မျှစ်ချဉ်ကြော်


နုတ်နုတ်လေးတွေစိပ်ထားတဲ့မျှစ်ချဉ်လေးတွေကို
ပုစွန်ခြောက်မှုန့်များများနဲ့ ခြောက်ခြောက်လေး ကြော်စားတဲ့ ဟင်းရံ တစ်မျိုး ဖြစ်ပါတယ်။

ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုခပ်နုတ်နုတ်လှီးပြီးဆီသတ်ပါတယ်။
ပုစွန်ခြောက်မှုန့်၊ငါးပိ၊ ကြက်သားမှုန့်၊ဆား၊ စတာတွေကို( မျှစ်ချဉ် အနည်းအများပေါ်မူတည်) ထည့်ပါ။


မီးဖိုပေါ်မှာ ခဏမွှေပြီးမှ မျှစ်ချဉ်ထည့်ပါ။ ခြောက်ခြောက်လေး စားချင်ရင် ကြာကြာ ကြော်ပါနော်။

အစပ်ကြော်မယ်ဆို ဟင်းအိုးချခါနီးမှ ငရုတ်သီးကြမ်းမှုန့်ထည့်ပြီးနှံ့အောင်မွှေပါနော်။

အသားဟင်းတစ်မျိုးမျိုး၊ ပဲနီလေး ဟင်းချိုတို့ နှင့်လိုက်ဖက် ပြီးမျှစ်ချဉ်ဖတ်လေးတွေက
ဝါးလိုက်ရင် ထုတ်ထုတ်... ထုတ်ထုတ်နဲ့အလွန်အရသာ ရှိပါတယ်။
သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မျှစ်ချဉ်တော့ ဘယ်လိုလုပ်လုပ်ကြိုက်တယ်
စားကြည့်ဦးမယ်

Snow said...

မျှစ်ကြော်လေး တွေ့ပြီး စားချင်စိတ် ပေါက်သွားပြီ။ တစ်ရက်ရက် ချက်စားဦးမှပဲ။

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online