ငါးဖယ်ကြော်

ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့
 ကြော်တာပါ။
ကျွန်မ အမျိုးသားက ငါးဖယ်ကြော်ပလိန်း၊ ငါးဖယ်ချက်  မကြိုက်ပါဘူး။
ကျွန်မက ငါးဖယ်ဆို ချက်စားတာထက် ကြော်ထားပြီး တစွတ်စွတ် နှိုက်စားရတာကို ကြိုက်တာပါ။
ခုတော့ နှစ်ယောက်လုံး စားလို့ရအောင် စတိုလ်ပြောင်း ကြော်ကြည့်တော့ သူလည်းကြိုက်တာကြောင့် ခဏခဏကြော်စားဖြစ်ပါတယ်။ ထမင်းဖြူပူပူလေးနဲ့ စားလို့လည်းကောင်း ၊ ဒီအတိုင်း စားလို့လည်း အရမ်း အရသာရှိပါတယ်။

ငါးဖယ်ကို ပုံမှန်တော့ ဂျင်း၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းနဲ့ စေးပိုင်နေအောင် ရောထောင်းပြီးမှ သေးသေးလေးတွေ ပြားပြီး ကြော်တာပါ။

ခု ငါးဖယ်ကို ပုံမှန်ထောင်းနေကြအတိုင်း ထောင်းပါတယ်။
ဆား၊ ကြက်သားမှုန့်၊ နနွင်းပါလေကာ၊ အရောင်တင်မှုန့် နည်းနည်း၊ ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်း (စားနိုင်သလောက်) တောက်တောက်စင်း၊ ပဲသီးလှီးထည့်၊မုန်ညင်းထုတ် ကြိုက်တတ်ရင် တောက်တောက်စင်းပြီးထည့်ပါ။  ရှောက်ရွက်နည်းနည်းလှီးပြီး  အနံ့ မွှေးအောင်ထည့် သေချာနယ်ပြီး လက်ကိုဆီစွတ် အပြားလေးတွေ လုပ်ပြီး မီးအေးအေးလေးနဲ့ ကြော်ထားတာပါ။ မွှေးပြီး ငရုတ်သီးအရသာ ရှိန်းရှိန်းလေးနဲ့ စားလို့ကောင်းလှပါတယ်။ သုံးဆောင်ကြည့်ပါနော်။ :)

ဘလော့လေးကို တန့်မသွားအောင် တစ်လ ကို အသစ်တစ်ခုတော့ တင်နိုင်အောင် ကြိုးစားနေပါတယ်နော်။ ဟင်းအသစ်အထူးအဆန်းလည်း မချက်ဖြစ်တာရယ်။ သိပ်မအားတာရယ်ကြောင့်ပါနော်။ လာရောက်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online