ တဲ့အခါ စမ်းပြီးပေါင်းကြည့်မယ်ဆိုပြီး စမ်းဖူးပါတယ်။
မချက်ခင် ရေဆေးလိုက်တဲ့အခါမှာ ငချိပ်ဟာ အရောင်တွေတော်တော် ကျွတ်ပါတယ်။
ရေဆေးလိုက်၊ အနီရောင်တွေ ထွက်လာလိုက်နဲ့ တော်တော်ကြာပါတယ်။
နောက်တော့ဝယ်ပြီးမှတော့ ငါပေါင်းကြည့်မယ်ဆိုပြီး စချက်ပါတယ်။
ပေါင်းအိုးမရှိတဲ့အတွက် ထမင်းအိုးထဲမှာ ထည့်ချက်ပါတယ်။
ထမင်းချက်သလိုဘဲ ရေလက်နှစ်ဆစ်ထည့်ပါတယ်။ မနူးပါဘူး။ရေထပ်ထည့်ပါတယ်။
ဒီလိုနဲ့ရေခွက်လေးကိုင်ပြီး ထပ်ထည့်လိုက်၊ ထမင်းအိုးခလုတ်ပြန်နှိပ်လိုက်နဲ့တော်တော်လေးကြာမှ ဆန်လုံးပျောက်ပါတယ်။
အဲဒါနဲ့ ထမင်းအိုးထဲက ငချိပ်တွေကို ပန်းကန်တစ်လုံးထဲထည့်၊ နောက်ထမင်းအိုးတစ်လုံးထဲကိုရေနွေးထည့်၊ပေါင်းတဲ့ အံလေးထဲကို
ပန်းကန်လုံးလေးထည့်ပြီး ၁၅မိနစ်လောက်ပေါင်းပါတယ်။
ငချိပ်ပေါင်းနံ့ လေးတော့သင်းလာပါတယ်။ အရသာကတော့ ဈေးသယ်တွေဆီကလို
မကောင်းပါဘူး။ အာသာပြေတော့ ကောင်းပါတယ်။ ပဲပြုတ်ကလည်းဝယ်ထားတာမရှိတော့
နှမ်းကို ဆားနဲ့ ရောထောင်းပြီး နှမ်းထောင်းလေးနဲ့ ဘဲ စားလိုက်ရပါတယ်။
ငချိပ်ချက်တဲ့ ထမင်းအိုးကတော့ ရေတစ်နေကုန်စိမ်ထားပြီးဆေးတာတောင် သိပ်မပြောင်ချင်ပါဘူး။
ဓါတ်ပုံကတော့မြန်မာနိုင်ငံမှာ စားခဲ့တဲ့ ပဲငချိပ်ပေါင်းပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

9 comments:

သက်ပိုင်သူ said...

မနက်စာ စားပြီး
ရုံးသွားပီ

ပန်းကန်တွေ ဆေးလိုက်ပါဥိး

စန္ဒကူး said...

စားချင်စရာဘဲစုဘူးရေ.. အဝေးရောက်နေတဲ့သူတွေ ကိုယ်စားချင်တာလေး ကြံဖန် အာသာပြေလုပ်စားနေရတာမဟုတ်လား...း)

ရွက်လွင့်ခြင်း said...

ကောက်ညှင်းငချိပ် လာစားသွားပါတယ်

မိုးကောင်းသူ said...

ထမင်းအိုး ခုထိစိမ်ထားရတုံးလား။ အစ်မ ထမင်းအိုးလာယူနော်။ မိုးအေးအေးနဲ့ ငချိတ်ပေါင်းနဲ့ ရေနွေးကြမ်းနဲ့ အကြော်နဲ့ စားမယ်ကွယ်။ မန်းလေး ရဲသိပ္ပံနားက အကြော်နဲ့ ကောက်ညှင်းပေါင်းတောင် စားချင်တယ်နော်။

Anonymous said...

ကြိုက်တယ် စားချင်လိုက်တာ လုပ်တော့စားသေးဘူး အမချက်တာပဲ ငေးပြီးစားသွားတယ်

စူးနွယ်လေး said...

တို့တော့ ငချိတ်ပေါင်းရင် ရေမဆေးတော့ဘူး
သန့်ရှင်းတယ်လို့ ယူဆပြီး ဒီတိုင်းပဲပေါင်းလိုက်တယ် :)

rose of sharon said...

ဟုတ်တယ်ညီမရယ်... ဒီမှာလဲအဲလိုဘဲ.. ဘယ်လိုဘဲလုပ်လုပ်ရန်ကုန်ကအရသာနဲ့ကိုမတူဘူး... ဒေသစွဲထင်ရဲ့...

မေဇင် said...

အော်..ဟိဟိ...ပုံထဲမှာ ပြထားတာကို...မမ လက်ရာထင်လို့ တယ်ဟုတ်ပါလား...ပေါင်းလို့ ရသားပဲ ထင်နေတာ....နောက်ဆုံးမှ သိတယ်..ဘာဖြစ်ဖြစ် အာသပြေ ပေါ့ မမ ရယ်...။

ကိုလူထွေး said...

ငှက်ပျောဖက်ကလေးနဲ့ ထုပ်ပြီး စားရရင်ကောင်းမယ်

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online