ပဲပြားအစာသွတ်


ပေါ်မလာအတော်ကြာနေရာကနေ နေ့ လည်နေ့ခင်းအစာပြေ ရေနွေးကြမ်းလေးနဲ့ 
တွဲစားဖို့ ပဲပြားအစာသွတ်လေးနဲ့ အတူ ပြန်ပေါ်လာပါပြီ။:)
ပဲပြားကို တြိဂံပုံလေး လှီးပြီး အစာသွတ်ရန်ဓါးရာလေး ပေးပါ။
ပဲပြားကိုဆားအနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်ထည့်နယ်ပြီးကြော်ပါ။
အစာသွတ်တာကတော့ မိမိအကြိုက်ကိုလိုက်ပြီး လုပ်ပုံလုပ်နည်းကွဲပြားနိုင်ပါတယ်။
ကျွန်မကတော့ ပထမဦးစွာ ကြက်သွန်နီကြက်သွန်ဖြူကို ပါးပါးလှီးပြီးကြော်ပါတယ်။
ပုစွန် ၅ ကောင်လောက်ကို ရေဆေးအခွံခွှာပြီး လှော်လိုက်ပါတယ်။
ပြီးတော့တောက်တောက်စင်းပစ်ပါတယ်။
အချဉ်အရသာအတွက် မန်ကျီးနှစ်ပျစ်ပျစ်ဖျော်ထားပါတယ်။
ပြီးရင်ဖျော်ထားတဲ့မန်ကျီးနှစ်ပျစ်ပျစ်ထဲကို ကြက်သွန်ဖြူ၊နီကြော်၊ ပုစွန်တောက်တောက်စင်း၊ငရုတ်သီးပါးပါးလှီး၊ပုစွန်ခြောက်မှုန့်၊ကြက်သားမှုန့်၊ဆားတို့နဲ့ အရသာပြင်ဆင်ပြီး ခပ်ပျစ်ပျစ်အနှစ်ကို ပဲပြားထဲကို အစာသွပ်နိုင်ပါပြီနော်... :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

3 comments:

လုလု said...

တို့ဒေသက အစားအစာလေး
အမြတ်တနိုးနဲ့ လုပ်ကျွေးတဲ့ စုဘူးလေးကို သိပ်သိပ်ချစ်
အရမ်းကျေးဇူးတင်တယ်နော် ညီမလေးရေ
စားသွားပြီနော်
ချစ်တဲ့
မမလု

စူးနွယ်လေး said...

အ၀လာစားသွားတယ်နော်

ဆောင်းနှင်းရွက် said...

အဲ့ဒါ အရမ်းကြိုက်တာ ....

အမြင်နဲ့ စားသွားလိုက်ပါတယ် ... :)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online