အပျင်းပြေ စားရအောင်.....


နေ့ လည်နေ့ ခင်း သူငယ်ချင်းတွေစုမိတဲ့အခါ ပျင်းပျင်းနဲ့ စကားပြောရင်း တရားဟောရင်း
စားတဲ့အစာတွေပါ။

သရက်သီးသုတ်

သရက်သီးကို ထိပ်တိပြီး ရေစိမ်ထားပါ။ နောက်ထက်ခြမ်းခြမ်းပြီး ပါးပါးအမြောင်းလေးတွေလှီးပါ။ ငါးပိကင်၊ပုစွန်ခြောက်မှုန့် ၊ ငရုတ်သီးကြမ်းမှုန့် ၊ နယ်လို့ကောင်းအောင် ငံပြာရည်နည်းနည်း
ထည့်ပြီးနယ်ပါတယ်။ သရက်သီးကိုခြစ်ပြီးသုတ်တဲ့ ထမင်းနဲ့စားတဲ့အသုတ်တော့မဟုတ်ဘူးပေါ့။
အပျင်းပြေ ဝိုင်းဖွဲ့ ပြီး စားလို့ ကောင်းပါတယ် ရှင်။

လက်ဖက်သုတ်

လက်ဖက်သုတ်မယ်ဆိုရင်တော့ အရင်ဆုံးလက်ဖက်ကို ကောင်းကောင်းလေးနှပ်ထားရပါမယ်။
လက်ဖက်ကို အရွက်ကြမ်းများဖယ်ပစ်ပြီး ဆားနဲ့ဖျစ်ကာရေဆေးပါတယ်။
အညွှန့် လေးချည်းကြိုက်ရင်တော့လက်ဖက်ရွက်ကို ဒီအတိုင်းထားပြီး ဆား၊ သံပုရာသီးးများများညှစ်၊ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ ကြက်သွန်ဖြူပါးပါးလှီးထည့်ပြီး ဆီဝအောင်စိမ်ထားပါတယ်။ လက်ဖက်ညွှန့် မကြိုက်ရင်တော့ လက်ဖက်ကို နည်းနည်းထောင်းလိုက်ပါတယ်။
တအားထောင်းလိုက်ရင်လည်း အရည်တွေထွက်သွားမှာစိုးလို့ ပါ။ ငရုတ်သီးစိမ်းကိုထောင်းထည့်၊ဆား၊
ကြက်သွန်ဖြူ ပါးပါးလှီးထည့်၊ သံပုရာရည်များများနဲ့ ဆီစိမ်ထားပါတယ်။ ကျွန်မကတော့ လက်ဖက်နှပ်ရင် ပုစွန်ခြောက်ကို တစ်ခါတည်းထည့်မနှပ်ပါဘူး။သတ်သတ်လွတ်စားတဲ့နေ့ဆိုရင်လည်း ယူစားနိုင်အောင်ပါ။ လက်ဖက်သုတ်လျှင်လည်း လက်ဖက်ညွှန့်နဲ့သုတ်တာ မကြိုက်ပါဘူး။ အသုတ်အရသာမဝင်ဘူးထင်လို့ပါ။ ခုတော့လက်ဖက်ညွှန့်နဲ့သုတ်ထားပါတယ်။ လက်ဖက်သုတ် သုတ်မယ်ဆိုရင် ဂေါ်ဖီထုတ်လေးကတော့ ပါမှဖြစ်မယ်နော်။ ဒါမှပိုအရသာပြည့်စုံသလိုဘဲ။ နှပ်ထားတဲ့ လက်ဖက်ကိုယူပြီး ပုစွန်ခြောက်မှုန့်၊ ခရမ်းချဉ်သီးမာမာလေးကိုပါးပါးလှီးထားတာလေးရယ်၊ဂေါ်ဖီပါးပါးရယ်၊မြေပဲဆံထောင်း၊
ပဲမှုန့် ၊ဆီသင့်ရုံ၊ဆား၊ငံပြာရည်တို့ နဲ့နယ်ပါတယ်။မြေပဲဆံထောင်း၊
ပဲမှုန့် ထည့်လိုက်တော့ လက်ဖက်သုတ်က စေးစေးလေးနဲ့ စားလို့ ပိုကောင်းပါတယ်။
မန္တလေးက ရွှေတုတ်နေ့ ချင်းစားလက်ဖက်သုတ်၊
အရီးတောင်းလက်ဖက်သုတ်တို့ သွားဝယ်ရင်းနဲ့
ကြည့်ပြီး အတုခိုးထားတာပါ။ လိုအပ်ရင် သံပုရာသီးထပ်ညှစ်ပါတယ်။ လက်ဖက်ကို အရသာတွေနဲ့ အကုန်နယ်ပြီးမှ နှစ်ပြန်ကြော်ထည့်နယ်ပါတယ်။ ဓညင်းသီးပြုတ်စေးစေးလေးတွေပါးပါးလှီး၊ ပြောင်းဖူးပြုတ်လေးပါ ပါရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလေးကိုက်ပြီး ရေနွေးကြမ်းလေးနဲ့ စားကြရအောင်နော်။(လက်ဖက်ကတော့ လူတိုင်းသုတ်တတ်တာဘဲဟာနော် :D)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

12 comments:

ကိုလူထွေး said...

လက်ဘက်သုတ်မစားရတာ ကြာလှပေါ့...
ဟိုတခါ ဆိုးဆေးသတင်းရကတည်းက အိမ်မှာရှိတာတွေ အကုန် လွှင့်ပစ်လိုက်ကြတာ...

း'(

Anonymous said...

မမရေ........
လက်ဖက်သုပ်လေးလာပို့ ပေးနော်မမ
သရက်သီးတော့ ဒီမှာပဲစားသွားတယ်

ThuHninSee said...

နှစ်ခုလုံးကြိုက်ပါသည်။

မိုးကောင်းသူ said...

စောစောစီးစီး သရက်သီးသုပ်မြင်တာနဲ့ သွားရည်ကျတယ်။ နောင်နောင်သည်တောင် သတိရတယ်နော်။ လက်ဖက်လဲ စကားပြောတာနားထောင်ရင်း အ၀စားသွားတယ်။ ဇွန်းကိုလက်က မချဘဲ စားလိုက်တယ်ကွယ်။ :)

စန္ဒကူး said...

သရက်သီးသုပ်စားချင်လိုက်တာ စုဘူးရာ..
ပုံတင်ပေးတာအတော်ဘဲ..
ဒီမှာတော့ အစိမ်းတွေမရှိတော့ဘူးး

nu-san said...

ရက်စက်လိုက်တာ ညီမလေးရယ်... ရုံးမှာ ထမင်းစားနားတုန်းလေး ဖွင့်ကြည့်လိုက်တာ သွားရည် တမျှားမျှားဖြစ်သွားရပြီ.. :( ၂ ခုလုံး ကြိုက်တယ်.. စားချင်လိုက်တာ.. နေ့ခင်းဘက်ဆို ပိုစားကောင်းမှာ.. :)

မီးမီးချစ် said...

မနေ့ က စားမလို့  ခွဲတာ အပြင်က စိမ်းပြီး အထဲက မှဲ့ နေလို့  .. ငပိရည်နဲ့ ပဲ တို့  စားလိုက်တယ်.. ဟီးး))

လုလု said...

နှစ်ခုစလုံး ကြိုက်တယ်။
ကြိုက်တယ် ကြိုက်တယ် မင်းလုပ်သမျှ ကြိုက်တယ်။ အဲ့ဒီသီချင်းထဲကလိုပဲ
ချစ်တဲ့
မမလု

Yu Ya said...

လက်ဖက်သုတ်ကတော့ နေ့တိုင်းနီးပါလို စားနေရတယ် မစုဘူးအိမ်ရေ.. ကျွန်တော်မဟေသီက လက်ဖက်သမားဆိုတော့ ကျွန်တော်လည်း အလိုလိုနေရင် လက်ဖက်နဲ့ ပါးစပ် မိတ်ဆွေဖြစ်နေတယ်..အဟီး။

မစုဘူးအိမ်ရဲ့ လက်ဖက်သုတ်လည်း ကောင်းကောင်းအားပေးသွားပါတယ်။

yu ya

JuneOne said...

တရားနာရင်းစားသွားပါတယ်။

sskyAw said...

မရောက်တာကြာလို့ အလည်လာရင်း လက်ဖက်သုပ်လေး စားသွားတယ် :)

neking said...

လက်ဖက်ကိုဘယ်လိုနည်းနဲ့သုပ်သုပ်ကျွန်တော်ကကြိုက်ပြီးသား။ဒါပေသိကိုယ့်ဟာကိုသုပ်တတ်ဘူး။မှတ်သားသွားပါတယ်

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online