မြူရွက်သုတ်


ဆောင်းတွင်းမှာမှစားရတဲ့ ရာသီစာလေးပါနော်။ အိမ်က ပို့ပေးလိုက်တာပါ။
မြူရွက် အရိုးရင့်တာလေးတွေကို လက်လေးနဲ့ဆိတ်ပြီး သဲတွေစင်အောင် ရေစင်စင်ဆေးပါတယ်။
ပြီးရင်အိုးထဲကို ရေထည့်တည်ပြီး ရေနွေးဆူလာရင် မြူရွက်ကို မီးဖိုပေါ်မှာ ပြုတ်ပါတယ်။
အရွက်နူးပြီဆိုမှ ရေအေးစင်စင်ဆေး၊ ရေညှစ်ပြီး လှီးပါတယ်။ကြက်သွန်နီကို ပါးပါးလှီးပြီး
မမွှန်အောင်ရေ ခဏစိမ်ထားပါ။ မြေပဲဆံထောင်း၊ပုစွန်ခြောက်မှုန့် ၊ ဆီချက်၊ဆား၊ ငံပြာရည်၊
ကြက်သွန်နီ ရေစင်စင်ညှစ်ပြီး ထည့်သုတ်စားနိုင်ပါတယ်။ ငရုတ်သီးတောင့်လေးကိုက်ပြီး ရေနွေးကြမ်းလေးနဲ့သောက်လိုက်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 comments:

moemoestar said...

စုဘူးရဲ့ မေမေက တော်လိုက်တာ၊
၊မြူရွက်တောင်ရအောင်ပို့ ပေးတယ်နော်...
မြူရွက်သုပ်လေးက စားချင်စရာလေး၊ကြိုက်တယ်...

ပွင့်မြုးဇင် said...

မြူရွက်သုပ်ကို စစ်ကိုင်းတောင်မှာ ၀ယ်စားဖူးတယ်... စိမ့်နေတာပဲ... စားချင်လိုက်တာနော်..

ThuHninSee said...

တစ်ခါမှမမြင်ဖူးဘူး..ကောင်းလား။

subuueain said...

မြူရွက်သုတ်က စားလို့ကောင်းတယ်မမွန်။ မမိုးနဲ့ မပွင့်မြူး သိတယ် :)

Anonymous said...

မြူရွက်သုပ်လေးစားကောင်းတယ်နော်
ပြင်ဦးလွင်မှာနဲ့ ကျခင်ပြည်နယ်ဖက်မှာဆို
ဆောင်းတွင်းမြူရွက်တွေပေါမှပေါ
ဒီယူအစ်မှာလဲ လမ်းဘေးတွေမှာ ပေါက်တယ်

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online