ဖားကို fair price ကနေ တစ်ဘူးကို 3.5 $ နဲ့ ဝယ်လာပါတယ်။
မျက်စေ့က သေချာမကြည့်ဘဲခုတ်ထားတယ်ထင်လို့ဝယ်လာတာ အိမ်ရောက်တော့မှ
တုံးလုံးလှဲနေတဲ့ သန့်စင်ပြီးသား ဖားလေးနှစ်ကောင်ကိုတွေ့ပါတယ်။(အေးလေ ဖားကိုတော့ဘယ်သူက တုံးပြီးသားရောင်းမလဲနော်)။ ဒါနဲ့ ကိုယ့်ဘာသာမခုတ်လည်းဘယ်သူမှ လာခုတ်ပေးမှာမဟုတ်လေတော့ လက်အိတ်စွပ်ပြီး ဖားကို အတုံးသေးသေးလေးတွေဖြစ်အောင် ပုံဖျက်လိုက်ပါတယ်။
ပြီးရင်ရေဆေးပြီး ဆား၊နနွင်းနယ်ထားပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ဆီဆမ်းစားချင်တဲ့အတွက် ဆီအနည်းငယ်ပိုထည့်လိုက်ပါတယ်။ ကြက်သွန်နီနွမ်းရင် ဂျင်းထောင်းထားတာထည့်ပါတယ်။ ဥတစ်လုံးကြက်သွန်ဖြူလေးကို ဓါးပြားရိုက်ထားတာထည့်ပါတယ်။ ဖားလေးတွေတုံးထားတာထည့်၊ဆားနည်းနည်း၊ကြက်သားမှုန့်နည်းနည်းထည့်လိုက်တယ်။ပြီးတော့ ငရုတ်သီးအကြမ်းမှုန့်ထည့်တယ်။ အရသာနှံ့ အောင်မွှေပါတယ်။ ဖားကခဏလေးဘဲ ကျက်တဲ့အတွက် အနံ့ လေးမွှေးရင် သုံးဆောင်နိုင်ပါပြီနော်။ ချက်စားမယ်ဆိုလည်းပင်စိမ်းလေးအုပ်ပြီး ငရုတ်သီးစိမ်းလေး ခြမ်းထည့်ရေလည်ဆီလည်လေးဆို ကောင်းပါတယ်။ ခုတော့ ပင်စိမ်းမရှိတော့ကြော်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာတုန်းကတော့ မိုးဦးကျ ဖားပေါ်တဲ့ရာသီဆို ဆိုင်တွေက ကိုယ့်ဘာသာမတုံးချင်ရင် တုံးပေးလိုက်ပါတယ်။ အဆင်သင့်ချက်ရုံပါဘဲ။
ဖားပိုးလို့ ပက်လက်လေးတွေမြင်ပြီး မခုတ်ချင်ပါဘူး။
နောက်တော့ဖားဝယ်မစားတော့ဘူးလို့စဉ်းစားထားတယ်။ ခုတ်ပြီးသားလေးဆိုရင်တော့စားမယ်လေ။ :)။ ကြက်သားတောင်မခုတ်ချင်လို့ ဘူးနဲ့ထည့်ထားတာဘဲ ဝယ်စားတော့တယ်။ စဉ်းတုံးပေါ်က အမောက်တထောင်ထောင်နဲ့ကြက်ကြီးကိုကြည့်မိ ရင်စိတ်ထဲတမျိုးကြီးဖြစ်မိတယ်။
ဖားအစပ်ကြော်
Posted by
subuueain
|
Labels:
အကြော်များ
Subscribe to:
Post Comments (Atom)
My Blog List 1
-
-
1Apr20241 month ago
-
Adelaide မြို့ရဲ့ အမှိုက်ပစ် စနစ်11 months ago
-
-
စာပေဆု ၂၀၂၀3 years ago
-
Something about the protection of UNESCO4 years ago
-
-
-
MUA Web Converter7 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ10 years ago
-
စိတ်အချဉ်ပေါက်ခြင်း10 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း11 years ago
-
For “Harvest Thanksgiving Festival”12 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)13 years ago
-
တူမလေးများနဲ့ တလတာ..13 years ago
-
-
-
-
-
My Blog List 2
-
-
အသံတိတ်ထားတဲ့ အလွမ်းများ5 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ9 years ago
-
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ13 years ago
-
-
-
-
-
My Blog List 3
-
မှို မုန့်ညှင်းကြော်8 hours ago
-
-
-
-
Blog အလွမ်းပြေ3 years ago
-
Lock Down4 years ago
-
Food Review: ပုရစ်ကြော်4 years ago
-
အလှနတ်သမီးလေး မလိခ...5 years ago
-
Ancestors Altar5 years ago
-
ပုစွန်ဘော့ချိတ်ကြော်5 years ago
-
အချဉ်ပေါင်း (၂)6 years ago
-
Zuma Zen Blaster: Sang Game Legendaris7 years ago
-
သား ၂ယောက်လုံးရဲ့ အမှုအကျင့်လေးများ8 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)8 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "9 years ago
-
ဂွေးသီး ငပိချက်10 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄10 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄10 years ago
-
နံနက်စာနှင့် နေ့လည်စာများ10 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်12 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...
Current User
User Online
11 comments:
ဖားတခါမှမစားဖူးဘူး.. ဒို့အဖေတော့အရမ်းကြိုက်တာ... အလှဘဲကြည့်သွားတယ်...
တိုအမေလည်း ဖားကို ဂျင်းများများနဲ့ ကြော်ပေးတတ်တယ်..တွေ့ရင်ပေါ့ အမြဲတော့ မတွေ့ဘူးလေ..
ဖားသားကိုညီမလေး နဲ့ အဖေတအားကြိုက်တယ် အကြွပ်ကြော်တာလေ ငရုတ်သီးနဲ့ ကိုယ့်ဘာသာတေ့တခါမှမချက်စားဖူးဘူး သူတို့ကိုအမေလုပ်ကျွေးတုန်းကတော့နှိုက်စားဖူးတယ် အရသာသိပ်မမှတ်မိတော့ဘူး
စုဘူးရေ..အသည်းယားတယ်.. ကလိကလိနဲ့... စားလို့ကောင်းလားဟင်..အရသာရော ဘာအသားနဲ့တူလဲဟင်...
ဖားသား တခါမှမစားဘဖူးဘူးကွယ် အဟီးးး စားရမှာလဲ ကြောက်ချာကြီးးး အီးဟိးးးး
ဖားသားတစ်ခါစားဖူးတယ်..ချိုဆိမ့်ဆိမ့်လေး
ဖားနဲ့  မကျီးရွက် နဲ့ အစပ် ကြော်တာလဲ ကောင်းတယ် နော်..ချဉ်စပ်လေးး))
'ဖား' စားတဲ့သူတွေ ပေါလာတယ်နော်...းP
ဖားစားတဲ့သူတွေက 'စားဖား' ကိုကြိုက်တယ်လို့ ဆရာကံချွန်ရေးတာ ဖတ်ဖူးတယ်...
းဝ)
စားချင် လိုက်တာ...
တို့လည်း ဖားသား ကြိုက်တယ်...
ဖားတွေရောင်းနေတာတော့မြင်တယ် ကားကားရားရားကြီးမို့ မ၀ယ်စားရသေးဘူး။ ကြော်ရင် ဆီအရမ်းစင်တယ်ပြောလို့။ စုဘူးလို ကြော်စားကြည့်အုံးမယ်။
ချက်ကြည့်မည်။ ဖားသား အလွန်ကြိုက်သည်။ ဂိုးဒန်းမိုင်းသွားတိုင်း စားဖြစ်နေကျ အစားစာရင်းမှာ ဖားသားခြောက်စပ်လဲ ပါသည်။ ကိုယ်တိုင် ချက်ကြည့်မည်။
Post a Comment