မျှစ်ကြော်


အဲဒီမျှစ် နုနုလေးတွေက သူငယ်ချင်းနဲ့ golden mile သွားတုန်းက ဝယ်လာတာပါ။
နည်းနည်းတော့ ကြာနေပြီ။ ခုမှ ရေးဖြစ်လို့ပါ။ တော်တော်များများပါတဲ့အထုတ်ကို တစ်ထုတ်မှ
s$1.5 ဘဲပေးရပါတယ်။
Pennisular ကမျှစ်ထက်စားလို့ကောင်းပါတယ်။နုတော့စားလို့အရမ်းကောင်းတယ်လေ။
golen mile မှာအဲဒီနေ့က ကြောင်လျှာသီးလည်းတွေ့ လို့ ဝယ်လာခဲ့တယ်။
၃တောင့်မှ s$2.90 ဘဲပေးရတယ်။ အတောင့်ကြီးတဲ့ဟာကလည်းနုတယ်။
အဲဒီတလောကတော့ ကြောင်လျှာသီးဘဲ ခဏခဏစားဖြစ်နေတယ်။
ဟင်းတွေထပ်နေတာကြောင့် post မတင်ဖြစ်တာပါ။
ခုတော့ရက်ပေါင်းအတော်ကြာက စားဖြစ်ခဲ့တဲ့မျှစ်ကို တင်လိုက်ပါတယ်။
ကြက်သွန်နီ ကို နနွင်းထည့်ပြီးဆီသတ်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ပုစွန်ခြောက်မှုန့် များများထည့်ပါတယ်။ ရေဆေးထားတဲ့မျှစ်ကိုထည့်ပါတယ်။ မျှစ်က ကျက်ပြီးသားလို့ဆိုတဲ့အတွက် ပြန်မပြုပ်တော့ပါဘူး။ဆား၊ကြက်သားမှုန့်ထည့်ပြီး ခြောက်ခြောက်လေးကြော်ထားတာပါ။ ဟင်းအိုးချခါနီးရင် ငရုတ်သီးစိမ်းကို စွေစွေလေးတွေလှီးထားတာ အုပ်ပါတယ်။ ပင်စိမ်းလေးလည်းအုပ်လိုက်ပါနော်။ ပုံမှာ ပင်စိမ်းပါ ပါတယ်နော်။ အရမ်းနည်းနည်းလေးဘဲရှိတာထည့်လိုက်တာမို့ မမြင်ရဘူးဖြစ်နေတယ်။ :D ။မျှစ်ကြော် ခြောက်ခြောက်စပ်စပ်လေးပါ။ သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

စူးနွယ်လေး said...

နှစ်မျိုးလုံး စားချင်တယ်

မိုးကောင်းသူ said...

မျှစ်ကြော်လဲ စားချင်ပါတယ်။ ပဲပြုတ်လေးနဲ့ကြော်တာလဲ စားချင်တယ်။ ပဲပြုတ်တော့ ရှိတယ်။ မျှစ်ဝယ်ပြီး ကြော်စားအုံးမှ။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online