ဂျင်းထောင်း





ခုတလော ရာသီဥတု ကပြောင်းကပြန်ဖြစ်ပြီး မိုးရွာလိုက်နေပူလိုက်မို့ ဖျားကြ နာကြတဲ့ သူတွေအများကြီးပါ။
မိုးအေးပြီး စိမ့်နေတဲ့ ရက်တွေမှာ လူက အုံ့ မှိုင်းနေမယ်ဆိုရင် လုပ်စားဖို့ ဂျင်းထောင်း လေးကို မျှဝေလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများကတော့
ဂျင်းနု (young ginger)
ငရုတ်သီးစိမ်း၊(အစပ်စားနိုင်သလောက်)
ကြက်သွန်ဖြူ ၂တက်
ပဲပုတ်(၁)ပြား(အရသာပါပြီး မွှေးရုံ)
တို့ ဖြစ်ပါတယ်။
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါ။
ညက်ခါနီး အနေအထားမှာ ဂျင်းနုကို အခွံခွာပြီး ပါးပါးလှီးထည့်ထောင်းပါ။
ပဲပုတ်ကတော့ အရသာလေးဖို့ အနံ့ မွှေးဖို့ ထည့်တာပါ။ ပါလေရုံပါ။
နို့ မို့ဆို အိပ်ပျော်သွားလိမ့်မယ်။ :) ကင်ပြီးထောင်းထည့်ပါ။
အရသာပါရုံဆိုရပါတယ်။ ဆားလေး၊ကြက်သားမှုန့်လေးထည့်ပြီး ဆီစိမ်းဆမ်း စားရုံပါဘဲ။
ပဲပုတ်ကင်နံ့ မွှေးရုံလေးနဲ့ ဂျင်းထာင်းပူစပ်စပ်လေးက ချွေးထွက်ပြီး အခိုးပွင့်ကာ ခံတွင်းလိုက်စေပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

9 comments:

ThuHninSee said...

ဒါရော တကယ်ဟုတ်ရဲ့လားဟင်..နက်ဖြန်မှ လာဖတ်ပါရစေလား
း(

Flower said...

လုပ်စားကြည့်ဦးမယ်
စိတ်ဝင်စားတယ်
စားလို့ကောင်းမှာသေချာတယ်
အဲလို ထူးဆန်းတာလေးတွေစိတ်ဝင်စားမိတယ်
ကျေးဇူး

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ဂျင်းထောင်း လေးနဲ့ ဧည့်ခံတာ ကျေးဇူး။ နဲနဲစပ်တယ်... ရေနွေးပူပူလေးပါ ထည့်ပေးအုံး... :) :)..

ခင်မင်စွာဖြင့်
ကိုမျိုး

moemoestar said...

စုဘူးရေ...
အေးနေတာနဲ့ အတော်ဘဲ...good...

Shinlay said...

စမ်းကြည့်အုံးမယ်။ ကျေးဇူးတင်ပါတယ်။

ThuHninSee said...

ဟင်းချိုလေးနဲ့ ဆို ချွေးထွက် အခိုးထွက် အကုန်ပွင့်ထွက်သွားမယ် ထင်တယ်။ ဂွတ်ရှယ်ပဲ။ ပဲပုတ်ရှာဖွေလိုက်အုံးမယ် ။

စူးနွယ်လေး said...

ပဲပုပ်နဲ့ဂျင်းကတော့ လိုက်မှလိုက်...ကြိုက်တယ်...
ဂုံမင်းထောင်းရင်လည်း အဲလို ပူပူမွှေးမွှေးလေးပဲ စားလို့ကောင်းတယ်

Evy said...

စိတ်ဝင်စားစရာဘဲ။

လုလု said...

ချင်းထောင်းကို အရမ်းကြိုက်တာ။ ဖျားချင်သလိုလိုဖြစ်တာအတွက်လည်းကောင်းသလို ချောင်းဆိုးတာမပျောက်ဘဲ အချိန်ကြာနေရင်လည်း ချင်းထောင်းလေး လုပ်စား၊ ဟင်းခါးပူပူလေးသောက်၊ အဲ့ဒီလိုလေး လုပ်စားရတာကို အ၇မ်းကြိုက်တယ်။ ကျေးဇူးနော် စုဘူးလေးရေ့  ဖတ်ရင်းနဲ့ တကယ်သားရည်ကျတယ်။
ချစ်ခင်စွာဖြင့်
မမလု

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online