ဝက်သားချဉ်


ဒီဝက်သားချဉ်ကလည်း golden mile ကပါဘဲ။တစ်ခုကို S$ 1.50 ပါ။ ကျွန်မအနေနဲ့ကတော့ တောင်ကြီးက ဝက်သားချဉ်ကို ပိုကြိုက်ပါတယ်။ ဒါလေးက အနည်းငယ်လေးတဲ့အရသာရှိပါတယ်။ ပေါင်းပြီး စားလိုက်ပါတယ်။ ပါးပါးလှီးပြီး ကြော်စားရင်လည်းကောင်းမယ်ထင်ပါတယ်။ အိမ်မှာတော့ ဝက်သားချဉ်ဆို ငရုတ်သီးဆီချက်လေးနဲ့ကြော်စားတယ်။ဂျူးမြစ်လေးနဲ့ ငရုတ်သီးတောင့်ကြော်လေးနဲ့ပေါ့။ ခုတော့ ရှိသလိုလေးစားလိုက်ရပါတယ်။ ကော်ဖီခါးခါးတစ်ခွက်နဲ့ကျွန်မရဲ့ နံနက်စာလေးပေါ့။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

13 comments:

ကိုလူထွေး said...

လိပ်စာပေးမယ်... ပို့ပေးလေ...

းဝ)

subuueain said...

ဟဲဟဲ ရပါတယ် :)

စန္ဒကူး said...

ကောင်းမယ့်ပုံဘဲစုဘူးရေ..
ကူးစ် က ၀က်သားမစားပေမယ့်
စုဘူးလက်ရာ...ယုံပီးသား..း)
ပုံလေးလှတယ်..

မိုးကောင်းသူ said...

စုဘူးရေ ၀က်သားချဉ်စားချင်ပါတယ်။ အစ်မ ၀ယ်စားတုံးက အခေါက်တွေများလို့ နောက်မ၀ယ်စားတော့ဘူး။ စုဘူးလေး ၀ယ်စားတဲ့ ၀က်သားချဉ်ကော ဘယ်လိုလဲဟင်။

nu-san said...

ဝက်သားချဉ် စားချင်တယ်.. အမက ၀က်သားချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်းနဲ့ ဆီစမ်းပြီး သုတ်စားဖူးတယ်.. စုဘူး စားသလို မစားဖူးဘူး.. ဒီမှာ ထိုင်းကလုပ်ရောင်းတဲ့ ၀က်သားချဉ်တွေတော့ရှိတယ်.. ဒါပေမယ့်ဈေးကြီးတယ်.. :(

Vista said...

ဝက်သားချဉ်စားချင်လွယ်လွယ်လေး ဝက်သားကိုသံပုရာသီးညှစ်စားလိုက် ဟိဟိ

လုလု said...

ဝက်သားချဉ် ကြိုက်တယ်။ ကောက်ညှင်းမွှေး လက်ဘက်ခြောက်ခပ်ထားတဲ့ ရေနွေးလေးနဲ့ဆို ဂွတ်ပဲ။ အရမ်းကျေးဇူးတင်ပါတယ် စုဗူးလေးရေ။

မျက်မှန်လေး said...

တစ်ခါ တောင်ကြီးသွားတုန်းက ၀က်သားချဉ်အစားကောင်းတာလေ။
လူလိုမစားဘဲ သေအောင်စားလိုက်လို့ ပန်းမမ ဖြစ်လိုက်တာတစ်နေကုန်ဘဲ
လူဆိုမျော့မျော့ပဲကျန်တော့တယ်။
ဒါပေမယ့် စားမြဲ စားတုန်းဘဲ
အခုတောင် စားချင်လာပြီ.....း)

မေလေး said...

စုဘူးရေ မစားဘူးဘူးတော့
နောက်တစ်ခါ ဝယ်စားရင် မေလေးအတွက် ပိုဝယ်ခဲ့နော်

ကျောပိုးအိတ် said...

အောင်မလေးနော်

သက်သားချဉ်တဲ့လား။ အဟင်းးးးးးးးးးးးးးးး။ စားချင်လွန်းလို့ သက်ပျင်းချသွားတယ်။
အဟိ

စုဘူးလေးကိုခင်တဲ့
ကျောပိုးအိတ်

puluque said...

ဗိုက်ဆာနေတာဗျ။ ဝက်သာချဉ် စားချင်တယ်။ လွိုင်နိုင်းက ဝက်သားချဉ်တော့ စားဖူးတယ်။ ကျန်တာမစားဘူးဗူး....

thxa soe said...

ahh ,hungry hungry ...i really like this one ,when i type ,i hear some voice from my stomach ...he hee ...

thxa soe said...

now i copy and paste in my facebook ...umm really want to eat ...

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online