ပုစွန်ကို အမျိုးမျိုး လုပ်စားကြမယ်..


ဒီနေ့  Menu ကတော့ ပုစွန်သုတ်ပါ။
ပုစွန်ကို ချက်တာထက် သုတ်စားတာကို ကြိုက်တဲ့အတွက် ခဏခဏ သုတ်စားဖြစ်ပါတယ်။
ကျွန်မ သုတ်စားတဲ့ နည်းလေးကို share လိုက်ပါတယ်နော်။
ပုစွန်ကိုထုံးစံအတိုင်း သန့်ရှင်းရေးလုပ်ပြီးရင် ရေဆေးပြီး ဆား၊ နနွင်းနယ်ပါတယ်။
နောက် အိုးထဲထည့်ပြီး မီးအသင့်အတင့်ဖြင့်လှော်ပါတယ်။
ပုစွန်လေးတွေကွေးပြီး မွှေးပြီဆို မီးဖိုပေါ်မှချ အအေးခံပြီး မထူမပါးလှီးပါတယ်။
ပုစွန်ကို လှီးသုတ်မှ အစာပလာဝင်တယ်လို့ခံစားရလို့ပါ။
ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းပါးပါးလှီး၊ ငံပြာရည်နည်းနည်း၊ ကြက်သားမှုန့် အရသာနည်းနည်းနဲ ဖြည့်စွက်ပြီး သံပုရာရည် ရွှဲရွှဲညှစ်ပြီး ဆီဆိမ်း ဆမ်းကာ ရောနယ်သုတ်ပါတယ်။
နံနံပင်ကြိုက်တတ်ရင် ရောထည့်သုတ်ပါတယ်။
မုန်လာဥနီကိုအချောင်းလေးတွေလှီးပြီးနည်းနည်းထည့်လိုက်သေးတယ်။
ဆလတ်ရွက်ဝယ်ထားတဲ့အချိန်နဲ့
့တိုက်ဆိုင်လို့အသုတ်အောက်က ခင်းပြီး အလှဆင်ထားတာပါ။ သုံးဆောင်ကြည့်ပါနော်။
နောက်ရက်တွေကျမှ ပုစွန်ငါးဆုပ်ဟင်း၊ ပုစွန်တောသုတ်နဲ့
ပုစွန်မန်ကျီးသီးစိမ်းကြော်တို့ ဆက်ရေးပါဦးမယ်နော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

6 comments:

လုလု said...

ပုစွန်သုပ်လေး အရမ်းကြိုက်။
စားသွားတယ်နော် စုဘူးလေးရေ။
နောက်ချက်မယ့် ပုစွန်ဟင်းလေးတွေလည်း စောင့်နေမယ်နော်။

လုလု said...

ပုစွန်သုပ်လေး အရမ်းကြိုက်။
စားသွားတယ်နော် စုဘူးလေးရေ။
နောက်ချက်မယ့် ပုစွန်ဟင်းလေးတွေလည်း စောင့်နေမယ်နော်။

rose of sharon said...

အဲဒီပုဇွန်သုတ်နည်းလေးကြိုက်တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အကြိုက်ဆုံး မီနူးထဲမှာ ပုဇွန်က ထိပ်ဆုံးက
အသုပ်ဆိုတော့ သွားရေ အတောင့်လိုက်ကျသွားတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အကြိုက်ဆုံး မီနူးထဲမှာ ပုဇွန်က ထိပ်ဆုံးက
အသုပ်ဆိုတော့ သွားရေ အတောင့်လိုက်ကျသွားတယ်..

သိင်္ဂါကျော် said...

ပုစွန်ကတော့ လွယ်လွယ်နဲ့ ကျက်လို့ favourite ပဲလေ.. ခုဗိုက်ဆာနေတာ.. စားချင်လိုက်တာ..

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online