တပို့တွဲလပြည့်နေ့ ထမင်းနဲ

ဒီနေ့ တပို့တွဲလပြည့်နေ့ဖြစ်ပါတယ်ရှင်။ ကျွန်မလည်း သတိမထားမိဘဲ မမရှင်းလေး ရဲ့ post ကို သွားဖတ်မှ သတိရသွားတာကြောင့် ဈေးမြန်မြန်သွားပြီး ထမင်းနဲထိုးဖြစ်ပါတယ်ရှင်။ အရုဏ်ဆွမ်းတော့ မမီတော့ဘူးပေါ့။ လပြည့်နေ့မှာ ထမင်းနဲအမီ ကပ်လိုက်နိုင်တဲ့အတွက် မမရှင်းလေးကို ကျေးဇူးပါနော် :) ။ ကျွန်မရဲ့ ထမင်းနဲချက်နည်းကို ဒီမှာ ရေးဖူးပါတယ်။ မင်္ဂလာပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုစွန်ဆီပြန်


မြန်ဆန်ပြီး စားလို့ကောင်းတဲ့ ဟင်းလေးပါ။
အကောင်ကြီးရင် အခွံချွတ်ရတာလည်း မြန်တယ်လေ။
ပုစွန်ကို အခွံ မချွတ်ခင် ရေဆေးလိုက်ပြီးမှ အခွံချွတ်ပြီး
နောက်ကျောက အစာဟောင်းလမ်းကြောင်းလေးကို ထုတ်ပါတယ်။
ဆား၊နနွင်းလေးသင့်ရုံနယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီကို ဆီနိုင်နိုင်နဲ့ဆီသတ်ပါတယ်။
ကြက်သွန်ဖြူထောင်းထားတာလေးထည့်ပြီးအနံ့မွှေးလာရင်
ဆားအနည်းငယ်နဲ့အရောင်တင်မှုန့်ထည့်ပါ။
ခဏနေတော့ ပုစွန်ထည့်လိုက်ပါ။
'ပုစွန်ကွေး' ဆိုတဲ့အတိုင်း ခဏလေးနဲ့ ကျက်ပါတယ်နော်။
ကျွန်မတို့အိမ်မှာတော့ ပုစွန်ထုပ်ဆီပြန်ချက်ရင်
ရှောက်သီးသုပ်၊ ကြာဇံဟင်းခါးနဲ့ ဟင်းစပ်ပါတယ် :-)။
သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘဲတောင်ပံ အစပ်ချက်



ဘဲတောင်ပံလေးတွေကို Pressure cooker နဲ့ပေါင်းထားတာပါ။
ဘဲတောင်ပံတွေကို ရေစင်စင်ဆေးပြီး ပြန်ခုတ်ပါတယ်။
ဆား၊နနွင်း၊ငံပြာရည်လေးနယ်ပြီး နှပ်ထားပါတယ်။
ငရုတ်သီးအခြောက်တောင့်ကို ရေနွေးနဲ့ဆေးပြီး ထောင်းထားပါတယ်။
ကြက်သွန်နီအနေတော် (၃)ဥကို လှီးပြီး ကြက်သွန်ဖြူနဲ့ ဂျင်းကိုထောင်းထားပါတယ်။
Pressure cooker ထဲမှာ အရသာနယ်ထားတဲ့ဘဲတောင်ပံ၊ ကြက်သွန်နီ၊ဖြူ၊ဂျင်း၊ငရုတ်သီးထောင်း၊ဆီ၊ ရေအသားမြုပ်ရုံထက်နည်းနည်းပိုထည့်၊ဆား၊ငံပြာရည်၊ ကြက်သားမှုန့်တို့ထည့်ပြီး ထည်လိုက်ပါတယ်။ ဆူသံစကြားရပြီး ၁၅ မိနစ်လောက်နေရင် သုံးဆောင်နိုင်ပါပြီရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်ဥမွှေချက်


လွယ်လွယ်ကူကူနဲ့ စားလို့ရတဲ့ဟင်းတစ်မျိုးကို မျှဝေလိုက်ပါတယ်ရှင်။ :) ။
ကြက်သွန်နီ တစ်လုံးကို ဆီသတ်၊ ကြက်သွန်ဖြူထောင်းထားတာလေးထည့်
ခရမ်းချဉ်သီးလေး(၁)လုံးထည့်ပြီး အနှစ်လုပ်ပါတယ်။ဆားနဲ့ကြက်သားမှုန့်ထည့်ပါတယ်။
ပြီးရင် ကြက်ဥ(၃)လုံးလောက်ဖောက်ထည့်ပြီးမွှေလိုက်ပါ။
ကြက်ဥဖတ်လေးတွေကျက်လောက်ပြီဆိုမှ နံနံပင်လေး ငရုတ်သီးစိမ်းလေး အုပ်လိုက်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online