ငါးခူ ဒုက္ခကြော်




ငါးခူ အကောင်ကြီးကြီး တွေရလို့ ငါးဒုက္ခ ဟင်း လုပ်စားဖြစ်ပါတယ်။ ငါးခူ ဗိုက်ထဲကို အစာပလာ တွေ သွပ်ပြီး ငါးခူကို နှီးနဲ့ ခါးကနေတစ်ဝက်စည်းပြီး သေချာတုတ် ကြော်တဲ့ သာမန် မခက်ခဲတဲ့ ဟင်းအမယ်ပါ။ ငါးနေရထိုင်ရ ခက်တာမို့ ငါးဒုက္ခ ခေါ်ဟန်တူပါရဲ့.....

ပထမဦးစွာ ငါးခူကို မန်ကျီးမှည့်နှင့်ပွတ် ရေသေချာစွာဆေးပြီး ဆား၊ နနွင်းနယ်ပြီး နှပ်ထားပါတယ်။

အစာပလာအတွက် ကတော့ မိမိနှစ်သက်ရာပါ။ ငရုတ်သီးတော့ စပ်ရပါမယ်။ ဒါမှလည်း ပိုစားကောင်းပါတယ်။

ကျွန်မကတော့ golden mile ကဝယ်လာတဲ့ မျှစ်နုနုလေးတွေကို ရေနဲ့ နှစ်ထပ်လောက်ပြုတ်ပါတယ်။ ပြီးတော့ ဒယ်အိုးထဲကို ဆီပါလေရုံထည့်ပြီး ကြက်သွန်ဖြူ၊ နီ ထောင်း ငရုတ်သီးစိမ်းထောင်း ပုစွန်ခြောက် မှုန့်၊ဆား တို့နဲ့အတူ မျှစ်ကို သေချာလုံးပါတယ်။

နောက် အဲဒီအစာတွေကို ငါးဗိုက်ထဲကို သွပ်ပြီး ငါးကို နှီးနဲ့ စည်းပြီး ကြော်ပါတယ်။

နည်းစနစ်အမှန်ကတော့ ကြော်ပြီး နှီးတွေကို ဖြုတ်လိုက်ရင် ငါးလေးက ကွေးကွေးလေး ဖြစ်နေပါတယ်။

ကျွန်မမှာ စည်းစရာ ကြိုးကောင်းကောင်းမရှိလို့ ငါးလေးက သိပ်မကွေးရှာပါဘူး။

သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

7 comments:

Shinlay said...

အကောင်းဆုံးဟင်းတမျိုးပါ။ စားကြည့်ချင်ပါတယ်။

Baby taster said...

စားချင်စရာလေး ငါးဒုက္ခကြော်ဆိုတော့
တခါမှမကြားဖူးလို့ ရယ်ချင်သွားတယ်
ဟင်းအသစ်မျှဝေပေးလို့ ကျေးဇူးနော်

ချော(အစိမ်းရောင်လွင်ပြင်) said...

စားချင်စရာလေး
ဘီယာနဲ့မြည်းရင် ပိုကောင်းလေမလား
ဝိုင်နဲ့ဘဲ မြည်းရမလား စဉ်းစားသွားတယ်း)

Iora said...

တခါမှမလုပ်ဖူးဘူး။
စားရတာတော့ကြိုက်တယ်။
အိုင်အိုရာ

Cameron said...

အဲဒီ ငါးဒုက္ခကို ငယ်ငယ်ကရှမ်းပြည်မှာ ကောက်ညင်းပေါင်းနဲ့ အမြဲစားဖြစ်ခဲ့ဖူးတယ်...။

စံပယ်ချို said...

အင်းလေးကငါးဒုက္ခနဲ့နဲနဲဆင်တယ်နော်
ငါးခူနဲ့ခုမှလုပ်စားရမှာ
ကျေးဇူးပါရှင်။

စန္ဒကူး said...

ငါးခူတော့မစားဖူးသေးဘူး..
ပြောရင်တော့အဆန်းဘဲ....
ဒါပေမယ့် စားဖူးတဲ့သူတွေပြောတာ ငါးခူက အကောင်းဆုံးတဲ့...
ဒုက္ခရောက်နေတဲ့သူ့ကိုကြည့်သွားတယ်..း)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online