ပဲထမင်း ++








ပဲထမင်းကို ကျွန်မချက်တဲ့နည်းအတိုင်းမျှဝေလိုက်ပါတယ်။

ကုလားပဲကို တစ်ညကြိုတင်ပြီးရေစိမ်ထားပါမယ်။ မနက်ချက်မယ်ဆိုညကတည်းက

ရေစိမ်ထားမယ်ဆိုရင် ချက်ခါနီးမနက်မှာ ပဲကနူးနေပါပြီ။ ထမင်းအိုးထဲမှာ

သစ်ကျပိုးခေါက်၊ကရဝေးရွက်၊နာနတ်ပွင့်စတာတွေကို ဆီသတ်ပါတယ်။ ပြီးရင်ဆန်ထည့်

ရေကိုထမင်းချက်တဲ့အချိန်ဆအတိုင်း ရေလက်နှစ်ဆစ်ထည့်ပြီး ထည်ပါတယ်။

ထမင်းအိုးစတင်ပွက်လာရင်ပဲထည့်ပြီး အိုးကိုမွှေပေးပါတယ်။

ဆားသင့်ရုံထည့်ပါတယ်။ထမင်းအိုးပွက်လာတဲ့အချိန်မှာ မွှေပေးပါတယ်။ ထမင်းမာတယ်ထင်ရင်တော့

ရေနွေးနည်းနည်းထပ်ထည့်ပြီးတည်နိုင်ပါတယ် ရှင်။


ကြက်သားဟင်းရိုးရိုး

ပဲထမင်းနဲ့ တွဲဖက်စားသုံးဖို့ကတော့ ကြက်သားဟင်းပါ။

ကြက်သွန်နီ၊ ဖြူ၊ဂျင်းဆီသတ်ပါတယ်။ ဆား၊နနွင်းနယ်ထားတဲ့ကြက်သားထည့်ပါတယ်။

အရောင်တင်ထည့်ပြီးသူ့ရေနဲ့သူကုန်အောင် လုံးပါတယ်။ ပြီးမှ ရေထပ်ထည့်ပြီး

မီးအေးအေးလေးနဲ့ ကြက်သားနူးအောင်တည်ထားပါ။

အချဉ်သုတ်

အချဉ်အတွက်ကတော့ သခွားသီးကိုဘဲ စီမံလိုက်ပါတယ်။

သခွားသီးကို အတုံးလေးတွေလှီးပြီး ကြက်သွန်နီ၊ငရုတ်သီးတောင့်လှီးထည့်၊သံပုရာရည်ရွှဲရွှဲညှစ်ပြီး

ဆားထည့်နယ်ထားပါတယ်။


ငါးပိအစိုကြော်

ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီသတ်ပါတယ်။

ကြက်သွန်ဖြူပါးပါးလှီးပြီးထည့်ပါတယ်။

ကြက်သွန် နွမ်းရင် ငါးပိ၊ ငရုတ်ကြမ်းမှုန့်၊ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်ပါတယ်။


ကြက်ရိုးဟင်းခါး


ကြက်ရိုးကို ဆား၊ငံပြာရည် နဲ့နယ်ပြီးပြုတ်ပါတယ်။

ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ ဂျင်းလှီးပြီးထည့်ပါတယ်။

ပြုတ်ရည်ကျလာရင် ကြက်သွန်မြိတ် နဲ့ ငရုတ်ကောင်းမှုန့်ခပ်ပြီးသုံးဆောင်နိုင်ပါပြီ။ (ဓါတ်ပုံမှာ

ကြက်သွန်မြိတ်မထည့်မိဘူး)

အတို့အတွက်ကတော့ ပူဒီနံလေးတွေပါဘဲ။

စိတ်ကူးရတဲ့အခါချက်စားကြည့်ပါနော်။ အချိန်လည်းအဲလောက်မကုန်ပါဘူး။ ပဲကို တစ်ညရေကြိုစိမ်ရုံလေးပါဘဲ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

9 comments:

စူးနွယ်လေး said...

အဖွားချက်ပေးတဲ့ ပဲထမင်းနဲ့ တထေရာထဲပဲ..အတို့အမြှုပ်က အစတူတယ်
စားချင်လိုက်တာ
လိုက်ချက်ကြည့်မယ်

စန္ဒကူး said...

ကူးလဲချက်ဖူးတယ်..ပဲဝါနဲ့ချက်တာ.. အရမ်းတော့မကောင်းဘူး..မချက်တတ်လို့ထင်ပါတယ်လေ..
စုဘူးချက်တာစားချင်တယ်..ကုလားပဲနဲ့ ချက်တာ မစားဖူးသေးဘူးး..

မိုးကောင်းသူ said...

ပဲထမင်းကတော့ ရှယ်ဘဲ စုဘူးရေ။ မနက်စောစောစီးစီး ဗိုက်တောင်ဆာလာပြီ။

Yu Ya said...

မစုဘူးရေ... ပဲထမင်းကို မြိန်ရေယှက်ရေ... လာရောက်စားသုံးသွားပါတယ်ခင်ဗျာ။

yu ya

rose of sharon said...

အားပါးတရစားပစ်လိုက်ချင်တယ်

လုလု said...

ပဲထမင်းလေး စားသွားပါတယ်။ ပူစီနံလေးနဲ့မို့ ပိုကြိုက်တယ်။ ရှယ်ပဲ။

မေလေး said...

မမချက်မှ ဖုန်းဆက်လိုက်နော်။လာစားမယ်။ဟိဟိ

မျက်မှန်လေး said...

ဟင်းတော့တစ်ခါတစ်လေချက်တယ်။
ဒါပေမယ့် စားလို့မကောင်းတာများလွန်းလို့
ဒို့ရဲ့ အမက မချက်နဲ့တော့တဲ့။

ဟီး၂
ဟင်းချက်တတ်တဲ့သူတွေကိုအားကျတယ်။
အတုယူပြီးချက်ကြည့်ဦးမယ်.
စနေနေ့ကျရင် စုဘူးဆီက ဟင်းတွေ
မြူးဆီက ဟင်းချက်နည်းတွေ ယူပြီးထပ်ကြိုးစားကြည့်ဦးမယ်

ဝက်ဝံလေး said...

အလာနောက်ကျလို့ ကျန်သေးလား ဗျိုးးးးးးး ငှက်ကို ခွင့်လွှတ်ပါ စားနောက် သွားနောက် မန့်နောက် သေတော့ ရှေ့က ဖြစ်နေပါပြီ အဟီးးးးးးးးး

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online