ငါးခူ ဒုက္ခကြော်




ငါးခူ အကောင်ကြီးကြီး တွေရလို့ ငါးဒုက္ခ ဟင်း လုပ်စားဖြစ်ပါတယ်။ ငါးခူ ဗိုက်ထဲကို အစာပလာ တွေ သွပ်ပြီး ငါးခူကို နှီးနဲ့ ခါးကနေတစ်ဝက်စည်းပြီး သေချာတုတ် ကြော်တဲ့ သာမန် မခက်ခဲတဲ့ ဟင်းအမယ်ပါ။ ငါးနေရထိုင်ရ ခက်တာမို့ ငါးဒုက္ခ ခေါ်ဟန်တူပါရဲ့.....

ပထမဦးစွာ ငါးခူကို မန်ကျီးမှည့်နှင့်ပွတ် ရေသေချာစွာဆေးပြီး ဆား၊ နနွင်းနယ်ပြီး နှပ်ထားပါတယ်။

အစာပလာအတွက် ကတော့ မိမိနှစ်သက်ရာပါ။ ငရုတ်သီးတော့ စပ်ရပါမယ်။ ဒါမှလည်း ပိုစားကောင်းပါတယ်။

ကျွန်မကတော့ golden mile ကဝယ်လာတဲ့ မျှစ်နုနုလေးတွေကို ရေနဲ့ နှစ်ထပ်လောက်ပြုတ်ပါတယ်။ ပြီးတော့ ဒယ်အိုးထဲကို ဆီပါလေရုံထည့်ပြီး ကြက်သွန်ဖြူ၊ နီ ထောင်း ငရုတ်သီးစိမ်းထောင်း ပုစွန်ခြောက် မှုန့်၊ဆား တို့နဲ့အတူ မျှစ်ကို သေချာလုံးပါတယ်။

နောက် အဲဒီအစာတွေကို ငါးဗိုက်ထဲကို သွပ်ပြီး ငါးကို နှီးနဲ့ စည်းပြီး ကြော်ပါတယ်။

နည်းစနစ်အမှန်ကတော့ ကြော်ပြီး နှီးတွေကို ဖြုတ်လိုက်ရင် ငါးလေးက ကွေးကွေးလေး ဖြစ်နေပါတယ်။

ကျွန်မမှာ စည်းစရာ ကြိုးကောင်းကောင်းမရှိလို့ ငါးလေးက သိပ်မကွေးရှာပါဘူး။

သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်ပတ်အတွင်း စားစရာအချို့




အုန်းစိမ်းဂျယ်လီ လေးပါ။ ပုံမှာ ပြထားတဲ့ ဂျယ်လီထုတ်ကို သူ့အညွှန်းအတိုင်း ရေ (သို့) အုန်းစိမ်းရည် ထည့်ပြီး ပွက်လာသည်အထိကျို ပြီး ပုံစံခွက်ထဲထည့်ပြီး အုန်းသီးဖတ်လေးတွေ ခြစ်ထည့်အအေးခံပါ။ သကြားထည့်စရာမလိုပါဘူး။
ရေခဲသေတ္တာရှင်းထားတဲ့ အကြော်ပါ။ ပုစွန်အစိမ်းအနည်းငယ်ကျန်တာကို တောက်တောက်စင်းပြီး ပြောင်းဖူး၊ နံနံပင်တောက်တောက်စင်း၊ အကြော်မှုန့်၊ ကြက်ဥတစ်လုံးခေါက် အရသာလေးစွက်ပြီး ကြော်ထားတာပါ။
ငါးကျီးအစိုကို ဆား၊ နနွင်းနယ်ပြီး ကြွတ်ကြွတ်လေး ကြော်ထားတာပါ။

မန္တလေး ကောက်ညှင်းပဲကြော်လေးပါ။ kidney bean ပဲဘူးကို အကြော်မှုန့်နဲ့ရောပြီး ကြော်ထားတာပါ။
ဆီထမင်းလေးပါ။ ဒီမှာရေးဖူးပါတယ်နော်။ ဒယ်အိုးထဲမှာ ချက်တာကတော့ အကောင်းဆုံးပါဘဲ။
ဒီတစ်ပတ်အတွင်း ချက်စားဖြစ်တာလေးတွေထဲက အချို့ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online