Happy Birthday to My Blog!


မင်္ဂလာပါရှင်။ ဒီနေ့ ကျွန်မဘလော့လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က စိတ်အရမ်းညစ်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ စိတ်ငြိမ်အောင်လို့ဆိုပြီး ဒီဘလော့လေးကို စရေးခဲ့တာပါ။ တစ်နှစ်ပြည့်တဲ့အချိန်မှာ ကျွန်မရဲ့စိတ်ခံစားမှုကတော့ သိပ်မထူးခြားလှပါဘူး။ အလုပ်တစ်ခု အဆင်ပြေ အောင်မြင်သွားရင် ခေါင်းပေါ်က အထုတ်ကြီးတစ်ထုတ်ပြုတ်ကျသွားသလောက်ပဲ ခံစားရပြီး ပျော်လိုက်တာလည်းမရှိတော့ပါဘူး။ ကိုယ့်ဘာသာကိုယ်လည်းသိပ်မပျော်တတ်တော့သလိုပါဘဲ။ စိတ်လည်းသိပ်မညစ်တတ်တော့ဘူး။ တစ်နေ့က you tube မှာ အပျင်းပြေအငြိမ့်ခွေတွေလျှောက်ကြည့်နေရင်းနဲ့ ငယ်ငယ်ကဘဝလေးကိုလွမ်းမိပါတယ်။ ဟာ ငါ ငယ်ငယ်က ဒါလောက်ရယ်ရရင် တဟီးဟီးနဲ့ ရယ်လို့ကိုအတောမသတ်နိုင်ဘူးလို့။ ခုငါဘာလို့မရယ်ချင်တော့ပါလိမ့်လို့။ အသက်များကြီးလာလို့များလားလို့ပါ။ ဒါမှမဟုတ် စိတ်ရှုတ်ရတာတွေများလွန်းလို့ သိပ်မခံစားတတ်တော့တာများလား။ ကိုယ့်အပေါ်မှာ စိတ်ရင်းသဘောထားစစ်မှန်ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ဆိုရင်တော့ စကားပြောရတဲ့အချိန်တွေကို တကယ် သဘောကျပါတယ်။ သူတို့နဲ့တွေ့ ပြီး ရယ်လိုက်မောလိုက်ရရင်တော့ဘဝအမောတွေသောကတွေ ပြေလည်သွားသလိုပါဘဲ။ လူဆိုတာ ကိုယ့်ဘဝကိုယ် မှန်မှန်လျှောက်လှမ်းနေဖို့ပဲ လိုပါတယ်။ ဘဝအောင်မြင်မှုဆိုတာတွေကို တိုင်းတာတဲ့စံဆိုတာကလည်း လူတစ်ယောက်ရဲ့ ရင့်ကျက်လာတဲ့ စိတ်ခံစားမှုပေါ်မှာ မူတည်ပြီးပြောင်းလဲနေသလိုပါဘဲ။ ခုအချိန်မှာတော့ ကျွန်မရဲ့စိတ်က ဗလာဖြစ်နေလား .. ဘာဖြစ်နေမှန်းကိုမသိဘူး။ အလုပ်တစ်ခု dead line ကပ်နေပြီး လုပ်နေရက်နဲ့ မပြီးနိုင်သေးတာကိုလည်း စိတ်တိုစိတ်ရှုပ်မိတယ်။ စိတ်မကြည်ဖြစ်နေတယ်ဆိုပါစို့။ ဟူးးးး........
ဟင်းကလည်း အမှန်အတိုင်းပြောရရင်တော့ စိတ်မကြည်လို့ ပြီးစလွယ်ဘဲ ချက်စားပါတယ်။ စားချင်စိတ်လည်း သိပ်မရှိတာလည်းပါ ပါတယ်။ ဘာစားစား စားလို့မကောင်းသလိုပါဘဲ။ အရင်ချက်ထားတဲ့ဟင်းတွေကိုဘဲ နောက်ရက်ကျ အချိန်ယူပြီး တင်လိုက်ပါ့မယ်နော်။
ကျွန်မရဲ့ ဘလော့လေးမှာ အားနည်းချက်များစွာရှိနေပေမဲ့ အချိန်ပေးပြီး ပြင်ဆင်နိုင်ခြင်းလည်း မရှိသေးပါဘူး။ အစစအရာရာ သည်းခံပြီး လာရောက်လည်ပတ်တဲ့ မိတ်ဆွေများကို တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။ ဆက်လက်ပြီးလည်း အဆင်ပြေအောင် ကြိုးစားပြီး post တွေကို တင်ပါ့မယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

9 comments:

Evy said...

အသက်ကြီးလာတာနဲ့အမျှငယ်ငယ်ကလိုမပျော်တော့တာတော့အမှန်ဘဲ။ စဉ်းစားစရာ ပူစရာတွေပိုများလာတယ်။ Anyway, happy 1 year anniversary လို့ဆုတောင်းပေးလိုက်ပါတယ်

leomark said...

ဟီး..အသက်ကြီးလာလို့တော့ဟုတ်ဘူးနဲ့တူတယ်ဗျနော်။ စဉ်းစားပါအုံး ။း)

သိင်္ဂါကျော် said...

နောက်ထပ် နှစ်များစွာ စာတွေ အများကြီး ရေးနိုင်ပါစေ.. ဟင်း အသစ်အဆန်းတွေ လည်း ချက်နိုင်ပါစေ နော်...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

တစ်နှစ်ပြည့် အမှတ်တရပေါ့။ လုပ်စရာတွေအားလုံးကို စိတ်လက်ကြည်သာစွာဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အမှတ်တရအဖြစ် ထမင်းဟင်း ကောင်းကောင်းလေးတွေ ချက်ကြွေးအုံးနော်။ :)

ခင်မင်စွာဖြင့်
ကိုမျိုး

moemoestar said...

စုဘူးအိမ်ဘလော့လေးတစ်နှစ်ပြည့်မွေးနေ့ မှသည်
နောင်နှစ်ပေါင်းများစွာတိုင်ပါစေ...
ဘလော့ပိုင်ရှင်လေးလည်းပျော်ရွှင်ပါစေနော်...

nu-san said...

စုဘူးရေ.. စိတ်မညစ် စိတ်မရှုတ်ပါနဲ့ ညီမရယ်.. ဘ၀ဆိုတာ ဒီလိုပါပဲ (အမက “ဘ၀” ဆိုတာကြီးနဲ့ ကိုင်ပေါက်တယ်လို့ မပြောနဲ့နော်.. )စိတ်ညစ်စရာတွေ ပြီးရင် ပျော်စရာတွေ ရောက်လာမှာပေါ့...

Blog လေးရဲ့ ၁ နှစ်ပြည့်မှစပြီး ရှေ့လျှောက် စုဘူးလေး ဟင်းအသစ်အဆန်းတွေ ချက်ရင်း ပို့စ်အသစ် အသစ်တွေ အများကြီးရေးနိုင်ပါစေ... :)

လုလု said...

Happy Birthday ပါ စူဘူးအိမ်လေးရေ့ 
ဘလော့ဂ်မွေးနေ့ မုန့်လည်းကျွေးဝူ့း့ 
မီးတို့က ဗိုက်ဆာလို့ လာစောင့်နေတာနော့့် 
တစ်ခုခုကျွေးပါနော့့် 
စိတ်ညစ်စရာတွေမတွေးနဲ့  ပျော်ပျော်နေပါနော်
ချစ်တဲ့
လုလု

Shinlay said...

Happy Birthday...
စာတွေအများကြီးဆက်လက်ရေးနိုင်ပါစေ။
ဟင်းကောင်းလေးတွေလည်းများများ ချက်ကျွေးနိုင်ပါစေ.

ကိုလူထွေး said...

စုဘူးအိမ်ကို စသီတော့ ဆီဗူးကြော်တွေကို တင်ထားတဲ့ နေ့ကပါ...

တနှစ်ရှိသွားပြီဆိုတော့ နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ...

းဝ)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online