Showing posts with label ဟင်း(အသီးအရွက်). Show all posts
Showing posts with label ဟင်း(အသီးအရွက်). Show all posts

ဇရစ်ရိုး ကြော်ချက်




ဘလော့လာ မိတ်ဆွေအပေါင်း မင်္ဂလာပါရှင်။
မရေးတာ ကြာနေပြီဖြစ်တဲ့ ဘလော့လေးကို ဇရစ်ရိုးလေးနဲ့ ဖုန်လာခါတာပါ။ :D
ဇရစ် ကို ပင်နီစူးလားက ဝယ်လာပါတယ်။ (၁) စည်း ၁ ဒေါ်လာနဲ့ ၂ ဒေါ်လာဖိုးပေါ့။
ကဲ.. စချက်ပါပြီနော်။ ဇရစ်ကို လက်တစ်ဆစ် စာလောက် လှီးဖြတ်ပါတယ်။
အရိုးပိုင်းလေးတွေကို ဓါးနှောင့်လေးနဲ့ ထုပါတယ်။ ပြီးတော့ ဇရစ်တွေကို နနွင်း နည်းနည်း ၊ဆားနည်းနည်း ထည့်ထားတဲ့ ရေထဲမှာ အစေးကုန်အောင် ခဏ စိမ်ထားပါတယ်။ ပြီးမှ ရေစင်အောင် ပြန်ဆေးပါတယ်။
ပြီးရင်တော့ ထုံးစံအတိုင်း ကြက်သွန်နီ ၊ ဖြူ ဆီသတ်ပါတယ်။
အရောင်တင်၊ ငါးပိ အနည်းငယ် ၊ ဆား ၊ ကြက်သားမှုန့်တို့နဲ့ အနှစ်လေး လုပ်ပါတယ်။
ပြီးရင် ဇရစ်ထည့်၊ ရေအနည်းငယ်ထည့်ပြီး တည်ပါမယ်။ ဇရစ်လေး နူးရင် ဟင်းအိုးချလို့ရပါပြီနော်။
ဇရစ် သိပ်မနွမ်းခင် ဟင်းအိုးချပါနော်။
ဒါဆိုရင် ရာသီစာ ဇရစ်ကြော်လေး စားကြပါဦးနော်။ ကျွန်မ မေမေရဲ့ favourite ဟင်းလေးပါ။ :)
စင်ကာပူမှ မိတ်ဆွေများ ဇရစ်ရိုးလေးကို မက်မောတယ်ဆိုရင်ဖြင့် ပင်နီစူလာ ၃ထပ်က ရွှေအင်းဝနဲ့မျက်စောင်းထိုး ဆိုင်နာမည် (ရွှေစင် ထင်ပါရဲ့) မှာ သွားရောက်ဝယ်ယူပြီး ရာသီစာလေး စားလိုက်ကြပါဦးနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂေါ်ရခါးညွန့်ကြော် စပ်စပ်လေး


မေမြို့ ဂေါ်ရခါးညွန့် နုနုလေးတွေကို သင် ပြီး ကြက်သွန်ဖြူ ဓါးပြားရိုက် ။ ကြက်သားမှုန့်လေးနဲ့ ငရုတ်ကြမ်းမှုန့်လေးနဲ့ ကြော်ထားတာပါ။ ကောင်းမှကောင်း :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျှစ်ချဉ်ကြော်


နုတ်နုတ်လေးတွေစိပ်ထားတဲ့မျှစ်ချဉ်လေးတွေကို
ပုစွန်ခြောက်မှုန့်များများနဲ့ ခြောက်ခြောက်လေး ကြော်စားတဲ့ ဟင်းရံ တစ်မျိုး ဖြစ်ပါတယ်။

ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုခပ်နုတ်နုတ်လှီးပြီးဆီသတ်ပါတယ်။
ပုစွန်ခြောက်မှုန့်၊ငါးပိ၊ ကြက်သားမှုန့်၊ဆား၊ စတာတွေကို( မျှစ်ချဉ် အနည်းအများပေါ်မူတည်) ထည့်ပါ။


မီးဖိုပေါ်မှာ ခဏမွှေပြီးမှ မျှစ်ချဉ်ထည့်ပါ။ ခြောက်ခြောက်လေး စားချင်ရင် ကြာကြာ ကြော်ပါနော်။

အစပ်ကြော်မယ်ဆို ဟင်းအိုးချခါနီးမှ ငရုတ်သီးကြမ်းမှုန့်ထည့်ပြီးနှံ့အောင်မွှေပါနော်။

အသားဟင်းတစ်မျိုးမျိုး၊ ပဲနီလေး ဟင်းချိုတို့ နှင့်လိုက်ဖက် ပြီးမျှစ်ချဉ်ဖတ်လေးတွေက
ဝါးလိုက်ရင် ထုတ်ထုတ်... ထုတ်ထုတ်နဲ့အလွန်အရသာ ရှိပါတယ်။
သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိတ်သားဒိန်ချဉ်နှပ် နဲ့ ကြက်ဟင်းခါးသီး ဘာလချောင်ကြော်




ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့ဖျော်ပြီး ဆိတ်သားကို သေချာဆေးပါတယ်။

ရေသေချာဆေးပြီးတဲ့ ဆိတ်သားကို ဆား၊ နနွင်း၊ ပဲငံပြာရည်အကြည်၊ကြက်သားမှုန့်၊ဂျင်းထောင်းရည်တို့နဲ့ အရသာဝင်အောင်သေချာနယ်ပါတယ်။
အသီးအရသာမပါဝင်တဲ့ နို့ချည်းသက်သက်ဒိန်ချဉ် တစ်ခါစားဘူးထဲက တစ်ဝက်ကျော်ကျော် ကို ထည့်ပြီး သေချာပြန်နယ်ပြီး နာရီဝက်လောက် နှပ်ထားပါတယ်။

ဒိန်ချဉ်နဲ့ နှပ်လိုက်တဲ့အခါမှာ အရသာအင်မတန်ကောင်းပြီး အသားအတော်နူးညံ့ပါတယ်။ အသားက ပင်ကိုယ်နုပြီးသားဆိုရင် ရေတောင် သိပ်ထည့်စရာမလိုပါဘူး။ အင်မတန်ရင့်တဲ့ ဆိတ်ထီးကြီးတွေရဲ့အသားဆိုရင်တော့ ကျက် ကို မကျက်နိုင်ပါဘူး။ ဒီပုံစံအတိုင်း ကြက်သားကို နှပ်လည်းကောင်းပါတယ်။

ကြက်သွန်နီ အနေတော်(၃/၄)လုံးလောက်ကို ပါးပါးလှီးပြီး ဆီသတ်ပါတယ်။ ဆိတ်သားနှပ်က ဆီများမှ အိပြီး စားကောင်းပါတယ်။ ကြက်သွန်ဖြူ၊ ဂျင်းထောင်းထည့် ဆီရောသတ်ပါတယ်။ အရောင်တင်ထည့်မွှေပြီး အရသာနယ်ထားတဲ့ဆိတ်သား ထည့်ပြီး တည်ပါတယ်။ သူ့အရည်နဲ့သူလုံးပြီး အရည်ကုန်မှ ရေ နည်းနည်းချင်းထည့်ပြီး နူးအိနေအောင် တည်လိုက်တဲ့ အခါမှာ ဆိတ်သားနှပ် ရပါပြီနော်။ ဆိတ်သားနှပ်ကို ဒီမှာ လည်း ရေးဘူးပါတယ်နော်။


ကြက်ဟင်းခါးသီး ဘာလချောင်ကြော်ကတော့ ကျွန်မတို့ မိသားစုရဲ့ favorite ဟင်းပါ။ ထမင်းလည်း မြိန်ပါတယ်။ ကြော်ရတာဘဲ ပျင်းစရာကောင်းတာပါ :P

ကြက်ဟင်းခါးသီးကို အခွံနွှာ ပါးပါးလှီးပါ။အစေ့တွေ ကုန်အောင်ထုတ်ဖို့လည်း မမေ့ပါနဲ့နော်။
ပြီးရင်ဆားနဲ့သေချာ ဖျစ်နယ် ဆေးပါ။

ကြက်သွန်နီ ပါးပါးလှီးပြီး ရွှေဝါရောင် သန်းအောင် ကြော်ပြီး ဖယ်ထားပါ။ ကြက်ဟင်းခါးသီးကို ကြက်သားမှုန့်နယ်ပြီး မီးအေးအေးနဲ့ ခြောက်အောင် ကြော်ပါ။ သတ်သတ်ဖယ်ထားပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက် ၊ ပုစွန်ခြောက်မှုန့်၊ ငါးပိ ၊ ငရုတ်ကြမ်းမှုန့်၊ဆား( အားလုံးကို ကြက်ဟင်းခါးသီး ပမာဏ ပေါ်မူတည်ပြီး ထည့်ပါ။) အားလုံးကို ဆီပူထဲထည့်ပြီး ငါးပိကြော်သလို လုံးလိုက်ပါ။ ပြီးမှ သတ်သတ်ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးရော၊ ကြက်သွန်ကို နောက်ဆုံးမှ ထည့်ရောလိုက်ပါ။ ဘူးထဲထည့်ထားရင် ကြာကြာအထားခံပြီး ကြက်ဟင်းခါးသီး ကြိုက်သူများအတွက် ထမင်းမြိန်ဆေးပါ။ ကြက်ဟင်းခါးသီး ခြောက်အောင် ကြော်ရတာ တစ်ခါတစ်လေ စိတ်မရှည်ဘူး။ ဒါကြောင့် ပုံထဲက ကြက်ဟင်းခါးသီးက သိပ်မခြောက်ပါဘူး ။ အစေ့လေးတွေလည်း ဖယ်စားသွားနော်။ ဒီတစ်ပတ်အတော်ပျင်းပါတယ်။ :P

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပိတ်စွယ်ချဉ်ကြော်


မန္တလေးဘက်က ကြာဇံဟင်းခါးချက်ရင် ထည့်လေ့ရှိတဲ့ ပိတ်စွယ်အချောင်းလေးတွေကို အချဉ်တည်ထားတာပါ။
မြန်မာနိုင်ငံကနေ တစ်ကူးတစ်က သယ်လာတဲ့ အဖိုးတန် အစားအသောက်ကလေးဖြစ်ပါတယ်။
သူ့ရဲ့အရသာဟာ မှိုဖတ်လေးတွေ ဝါးရသလို နုဖတ်ဖတ် အရသာလေးရှိပါတယ်။
ကြော်စားလို့ကောင်းသလို ကြက်သား၊ဆိတ်သားတို့ နှင့်ရောပြီး ရေချိုလေးချက်စားလို့လည်း ကောင်းလှပါတယ်။
ဆီနည်းနည်းထဲမှာ ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပါတယ်။
ပိတ်စွယ်ချဉ်ကို ရေဆေးပြီး အနေတော်လှီးဖြတ်ပါတယ်။
ပုစွန်ခြောက်မှုန့် ၊ ကြက်သားမှုန့်၊ဆားအနည်းငယ်တို့နှင့်အတူ ရေလေးနည်းနည်းတောက်ပြီး ကြော်ပါတယ်။
ငရုတ်သီးစိမ်းလေးအုပ်ပြီး သုံးဆောင်နိုင်ပါပြီရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျှစ်ကြော်


အဲဒီမျှစ် နုနုလေးတွေက သူငယ်ချင်းနဲ့ golden mile သွားတုန်းက ဝယ်လာတာပါ။
နည်းနည်းတော့ ကြာနေပြီ။ ခုမှ ရေးဖြစ်လို့ပါ။ တော်တော်များများပါတဲ့အထုတ်ကို တစ်ထုတ်မှ
s$1.5 ဘဲပေးရပါတယ်။
Pennisular ကမျှစ်ထက်စားလို့ကောင်းပါတယ်။နုတော့စားလို့အရမ်းကောင်းတယ်လေ။
golen mile မှာအဲဒီနေ့က ကြောင်လျှာသီးလည်းတွေ့ လို့ ဝယ်လာခဲ့တယ်။
၃တောင့်မှ s$2.90 ဘဲပေးရတယ်။ အတောင့်ကြီးတဲ့ဟာကလည်းနုတယ်။
အဲဒီတလောကတော့ ကြောင်လျှာသီးဘဲ ခဏခဏစားဖြစ်နေတယ်။
ဟင်းတွေထပ်နေတာကြောင့် post မတင်ဖြစ်တာပါ။
ခုတော့ရက်ပေါင်းအတော်ကြာက စားဖြစ်ခဲ့တဲ့မျှစ်ကို တင်လိုက်ပါတယ်။
ကြက်သွန်နီ ကို နနွင်းထည့်ပြီးဆီသတ်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါတယ်။ပုစွန်ခြောက်မှုန့် များများထည့်ပါတယ်။ ရေဆေးထားတဲ့မျှစ်ကိုထည့်ပါတယ်။ မျှစ်က ကျက်ပြီးသားလို့ဆိုတဲ့အတွက် ပြန်မပြုပ်တော့ပါဘူး။ဆား၊ကြက်သားမှုန့်ထည့်ပြီး ခြောက်ခြောက်လေးကြော်ထားတာပါ။ ဟင်းအိုးချခါနီးရင် ငရုတ်သီးစိမ်းကို စွေစွေလေးတွေလှီးထားတာ အုပ်ပါတယ်။ ပင်စိမ်းလေးလည်းအုပ်လိုက်ပါနော်။ ပုံမှာ ပင်စိမ်းပါ ပါတယ်နော်။ အရမ်းနည်းနည်းလေးဘဲရှိတာထည့်လိုက်တာမို့ မမြင်ရဘူးဖြစ်နေတယ်။ :D ။မျှစ်ကြော် ခြောက်ခြောက်စပ်စပ်လေးပါ။ သုံးဆောင်ကြည့်ပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြောင်လျှာသီးကြော်ချက်


ကြောင်လျှာသီး ကြော်ချက်လုပ်ဖို့ အတွက် ကြောင်လျှာသီး အဆင့်ဆင့် လှီးဖြတ်ပုံကို ဒီမှာ
ရေးထားပါတယ်ရှင်။ ကြော်ချက်ရန်အတွက်ကတော့ ကြောင်လျှာသီးကို မထူမပါးလှီးပြီး
ဆားနဲ့ နယ်ဆေးပါ။ပြီးရင် ဆားကုန်အောင် ရေပြန်ဆေးပြီးစစ်ထားပါ။
ကြက်သွန်နီ(၁)လုံးကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူ (၃)တက်လောက်ကို ဓါးပြားရိုက်ထားပါ။
ကြက်သွန်နီ ကို နနွင်းနည်းနည်းထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူရောထည့်ပါ။
ထို့ နောက် ပုစွန်ခြောက်မှုန့် ၊ငါးပိ အနည်းငယ်၊ ဆားနည်းနည်း၊ ငရုတ်ကြမ်းမှုန့် တို့ ထည့်ပြီး မွှေပါ။
ထို့နောက်ကြောင်လျှာသီးထည့်ပါ။
ရေနွေးကြောင်လျှာသီးနူးရုံထည့်ပါ။
ကြောင်လျှာသီး နူးရင် စားလို့ ရပါပြီနော်။ ကြောင်လျှာသီးကြော်စပ်စပ်လေးပေါ့။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာလူးနဲ့ မုန်လာဥ၊ကြက်သွန်ချဉ်ကြော်



နောက်တစ်မျိုးကတော့အာလူးကို မုန်လာဥချဉ်၊ ကြက်သွန်နီဥ ချဉ်တို့ နဲ့ ကြော်တာပါဘဲ။ မြန်မာနိုင်ငံတုန်းကတော့ အဲလိုကြော်စားရင် တရုတ်ပဲပင်ပေါက် ပါရောထည့်ပါတယ်။
ခုတော့ အလွယ်တကူ မဝယ်ထားတဲ့အတွက် မထည့်ရပါဘူး။ အာလူးကို အခွံနွှာပြီး
ထက်ခြမ်းခြမ်းပါ။ပြီးရင် ခပ်ပါးပါးလှီးပါ။ရေနှင့်သေချာဆေးပြီး ဆား၊နနွင်းနယ်ပါ။
ကြက်သွန်နီ၊ ဖြူဆီသတ်ပါ။ အာလူးထည့်ပါ။ အာလူးနူးစေရန်ရေနွေးအနည်းငယ်ထည့်ပါ။
ပြီးရင် မုန်လာဥချဉ် (city mart မှာရှိပါတယ်။ မန်းညဈေးမှာလည်း ဝယ်လို့ ရပါတယ်။
မုန်လာဥဖြူကို အချောင်းလေးတွေလှီးပြီး မုန်ညင်းချဉ်အရသာမျိုးလုပ်ထားတာပါ။)၊ ကြက်သွန်နီဥချဉ်ထည့်ပါတယ်။ ဆားနည်းနည်းထည့်ပါ။
ချိုချဉ်ချဉ်လေးနဲ့ စားလို့ ကောင်းပါတယ်။ အသားလွတ်ပေါ့နော်။
ဝါတွင်းမှာ အသားရှောင်မဲ့သူတွေ၊ သားသတ်လွတ်စားချင်တဲ့ သူတွေအတွက်
အဆင်ပြေပါတယ်။ ဒီဟင်းမှာတော့ အာလူးအရွယ်အနေတော်(၂)လုံးကို
မုန်လာဥချဉ် ဟင်းစားဇွန်း (၂)ဇွန်းစာ၊ကြက်သွန်နီဥချဉ် (၁)ဇွန်းစာနဲ့ ချက်ထားပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုံးပဒီသီးပဲငါးပိအစပ်ကြော်


ရုံးပဒီသီးကို ရေဆေးပြီး ထိပ်နှစ်ဘက်တိထားပါတယ်။
ပြီးတော့ စွေစွေလေးတွေ လှီးပါတယ်။ ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါတယ်။
ရုံးပဒီသီး တစ်ပန်းကန်စာအတွက် ပဲငါးပိ ကို ထမင်းစားဇွန်းနဲ့ 
တစ်ဇွန်းထည့်ပါတယ်။ ပဲငါးပိ အစပ်ကို သုံးထားပါတယ်။
ဆားနည်းနည်းထည့်ပြီးရင် ရေနွေးလေး နည်းနည်းထည့်ပါ။
ရုံးပဒီသီးနပ်ရင် စားလို့ ရပါပြီရှင်။
ထမင်းမြိန်စေတဲ့ အသားလွတ်ဟင်းတစ်မျိုးပါ။
ယနေ့ ဝါဆိုလပြည့်နေ့ မှာ ကျွန်မဘုရားကို ချက်ပြီးကပ်ခဲ့တဲ့
အသားလွတ် ဟင်းတွေထဲက တစ်မျိုးပါ။
အသား၊ငါးတွေ မစားချင်တဲ့ အခါမှာ စပ်စပ်လေးနဲ့ ခံတွင်းလိုက်တဲ့
အသားလွတ်ဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မန်ကျီးသီးစိမ်းကြော်


မန်ကျီးသီးစိမ်းလေးများကို ထိပ်နှစ်ဘက်ခြွေပြီး ရေဆေးပါ။ ထို့ နောက် ငရုတ်ဆုံတွင် ထည့်ထောင်းပါ။ ငရုတ်ဆုံမှာထည့်ထောင်းတဲ့အခါ ဆားလေးထည့်ထောင်းပေးပါ။ မန်ကျီးသီးအရောင်မမည်းသွားစေရန်ဖြစ်ပါတယ်။
ကြက်သွန်နီ၊ဖြူဆီသတ်၊ ငါးပိလေးနည်းနည်းထည့်၊ပုစွန်ခြောက်မှုန့် ၊ အရောင်တင်လေးထည့်ပြီး ထောင်းထားသော မန်ကျီးသီးစိမ်းထည့်ပါ။ ရေလုံးဝမထည့်ရပါ။ ရေထည့်လိုက်ရင် ချွဲသွားတတ်ပါတယ်။ မန်ကျီးသီးကို ဟိုဘက်ဒီဘက်လှန်ပြီးရင် ဟင်းအိုးချလို့ ရပါပြီ။ ငရုတ်သီးစိမ်းကြိုက်တတ်ရင် ဟင်းအိုးချခါနီး အုပ်လိုက်ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂွေးတောက်ရွက်နဲ့ ဆူးပုတ်ရွက်ကြော်


ဂွေးတောက်ရွက်ကို အရွက်ကြမ်းများဖယ်ပြီး အရွက်နုလေးများချည်းရအောင် သင်ထားပေးပါ။
ဂွေးတောက်ရွက်ကို မန္တလေးမှာတော့ ဈေးနည်းနည်းကြီးပြီး အရွက်ကြမ်းများတာဘဲရပါတယ်။
အဝကြော်စားဖို့ ဆို ၁၀၀၀ ဖိုးလောက်မှ ဝပါတယ်။ လွိုင်လင်ကိုရောက်ဖူးတုန်းကတော့
ဂွေးတောက်ချိုဆိုပြီး စားဖူးပါတယ်။ ကျွန်မတို့ မြန်မာပြည်မက အရွက်ထက်သေးပြီး
ပိုလည်းနုပါတယ်။ ခါးတဲ့အရသာလည်း အရမ်းမများဘဲနဲ့ အရွက်ကလေးတွေက နုနေတာဘဲ။ တော်တော်လေးစားလို့ ကောင်းပါတယ်။ဂွေးတောက်ရွက်ကို ကျွန်မက ငရုတ်သီးကြမ်းမှုန့် 
နဲ့ အစပ်ကြော်စားသလို ကြက်ဥနဲ့ လည်း ကြော်စားပါတယ်။ကြက်သားနဲ့ လည်း
အရေစပ်စပ်လေးနဲ့ ချက်ပါသေးတယ်။ ဒီနေ့ တော့ ဂွေးတောက်ရွက်ကို
ဆူးပုတ်ရွက်နဲ့ ရောကြော်တာကို တင်လိုက်ပါတယ်။
ဆူးပုတ်ရွက်ကိုလည်း အရွက်ကြမ်းများဖယ်ပြီး သင်ထားပေးပါ။
အရွက်နှစ်မျိုးလုံးကို ရေစင်စင်ဆေးပြီး ဇကာနဲ့ စစ်ထားပါ။
ကြက်သွန်နီဆီသတ်၊ ပုစွန်ခြောက်မှုန့် ထည့်၊ ဆားအနည်းငယ်၊ကြက်သားမှုန့်၊အရွက်တွေထည့်ပြီး ငရုတ်ကြမ်း
မှုန့် ထည့်ပါ။ အိုးချခါနီးမှ ကြက်သွန်ဖြူ ဓါးပြားရိုက်တာလေးကို အုပ်လိုက်ပါနော်....။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကန်စွန်းရွက်နဲ့ ပုစွန်ဆိတ်ချက်

ပုစွန်ဆိတ်လေးတွေကို ရေဆေးပြီးလှော်လိုက်ပါတယ်။ ကန်စွန်းရွက်၊ ကြက်သွန်နီ(၁)လုံး၊ ခရမ်းချဉ်သီး(၂)လုံး၊ဆား၊နနွင်း၊အရောင်တင်၊ ငါးပိစိမ်းစားအနည်းငယ်၊ဆီနဲနဲထည့်ပြီး လှော်ထားတဲ့ ပုစွန်ဆိတ်သေးသေးလေးတွေနဲ့ လုံးချက် ချက်ထားတာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကင်းပုံသီး အစပ်ချက်



ကင်းပုံသီးကို ထိပ်နှစ်ဖက်တိပြီး နှစ်ခြမ်းခြမ်း (သို့ ) လေးစိတ်စိတ်ပေးပါ။
ဆားနှင့်နာနာ နယ်ပြီး ရေစင်အောင်ပြန်ဆေးပါ။ ကြက်သွန်နီ ကို ဆီသတ်ပါ။
ကြက်သွန်ဖြူ၊ ဂျင်းထောင်းထားတာ ထည့်ပါ။ ကြက်သွန်နီနွမ်းလျှင် ခရမ်းချဉ်သီး (၁)လုံး ပါးပါးသေးသေးလေးတွေလှီးထည့်ပြီး အနှစ်လုပ်ပါ။
ငါးပိ၊ဆား၊ပုစွန်ခြောက်မှုန့် ထည့်ပါ။
ငရုတ်သီးအစိမ်းတောင့်ကို (၃)တောင့်လောက်ထောင်းထည့်ပေးပါ။
ငရုတ်သီးထည့်ထားလို့ အရောင်တင်လုံးဝမထည့်ပါဘူး။ကင်းပုံသီးထည့်ပါ။
ကင်းပုံသီးနူးအောင် ရေနည်းနည်းချင်းထည့်ပေးပါ။
ကင်းပုံသီးနူးပြီး ဆီပြန်ရင် စားလို့ ရပါပြီနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေ့လက်ရာလေးတွေ (၁)



မိဘရင်ခွင်ထဲကနေ ထွက်ပြီး အဝေးမှာလာနေကြရတဲ့သူတိုင်း အိမ်လွမ်းတဲ့ဒဏ်ကို
ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ စိတ်ဆင်းရဲ ပင်ပန်းမှုတွေ၊လောကဒဏ်တွေကို
တွေ့ ကြုံရတိုင်းမှာ အလွမ်းဆုံးဟာ အမေပါဘဲ။
အခုတလော အိမ်အရမ်းလွမ်းမိတယ်။ အမေကို လွမ်းတယ်။
နေမကောင်းရင် အမေကို ပိုလွမ်းမိတယ်။
မြန်မာနိုင်ငံပြန်တိုင်း ချက်ကျွေးတဲ့ အမေ့လက်ရာလေးတွေ၊
မေတ္တာတရားလွှမ်းခြုံထားတဲ့အမေ့အိမ်ကဟင်းကို လွမ်းမိပါတယ်။
လူတိုင်းအတွက် အမေ့လက်ရာဆိုတာ အကောင်းဆုံးနေမှာပါဘဲနော်။
ဘာလို့ လဲဆိုတော့အမေ့ဟင်းမှာ မေတ္တာပါတာကိုး။
အမေကို လွမ်းတဲ့အထိမ်းအမှတ်နဲ့ 
မေတ္တာဓါတ်ပါတဲ့ အမေ့လက်ရာလေးတွေကို ဝေငှလိုက်ပါတယ်။
ဒါကတော့ မိုးကုတ်မျှစ်ကြော်ပါ။ ဈေးထဲမှာ နှီးလေးတွေနဲ့ တွဲပြီးရောင်းပါတယ်။
တစ်တွဲကို (၃၀၀)(၄၀၀)လောက်ပေးရပါတယ်။ အတိအကျ မသိတော့ပါ။
မန္တလေးရတနာပုံဈေးနားက ညဈေးတန်းမှာ အရမ်းပေါပါတယ်။ ပိန်ပိန်ရှည်ရှည်လေးတွေပါ။ ဈေးသည်တွေကတော့ မိုးကုတ်မျှစ်လို့ ခေါ်ကြပါတယ်။
အဲဒါကို ရေဆေး ပြီး အတုံးလေးတွေလှီးပါတယ်။
ကြက်သွန်နီ၊ဖြူ ဆီသတ်ပါတယ်။ ကြက်သွန်နွမ်းရင် ငါးပိထည့်ပြီး မွှေပေးပါ။
ပုစွန်ခြောက်မှုန့် ၊ငရုတ်ကြမ်းမှုန့် ၊ဆားအနည်းငယ်ထည့်ပါတယ်။
ပြီးရင် တုံးထားတဲ့မျှစ်ကိုထည့်ပြီး ချက်ပါ။
မျှစ်နူးရုံ ရေအနည်းငယ်ထည့်ပေးပါ။
ဆီလေးပြန်လာရင် စားလို့ ရပါပြီနော်။
အသားဟင်းမပါဘဲတောင် ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါ။
ခုလောလောဆယ် တမ်းတနေတဲ့ ဟင်းလည်းဖြစ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်သားနှပ်+မရမ်းသီးငါးပိချက်+ဘူးသီးဟင်းခါး


ကြက်သားနှပ်
ပထမဦးစွာ ကြက်သားနှပ်ရန်အတွက် ကြက်သားကို အတုံးကြီးကြီးရအောင် တုံးပေးပါ။
ကြက်သွန်နီ ကို နုတ်နုတ်လေးတွေလှီးပေးပါ။
ြ ကက်သွန်ဖြူ၊ဂျင်း ထောင်းပေးထားပါ။ ပြီးလျှင် ချက်မည့်အိုးထဲသို့ ကြက်သားထည့်ပြီး
ဆား၊ နနွင်းမှုန့် အနည်းငယ် ၊ ငံပြာရည်၊ ပဲငံပြာရည်အနောက်၊အရောင်တင်
တို့ နှင့်အရသာဝင်အောင်နယ်ပေးပါ။ ကြက်သွန်နီ၊
ြ ကက်သွန်ဖြူ၊ဂျင်း ထောင်းထားတာရောထည့်နယ်ပါ။
ကြက်သွန်နီများများထည့်လျှင် အနှစ်ပိုချိုပြီး စားလို့ ကောင်းပါတယ်။
ဆီထည့် ပြီးလုံးချက်ချက်ပါ။
ကြက်သားနူးစေရန် ရေအနည်းငယ်ထပ်ထည့်ပြီး တည်ပေးပါ။
ကြက်သားနူးအိနေပြီး ဆီပြန်လျှင် စားသုံးနိုင်ပါပြီရှင်။

မရမ်းသီးငါးပိချက်
မရမ်းသီးက အမေလူကြုံနဲ့ ထည့်ပေးလိုက်တာပါ။
အိမ်ရောက်တော့ အထုတ်တွေပိပြီး မရမ်းသီးက
အတော်ပျော့ချင်နေပြီ
မို့ တချို့ ကိုမြန်မြန်ထောင်းစားပစ်ရတယ်။
ကျန်တာထဲက သုတ်စားဖို့ နည်းနည်းဖယ်ပြီး မရမ်းသီးငါးပိချက် ချက်စားဖြစ်ပါတယ်။
မရမ်းသီးကို ထိပ်တိပြီး ထက်ခြမ်းခြမ်းကာ အစေ့ထုတ်ပါ။ ပါးပါးလှီးပြီးထောင်းပါ။
ကြက်သွန်နီ ဆီသတ်ပါ။ ကြက်သွန်ဖြူ၊ဂျင်း ရောထောင်းတာထည့်ပြီး ဆီသတ်ပေးပါ။
ခရမ်းချဉ်သီးထည့်ပါ။ ဆား၊ငါးပိ၊အရောင်တင်၊ပုစွန်ခြောက်မှုန့် ၊
ဟင်းခတ်မှုန့် နှင့် အတူ မရမ်းသီးထောင်းထားတာထည့်ပါ။
ရေအနည်းငယ်ထည့်တည်ပြီး ဟင်းအိုးချခါနီးတွင် ငရုတ်သီး
လှီးထားတာလေးတွေ အုပ်လိုက်ပါ။

ဘူးသီးဟင်းခါး
ငါးပိအနည်းငယ်၊ပုစွန်ခြောက်မှုန့် ၊ကြက်သားမှုန့် တို့ကို ရေထည့် ပြီး အိုးတွင်တည်ပေးပါ။
ကြက်သွန်ဖြူ၊ဂျင်း ဓါးပြားရိုက်ထည့်ပါ။ ဟင်းအိုးပွက်လျှင် အပေါ့ အငန်မြည်း၍ ဘူးသီးပါးပါးလှီးတာထည့်၊ငရုတ်ကောင်းမှုန့် ခတ်ပြီး သောက်သုံးနိုင်ပါပြီရှင်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါးပိရည်နှင့် တို့ စရာ အစုံအလင်







ငါးပိရည် ဆိုတာ မြန်မာတော်တော်များများ နှစ်သက်ကြတဲ့ ဟင်းရံတစ်မျိုးပါ။
ငါးပိရည်ကျိုရင် ကျွန်မအမေက အိုးထဲကိုဆနွင်းနည်းနည်း ထည့်ပြီးကျိုပါတယ်။

ငါးပိရည် ထဲထည့်မယ့် ကြက်သွန်ဖြူ နဲ့  ငရုတ်သီးကို ဒယ်အိုးထဲ ထည့်ပြီးလှော်ပါတယ်။သီတံလေးရှိလို့ကင်ချင်ရင်လည်းရပါတယ်။
အနံ့ မွှေးလာပြီဆိုမီးဖိုပေါ်မှချလို့ ရပါပြီ။

ငါးအစိုရှိရင်လည်းကင်ထည့်လိုက်ပါဦး။လှော်ထားတဲ့ကြက်သွန်ဖြူ
နဲ့ ငရုတ်သီးကိုမညက်တညက်လေး ထောင်း၊ ငါးလှော် (သို့ )ကင်လေးကိုလည်း ပန်းကန်ထဲ ဖဲ့ထည့် လိုက်ပါ။ ပုစွန်ခြောက်မှုန့် ထပ်ထည့်ချင်လည်း ထည့်လိုက်ပါဦး။ ကျိုထားတဲ့ ငါးပိရည် လောင်းထည့်လိုက်ပါ။ ပန်းကန်ထဲ မှာမွှေပြီးရင် ငရုတ်သီးမှုန့် နည်းနည်း ဖြူးလိုက်နော်..
အတို့ အတွက်ကတော့မိမိနှစ်သက်ရာရွေးချယ်နိုင်ပါတယ်…
ပုံမှာတော့ ဓညင်းသီးနုနုလေးတွေကင်၊ မျှစ် ၊ခရမ်းကသော့သီး ၊နံနံပင်၊မုံလာဥနီ၊ကြက်သွန်နီ
တို့ ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငရုတ်သီးနှပ်




ငရုတ်သီး အတောင့်ရှည်လေးများကို ခရမ်းသီးနှပ် သလိုနှပ်သလိုနှပ်စားလို့ ကောင်းပါတယ်။
ငရုတ်သီး၊ ပုစွန်ခြောက်၊ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ငါးပိ တို့ လိုအပ်ပါတယ်။
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ကိုဆီသတ်ပါ။
ကြက်သွန် နွမ်းသောအခါ ခရမ်းချဉ်သီး၊ငါးပိ၊ ပုစွန်ခြောက်မှုန့် ၊ အရောင်တင်မှုန့် ၊ ဆား အနည်းငယ်တို့ ထည့် ပြီး အနှစ်လုပ်ပါ။
ငရုတ်သီးကို အစာဝင်စေရန် အနည်းငယ်ခြမ်းပေးပါ။အဆုံးထိ မခြမ်းပါဘူး။
ငရုတ်သီးကို အနှစ်ထဲသို့ ထည့် ပြီးမွှေပါ။
ငရုတ်သီး နွမ်း လျူင် စားလို့ ရပါပြီ ရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online