ငါးမြင်း ငါးပိတစ်ချက်



ငါးမြင်းငါးပိတစ်ကို ရေဆေးပြီး အတုံးသေးသေးတုံးထားပါမယ်။
ကြက်သွန်နီကို ဆီသတ်ပါမယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းရောထောင်းထားတာလေးပါထည့်ပါမယ်။ အရောင်တင်လေးထည့်ပါမယ်။ကြက်သွန်လေးတွေခြောက်လာမှ ခရမ်းချဉ်သီး နုတ်နုတ်လှီးထည့်ပါမယ်။
ကြက်သွန်လေးတွေနဲ့ခရမ်းချဉ်သီးလေးတွေလိပ်သွားပြီဆိုရင်၊တုံးထားတဲ့ ငါးပိတစ်ကို ထည့်ပြီး
ချက်ပါမယ် ငါးပိတစ်က အငန်အရသာရှိပြီးသားဖြစ်တဲ့အတွက် ဆားထည့်မချက်ပါဘူးရှင်။
အနှစ်အရသာဝင်အောင် ခဏလေးမွှေပေးပြီးမှ ရေလေးနည်းနည်းထည့်ပါမယ်။
အရည်လေးနဲ့ကြိုက်ရင် အရည်လေးရှိတုန်း ဟင်းအိုးပိတ်လိုက်ပြီး ဆီပြန်လေးကြိုက်ရင်တော့ ဆီသံလေးပေးလာမှ ဟင်းအိုးချပါနော်။ ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းတောင့်လေးလှီးထားတာနဲ့ နံနံပင်လှီးထားတာလေး အုပ်လိုက်ပါဦး။ ထမင်းမြိန်စေတဲ့ မြန်မာဟင်းတစ်မယ်ပါနော။်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

11 comments:

moemoestar said...

ငါးမြင်းငါးပိတစ်ချက်လေးကို အရည်လေးနဲ့ ချက်တာကြိုက်တယ်...

ပွင့်မြုးဇင် said...

စားချင်လိုက်တာ... ဒီနည်းအတိုင်းချက်ကြည့်ဦးမယ်..

မြတ်မွန် said...

ငမြင်းရှိဘူး..
အဲတော့ ရိုးရိုး ငါးငါးကို ချက်ကြည့်မယ်နော်..
ကျေးဇူးတင်စွာဖြင့်..။

တောင်ပေါ်သား said...

စားချင်တယ် သတိရတယ် အိမ်ကိုး(

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အဟီးးးးးးးးးးးးးးးးးးးးး
စားချင်စရာ လာတာမှားသွားလားမသိဘူး
ဗိုက်ဒွတ်ခ ပေးပြန်ရပြီ
နောက်လည်းလာမယ် သရေယိုချင်လို့ :P

Shinlay said...

မစားရတာကြာပြီဆိုတော့ စားချင်လိုက်တာ။
အမေကမကြာမကြာချက်လေ့ရှိတယ်။

ThuHninSee said...

ငါးမြင်းဆိုတာ ..ရေထဲက ငါးလားဟင်လို့ မေးရမယ်။
မတွေ့မမြင်ရတာ အတော်ကြာပြီပဲ အဟင့်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ငါးမြင်း ပါပိတစ် ချက် ကို စားချင်ပါဘိ။ မစားရတာ အတော်ကြာပေါ့။ အခုလို တင်ပြပေးတာ ကျေးဇူး။

ခင်မင်စွာဖြင့်
ကိုမျိုး

Evy said...

စားချင်စရာလေး။ ချက်နည်းလေး share ပေးတာကျေးဇူးပါ။

SHWE ZIN U said...

ငါးပိတစ်ချက် ဆိုရင် ကျနော် က ငါးမြင်းမှ ကြိုက်တာ အဆီလေး တွေနဲ့ ဆိုတော့ စားလို့ကောင်းတယ် ကျေးဇူး

:P said...

ပလိပ်က သူငယ်ချင်းတစ်ယောက် ငါးပိကောင်ကို ငါးပိတစ်လို့ ခေါ်တာကြားဖူးတယ်။
ဒီမှာ ကောမန့်တွေ ဖတ်လိုက်တော့ ငပိတစ်လို့ ခေါ်တဲ့ လူအတော်များတာပဲ...
ကိုယ်ခေါ်တာပဲ မှားနေတာလား....... :P
ဘယ်လိုပဲ ခေါ်ခေါ် သိပ်ကြိုက်၊ အခုတောင် စားချင်သါားပြီ။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online