ကြက်မြစ်ကြော်


ကြက်အမြစ် (သို့) ဘဲအမြစ်ကို ရေဖြင့် စင်စင်ဆေးပါ။
အတုံးသေးသေးတုံးပြီး ဆား၊နနွင်း၊ ငံပြာရည်နယ်ပြီး ခဏထားပါ။
ကြက်သွန်ဖြူများများကို မညက်တညက်လေးထောင်းပြီး ဆီသတ်ပါ။
အရသာနယ်ထားသောအမြစ်များထည့်ပြီး ရေနည်းနည်းချင်းထည့်ပြီး နူးအောင်ထည်ပါ။
အမြစ်နူးခါနီးမှ ကြက်ဥတစ်လုံးခေါက်ထည့်ပြီးမွှေပါ။
ကြက်သားမှုန့်လေးထည့် အပေါ့အငံမြည်းပြီး ဟင်းအိုးချကာနီးမှ ငရုတ်သီးစိမ်း အပွတောင့် ထက်ခြမ်းခွဲလေးအုပ်လိုက်ပါ။ ဆီပြန်ဟင်းမစားချင်တဲ့နေ့တွေမှာ ထမင်းမြိန်ဆေးလေးပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

9 comments:

လုလု said...

ဟေးးး
တို့ ပထမဟေ့။ ကြက်မြစ်ကို အရမ်းကြိုက်တာ၊ ဘယ်လိုချက်ချက်ကြိုက်တယ်၊ အခုစုဗူးချက်တဲ့ စတိုင်လ်လေးကတော့ အဆန်းလေးနော်။ စားသွားတယ်နော်။
ချစ်ခင်စွာဖြင့်
လုလု

စန္ဒကူး said...

မမလု ပထမဦးသွားတယ်..
ကူးလဲကြိုက်တယ်လေ..
ဒီလိုမျိုးတော့မစားဖူးသေးဘူး...

ThuHninSee said...

စုစုဗူးဗူးရေ.. ငါးသလောက်တစ်အိုးနဲ့ ထားခဲ့တာ အခုမှပြန်ပေါ်လာတော့တယ်။ မျှော်နေတာ။

SHWE ZIN U said...

စုဘူးအိမ် ရေ

ကြက်မြစ် ဟင်းဆန်းလေး အတွက် ကျေးဇူးပါနော် ကျနော် က အသဲ လုံးဝမကြိုက် အမြစ်ဘဲကြိုက်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သိင်္ဂါကျော် said...

အမြစ်ပဲလား.. အသည်းကော မပါဘူးလား... အသည်းကို ပိုကြိုက်တာ.. :)

စူးနွယ်လေး said...

အမြစ်ကြိုက်တယ်...အသဲမကြိုက်ဘူး....ကြက်ဥလေးနဲ့ စုဘူးလို ကြော်စားကြည့်ဦးမယ်

မြတ်မွန် said...

ဝါး ကြော်စားကြည့်အုံးမယ်..မမရေ..
စားချင်စရာကြီးနော်..။

rose of sharon said...

အရမ်းကြိုက်တယ်ဗျို့

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ကြက်မြစ်ကြော် ကတော့ အကြိုက်ပေါ့ဗျာ...

ခဏခဏလဲ စားဖြစ်တယ်.. ကျေးဇူး..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online