ဆိတ်ပုဆိုးကြမ်းဟင်း






ပြီးခဲ့တဲ့ပိတ်ရက်က ချက်စားဖြစ်ခဲ့တာကတော့ ဆိတ်ပုဆိုးကြမ်းလို့ခေါ်တဲ့
ဲ့ဆိတ်ဝမ်းတွင်းသားဟင်းဖြစ်ပါတယ်။
မန္တလေးမှာတော့ ဟင်းအမယ်တစ်မျိုးအဖြစ်ချက်စားလေ့ရှိတဲ့အပြင်
ဘုရားပွဲဈေးတွေမှာ သွားရည်စာပါအဖြစ် ရောင်းချလေ့ရှိကြပါတယ်။
နယ်စားဟင်းအဖြစ်တစ်မျိုး၊ဟင်းရည်သောက်အဖြစ်တစ်ဖုံ၊အသုတ်အဖြစ်တစ်သွယ် အမျိုးမျိုးစားလေ့ရှိကြပါတယ်။wet market ကနေ ဆိတ်ပုဆိုးကြမ်း
သန့်ပြီးသားဝယ်လာတာကို ညှီနံ့ပျောက်စေရန်အတွက် ဆားများများ
နဲ့နာနာပွတ်ဆေးပါတယ်။ပြီးရင် ဆားတွေကုန်အောင်ရေစင်စင်ပြန်ဆေးပါတယ်။
မန်ကျီးသီးမှည့်ကိုလည်း အနှစ်ပျစ်ပျစ်လုပ်ပြီး ဆိတ်ဝမ်းတွင်းသားက
ိုမန်ကျီးမှည့်နဲ့ ထပ်ြပီးပွတ်ဆေးပါတယ်။မန်ကျီးမှည့်တွေပြောင်သွားအောင် ရေဖြင့်ပြန်ဆေးပေးရပါတယ်။
နှစ်ထပ်သန့်ပြီးသားဆိတ်ပုဆိုးကြမ်းကို အနေတော်လှီးပြီး
နနွင်း၊ဆား၊ငံပြာရည်၊ ဂျင်းရည်တို့ ဖြင့်နယ်ပြီးခဏနှပ်ထားပါတယ်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းတို့ကို တောက်တောက်စင်းပါ။
ခရမ်းချဉ်သီးတစ်လုံးကို ခပ်သေးသေးလှီးပါ။ တစ်ချို့ကလည်း စပါးလင်ထည့်ချက်လေ့ရှိကြပါတယ်။
ဆိတ်ဝမ်းတွင်းသားဟာနူးရန်ကြာတဲ့အတွက်ပေါင်းအိုးနှင့် ချက်မှာဖြစ်ပါတယ်။
ရိုးရိုးအိုးနဲ့ချက်မယ်ဆိုလည်း မီးမျှင်းမျှင်းနဲ့ အချိန်ကြာကြာချက်ရမှာဖြစ်ပါတယ်။
ပေါင်းအိုးထဲမှာဆိတ်ဝမ်းတွင်းသား၊ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ခရမ်းချဉ်သီးတို့နှင့်အတူ ဆား၊အရောင်လှစေဖို့အရောင်တင်နည်းနည်း၊ကြက်သားမှုန့် ၊ငံပြာရည်တို့နှင့်အတူ
ဆီနည်းနည်းထည့်၊ ရေမြုပ်အောင်ထည့်ပြီး ထည်ပါ။
ဆူသံပေးပြီး (၄၅)မီးနစ်၊ (၁)နာရီလောက်ဆို အသားကောင်းကောင်းနူးပါပြီ။
အရည်သောက်စားမယ်ဆိုပါက အရသာဖြည့်စွက်ပြီး ရေထပ်ထည့်ပြီး တည်ပါ။
အဖြူထည်ဟင်းရည်သောက်လေး စားမယ်ဆို ခရမ်းချဉ်သီးနဲ့အရောင်တင
်မထည့်ချင်လည်း ရပါတယ်ရှင်။ရှောက်ရွက်ခပ်ပြီး သုံးဆောင်နိုင်ပါတယ်ရှင်။
ချဉ်ငန်စပ်လေး စားမယ်ဆိုပါက ကြက်သွန်နီပါးပါးလှီး၊ဂေါ်ဖီပါးပါးလှီး၊ရှောက်ရွက်ပါးပါးလှီး၊
သံပုရာရည်ညှစ်ပြီး ငရုတ်သီးမှုန့်ဖြူးကာ ရှူးရှဲလေး စားနိုင်ပါတယ်။
သုတ်စားမယ်ဆိုရင်လည်းငရုတ်သီးစိမ်းပါးပါးလှီး၊ကြက်သွန်နီ၊ဂေါ်ဖီ၊ရှောက်ရွက်
ငရုတ်အချဉ်ရည်၊ငံပြာရည်တို့နှင့် ဆီစိမ်း ဆမ်းကာ သုတ်စားနိုင်ပါတယ်ရှင်။
သုံးဆောင်ကြည့်ပါနော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

8 comments:

Shinlay said...

ကျမကြိုက်တဲ့ဟင်းတခွက်ပါ။
ဒီမှာ ကျမအစ်မနဲ့ တစ်ခါ ချက်စားဖြစ်ပါတယ်။
ဆိတ်တော့မဟုတ်ဘူး။ အမဲ ပုဆိုးကြမ်းပါ။
ညီအစ်မ နှစ်ယောက် မိုးအေးအေးနဲ့ စကား တွေပြောလိုက် ဟင်းအိုးထဲရေထည့်တည်လိုက်နဲ့ ။
မှတ်မှတ်ရရ သူနဲ့ နောက်ဆုံး ဟင်းချက်စားဖြစ်ခဲ့တာ
ပါ။

စူးနွယ်လေး said...

အိမ်သားတွေသိပ်ကြိုက်တဲ့ဟင်းပေါ့...မန္တလေးမှာဆို လမ်းဘေး အထမ်းသယ်တွေဆီမှာလည်း ခုံပုလေးတွေနဲ့ထိုင်ပြီး သောက်လို့ရတယ်လေ...မစားရတာတောင်အတော်ကြာပါပြီ...

ThuHninSee said...

;( ဒါလေးလဲ စားချင်ပြန်ရော..

nu-san said...

အရမ်းကြိုက်တယ် စုဘူးရေ.. အမ ရန်ကုန်ပြန်တိုင်း အိမ်က ဆိတ်သားနဲ့ ဆိတ်အူ (ပုဆိုးကြမ်း) အမြဲချက်ကျွေးတယ်.. မာမာ ထုတ်ထုတ်လေးနဲ့မို့ စားလို့လည်းကောင်းတယ်.. ပြောရင်းနဲ့တောင် စားချင်လာပြီနော်... :D

Shinlay said...

စုဘူးရေ...၀ယ်လာခဲ့တယ်။ အမဲပုဆိုးကြမ်းပဲရခဲ့တယ်။
ဘာပဲဖြစ်ဖြစ်...ယောကျာင်္း မရှိတုန်း..စားလိုက်အုံးမယ်။
ကျေးဇူးနော်။

စန္ဒကူး said...

စုဘူးရေ.. အရမ်း်ကိုကြိုက်တယ်..
အရင်ကဆို အိမ်ကထွက်ပီး မောင်လေးကို လဘ်ထိုးပီး အပြင်မှာခိုးစားတာ... အခုတော့ အစပြန်ဖော်သလိုဖြစ်နေပီ..စားချင်တာာာာ...

rose said...

အစ်မရေ...အမဲအူ သိပ်ကြိုက်ပါတယ်။ အမဲအူပာင်းရော၊ သုပ်စားတာရော ကြိုက်မှကြိုက်။ ဒီနေ့ပဲ အမဲအူ ၀ယ်လာခဲ့တယ်။ အစ်မ ရေးထားတဲ့ နည်းလေးနဲ့ လုပ်စားကြည့်မယ်။ အရေးကြီးဆုံး ဖြစ်တဲ့ ရှောက်ရွက်တော့ မရှိဘူး အစ်မရယ်..။ ရို့စ် ဘလော့ဂ်လေးကိုလည်း အလည်လာပါဦးနော်။ အစ်မ ဘလော့ဂ်ကို List ထဲမှာ ထည့်ထားတယ်။

taletavallance said...

Men's Mens Titanium Braclet - Etrick - iTanium Arts
Men's Mens titanium daith jewelry Titanium 출장샵 Braclet is a stainless steel billet made in Men's style. This titanium shift knob stainless titanium white wheels steel billet has a unique matte finish that provides ridge wallet titanium a solid

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online