ထမင်းစားမြိန်စေတဲ့ ဟင်းရံလေးတစ်မယ်ပါ။
သရက်သီးလေးကို ထိပ်တိပြီး နာရီဝက် ၊ တစ်နာရီ ခန့်ရေစိမ်ထားပါ။
အခွံနွှာပြီး အမြောင်းလေးတွေစိပ်ပြီး ထောင်းရလွယ်ကူစေရန် ခပ်သေးသေးလေးတွေလှီးပါ။
ငရုတ်ဆုံထဲမှာ ခပ်သေးသေးလှီးထားသော သရက်သီးလေးများကို ထည့်ပြီး ထောင်းပါ။
ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူ ကိုလှော်ပြီး ထောင်းပါ။
မြေပဲဆံထောင်း၊ ငါးပိကင် ၊ပုစွန်ခြောက် ရောထည့်ထောင်းပါ။
အရသာအတွက် ဆားလေး ၊ ကြက်သားမှုန့် လေး ဖြည့်စွက်ပြီး
ဆီစိမ်း(သို့) ဆီချက် ကြိုက်နှစ်သက်ရာ ဆမ်းပါ။
အစပ်ကြိုက်လျှင် အရောင်လည်းလှစေရန် ငရုတ်သီးမှုန့် ထည့်နယ်နိုင်ပါတယ်ရှင်။
အပေါ်က နံနံပင်နဲ့ ကြက်သွန်နီကြော်လေး ဖြူးထားတာပါ။
သုံးဆောင်ကြည့်ပါနော်။
သရက်သီးထောင်း
ဂျင်းထောင်း
ခုတလော ရာသီဥတု ကပြောင်းကပြန်ဖြစ်ပြီး မိုးရွာလိုက်နေပူလိုက်မို့ ဖျားကြ နာကြတဲ့ သူတွေအများကြီးပါ။
မိုးအေးပြီး စိမ့်နေတဲ့ ရက်တွေမှာ လူက အုံ့ မှိုင်းနေမယ်ဆိုရင် လုပ်စားဖို့ ဂျင်းထောင်း လေးကို မျှဝေလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများကတော့
ဂျင်းနု (young ginger)
ငရုတ်သီးစိမ်း၊(အစပ်စားနိုင်သလောက်)
ကြက်သွန်ဖြူ ၂တက်
ပဲပုတ်(၁)ပြား(အရသာပါပြီး မွှေးရုံ)
တို့ ဖြစ်ပါတယ်။
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါ။
ညက်ခါနီး အနေအထားမှာ ဂျင်းနုကို အခွံခွာပြီး ပါးပါးလှီးထည့်ထောင်းပါ။
ပဲပုတ်ကတော့ အရသာလေးဖို့ အနံ့ မွှေးဖို့ ထည့်တာပါ။ ပါလေရုံပါ။
နို့ မို့ဆို အိပ်ပျော်သွားလိမ့်မယ်။ :) ကင်ပြီးထောင်းထည့်ပါ။
အရသာပါရုံဆိုရပါတယ်။ ဆားလေး၊ကြက်သားမှုန့်လေးထည့်ပြီး ဆီစိမ်းဆမ်း စားရုံပါဘဲ။
ပဲပုတ်ကင်နံ့ မွှေးရုံလေးနဲ့ ဂျင်းထာင်းပူစပ်စပ်လေးက ချွေးထွက်ပြီး အခိုးပွင့်ကာ ခံတွင်းလိုက်စေပါတယ်။
ကြက်သားနဲ့ မျှစ်ချက် + ငါးပိထောင်း
ကြက်သားကို ဒီအတိုင်းမစားချင်လို့ အမြဲတစ်ခုခုနဲ့ ရောချက်ဖြစ်ပါတယ်။
ခုလည်းကြက်သားတစ်ဘူးကို မျှစ်တစ်ထုတ်နဲ့ရောချက်ထားပါတယ်။
ကြက်သားကို ဆား၊နနွင်း၊ငြံပာရည်တို့နဲ့ နယ်ထားပါတယ်။ ကြက်သွန်နီဆီသတ်ပါတယ်။
ကြက်သွန်ဖြူ၊ဂျင်းရောထောင်းတာ ထည့်ပါတယ်။ အရောင်တင်ထည့်ပါတယ်။ ငါးပိနည်းနည်းထည့်ပါတယ်။ ကြက်သားထည့်ပြီးလုံးပါတယ်။ သူ့ရေနဲ့ သူကုန်သွားရင် ရေဆေးထားတဲ့မျှစ်ထည့်ပါမယ်။
(မျှစ်က ကျက်ပြီးသားမလို့ ပြန်မပြုတ်တော့ပါဘူး)ရေထပ်ထည့်ပါမယ်။
ကြက်သားလည်းနူး၊မျှစ်လည်းဝါးလို့ရပြီဆိုရင် ရေလည်ဆီလည်လေးမှာ ဟင်းအိုးချလို့ရပါပြီရှင်။ ငါးပိထောင်းစပ်စပ်လေးနဲ့လိုက်ဖက်ပါတယ်။
ငါးပိထောင်း
ရခိုင်ငါးပိကို ထမင်းစားဇွန်းနဲ့ ၁ဇွန်းကင်ပါတယ်။ ငရုတ်သီး(အစပ်စားနိုင်သလောက်)အရင်ထောင်းပါတယ်။ကြက်သွန်ဖြူထောင်းပြီး ငါးပိကင်ပါထည့်ပါတယ်။ဆီလေးဆမ်းပြီး သံပုရာရည်လေးညှစ် သုံးဆောင်ပါနော်။
ကြက်ဟင်းခါးသီး ထောင်း
ကြက်ဟင်းခါးသီးကို အများအားဖြင့် ကြော်၊ချက်စားကြတာ များပါတယ်။
မြန်မာနိုင်ငံမှာ တုန်းကဈေးထဲမှာ တစ်ခါတစ်လေ ကြက်ဟင်းခါးသီး
သေးသေးနုနုလေးတွေ တွေ့ ရတတ်ပါတယ်။
တောကြက်ဟင်းခါးသီးလို့ ခေါ်တယ်နဲ့ တူတယ်။
အဲတာလေးတွေက ထောင်းစားလို့တော်တော်ကောင်းပါတယ်။
နေမကောင်းဖြစ်ပြီးခါစ ပါးစပ်ပျက်နေရင် ကြက်ဟင်းခါးသီးထောင်းလေးက
တော်တော်ခံတွင်းလိုက်ပါတယ်။
အခုလည်း ကြက်ဟင်းခါးသီး ထောင်းကို အာသီသရှိနေတာ တော်တော်လေးကြာပြီ။
စင်ကာပူက
မဖြစ်နိုင်ပါဘူးလေဆိုပြီး လက်လျှော့ထားတာ။
အရွယ်အစားချင်းက အဘွားနဲ့ မြေးလောက်ကွာတာ။
ဟိုတစ်နေ့ က shop n save သွားတော့ mini bittergourd ဆိုပြီးတွေ့ တယ်။
အရွယ်ကတော့မသေးပါဘူး။နုပုံပေါ်တာနဲ့ ထောင်းစားကြည့်မယ်ဆိုပြီးဝယ်လာပါတယ်။
ကြက်ဟင်းခါးသီးကိုမီးကင်ပါတယ်။တစ်ဘက်ချင်းစီပျော့ပြီး
အကျက်ညီအောင်ကင်ပေးရပါတယ်။မြန်မာနိုင်ငံတော့ မီးသွေးမွှေးပြီး
မီးကျီးခဲ ကြားထဲညှပ်ထည့်ထားလိုက်ရင် Ok ပါဘဲ။
ကြက်ဟင်းခါးသီးကျက်ရင် အအေးခံထားပေးပါ။
မြေပဲဆံ လက်တစ်ဆုပ်စာလောက် ထောင်းထားပါ။
ငရုတ်သီးနဲ့ ကြက်သွန်ဖြူထောင်းပါ။(အစပ်ကြိုက်ရင် ငရုတ်သီးများများထည့်ပါ။)
ပုစွန်ခြောက် ထည့်ထောင်းပါ။ ငါးပိ ကွမ်းသီးလုံးခန့် ကင်ပေးပါ။
ငါးပိကင်လေးလည်း ရောထည့်ထောင်းပါ။
ကြက်ဟင်းခါးသီးအပြင်က မီးကျွမ်းတာလေးတွေကို
အဝတ်နဲ့ သုတ်ပြီး၊ ဓါးနဲ့ ခြမ်းပြီး အတွင်းထဲက အစေ့တွေထုတ်ပစ်ပါ။
ပါးပါးလှီးပြီး ရောထည့်ထောင်းပါ။ ကြက်ဟင်းခါးသီးက
ကြီးတော့မညက်မှာစိုးလို့ လှီးထည့်တာပါ။
အပေါ့အငန်အတွက် ဆားအနည်းငယ်၊ကြက်သားမှုန့် 
တို့ နဲ့ လိုအပ်သလို ပြင်ဆင်ပြီး ဆီဆမ်းကာ စားသုံးနိုင်ပါတယ်။
ထမင်းပူပူလေးနဲ့ စားနိုင်ရုံမက ရေနွေးကြမ်းလေးနဲ့ ဒီအတိုင်း
မြည်းလည်း ကောင်းလှတဲ့ အရသာစုံတဲ့ ခါးသက်သက်စပ်စပ်လေးနဲ့  ကြက်ဟင်းခါးသီး ထောင်းပါ။
ဝက်သားနှပ် + မရမ်းသီးထောင်း
ဝက်သားနှပ်
ဝက်သားနှပ်ချက်ရန်အတွက် လိုအပ်သော ပစ္စည်းများကတော့
ဝက်သားပေါင်သား၊ ကြက်သွန်နီ အလုံးခပ်သေးသေး (အလုံးလိုက်ထည့်ရန်အတွက်ဖြစ်ပါတယ်)
နှင့် ပါးပါးလှီးထားသောကြက်သွန်နီ၊
ကြက်သွန်ဖြူနှင့်ဂျင်းထောင်း၊ ဆား၊ငံပြာရည်၊
ပဲငံပြာရည်အနောက်၊အရောင်တင်၊ဆီ တို့ ဖြစ်ပါတယ်။
ဝက်သားကို ရေဆေးပြီး အိုးတစ်လုံးထဲတွင်ထည့်၍
ဆား၊ငံပြာရည်၊ ပဲငံပြာရည်
အနောက်တို့ နှင့်ရောနယ်ပေးပါ။
ဆက်ပြီး ကြက်သွန်ဖြူနှင့်ဂျင်းထောင်း
တို့ နှင့်ဆက်နယ်ပေးပါ။
ထို့ နောက် ပါးပါးလှီးထားသောကြက်သွန်နီ၊အရောင်တင်၊
ဆီတို့ ထည့်ပြီး မီးအေးအေးနှင့်နှပ်ပါ။
ရေနည်းနည်းချင်းထည့်၍ ဝက်သားနူးအိသည် အထိ
မီးအေးအေးနှင့်နှပ်ပါ။
ဝက်သား အသားနူး၍ ဆီပြန်ခါနီးလျှင် ကြက်သွန်နီဥ
အလုံးလိုက်လေးများထည့်လိုက်ပါ။
ကြက်သွန်နီဥများနူးနပ်၍ ဝက်သားအိလျှင်စားသုံးနိုင်ပါပြီရှင်။
ဓါတ်ပုံထဲက ကြက်သွန်နီက အဆင်သင့်ဝယ်ပြီးသား အသေးမရှိတာကြောင့်
ဝက်သားနဲ့ အပြိုင် ကြီးနေပါတယ်။
မရမ်းသီးထောင်း
မရမ်းသီးကို ထိပ်တိ၊အစေ့ထုတ်၊ ပါးပါးလှီးပြီးထောင်းပါတယ်။ မရမ်းသီးဖတ်လေးတွေ ညက်ခါနီးရင် ငရုတ်သီး၊ငါးပိကင်၊ ပုစွန်ခြောက်မှုန့် တို့ နဲ့ ရောထောင်းပါတယ်။
ခရမ်းချဉ်သီး ပန်ထွေဖျော် နှင့် ဆိတ်သားခြောက်ကင်
ခရမ်းချဉ်သီးပန်ထွေဖျော်လုပ်ဖို့ အတွက်လိုအပ်သောပစ္စည်းများကတော့
ငရုတ်သီးစိမ်းတောင့်။
ကြက်သွန်ဖြူ။
ကြက်သွန်နီ။
ကြက်သွန်မြိတ်။
နံနံပင်။
ဆီ။
ဆား။
ငံပြာရည်။
ခနောဟင်းခတ်မှုန့် တို့ ဖြစ်ပါတယ်။
ခရမ်းချဉ်သီးကို မီးဖုတ်ထားပါ။ မြန်မာနိုင်ငံမှာလို မီးသွေးမီးဖိုထဲ ထည့်ဖုတ် စရာမရှိရင် ကင်တဲ့ဇကာပြားလေးကို gas မီးဖိုပေါ်တင်ပြီး ကင်လိုက်ပါ။
ကင်ဖို့ အဆင်မပြေဘူးဆိုရင် နောက်တစ်နည်းကတော့ ခရမ်းချဉ်သီးကို အိုးထဲမှာ ငံပြာရည် နည်းနည်းထည့်ပြီး ရေခမ်းပြုတ်ပေးပါ။ မီးကင်တာကတော့ပိုပြီးစားလို့ ကောင်းပါတယ်။
ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို အိုးထဲထည့်ပြီးလှော်လိုက်ပါ။
ပြီးရင်ကင်ထားတဲ့ ခရမ်းချဉ်သီးကိုအခွံနွှာပြီး ရောထောင်းပါ။
ကျွန်မဓါတ်ပုံထဲမှာတော့ ကြက်သွန်နီ ပါးပါးလှီးတာရယ်၊ ကြက်သွန်မြိတ်၊နံနံပင်ရယ်မပါ ပါဘူး။
ကြက်သွန်မြိတ်၊နံနံပင်အဆင်သင့်မရှိလို့ ပါ။
ခရမ်းချဉ်သီး ပန်ထွေဖျော်ကို မုန့် ပျားသလက်နှင့်တွဲစားရင်
ဆိတ်သားခြောက်ကင်
ဆိတ်သားခြောက်ကင်အတွက်ကတော့ မြန်မာနိုင်ငံပြန်တုန်းကယူလာတဲ့ အသားခြောက်ကို ရေခဏစိမ်ထားပါတယ်။နောက်စဉ်းတုံးပေါ်ကိုတင်ပြီး ငရုတ်ကျည်ပွေ့ နဲ့ ထုပေးပါတယ်။ နောက်ပြီးgasဖိုပေါ်တင်ပြီး ကင်ပါတယ်။ ဆိတ်သားခြောက်ကင်မွမွလေးရအောင် ထုလိုက်ကင်လိုက်လုပ်ပေးရပါတယ်။
ဆိတ်သားခြောက်ကင်မွမွလေးကို ခရမ်းချဉ်သီးပန်ထွေဖျော်နဲ့ တွဲဖက်ပြီး
ငါးပိထောင်း
မကျီးသီးမှည့်ထည့်ထောင်းတဲ့ ငါးပိထောင်းက အာပူလျှာပူထဲထည့်စားလို့ လည်း အဆင်ပြေပါတယ်ရှင်။
My Blog List 1
-
My Life Bucketlist!3 months ago
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
၂၉၁၁၂၀၂၅10 months ago
-
-
Well, you get what you pay for7 years ago
-
-
khin8 years ago
-
Havana Blues10 years ago
-
ကားနံပါတ်တွေ အင်္ဂလိပ်လို ပြောင်းလဲသတ်မှတ်ပြီ13 years ago
-
စိတ်အချဉ်ပေါက်ခြင်း13 years ago
-
၂.၉.၂၀၁၂ တနင်္ဂနွေနေ့ ဆွမ်းလောင်းလှူခြင်း14 years ago
-
For “Harvest Thanksgiving Festival”15 years ago
-
ကြည့်မိတဲ့ သတင်း (၄-၃-၂၀၁၁)15 years ago
-
အမေစုနှင့် Exclusive Interview15 years ago
-
တူမလေးများနဲ့ တလတာ..15 years ago
-
-
-
-
My Blog List 2
-
02/04/20266 months ago
-
-
MY GIRL 211 years ago
-
အမှိုက်ပစ်ခြင်း အနုပညာ11 years ago
-
မောင်စိန်သောင်းရဲ့ မနှင်းရည် နောက်ဆက်တွဲ15 years ago
-
-
-
-
-
My Blog List 3
-
ကြာရိုးသုပ်5 days ago
-
-
ပဲပြုပ် Sprouted Yellow Pea7 years ago
-
ကမ္ဘာကြီးကို အလှူကြီး ပေးလိုက်ပါ။7 years ago
-
အလှနတ်သမီးလေး မလိခ...7 years ago
-
-
ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလား8 years ago
-
-
Happy 20188 years ago
-
အချဉ်ပေါင်း (၁)8 years ago
-
Zuma Zen Blaster: Sang Game Legendaris10 years ago
-
ဒိုနောင်းမှာ တနေ့တာ(ညနေပိုင်း)11 years ago
-
၈နှစ်ပြည့် အမှတ်တရ11 years ago
-
'' အလွယ်ချက် အုန်းထောပတ်ထမင်း "12 years ago
-
ဂွေးသီး ငပိချက်12 years ago
-
-
ကျွန်တော့ အတွေ့အကြုံများ ၄12 years ago
-
မုန့်ဟင်းခါး12 years ago
-
စားကြမယ်ဟေ့ ကောင်းကောင်း - ၃၄13 years ago
-
နံနက်စာနှင့် နေ့လည်စာများ13 years ago
-
-
-
-
-
ဆိတ်ရိုးစွပ်ပြုတ်15 years ago
-
-
-
-
Popular Posts
-
ငါးဖယ်ကြော် ငါးဖယ်ကြော် ကို စားရတာ ရိုးမသွားအောင် အစာပလာ အနည်းငယ်ထည့်ပြီး နည်းတစ်မျိုးနဲ့ ကြော်တာပါ။ ကျွန်မ အမျိုးသားက ငါးဖယ်ကြေ...
-
ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :) ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :) ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းန...
-
ကြေးအိုးလုပ်စားဖြစ်တဲ့နေ့ကပါ။ နည်းနည်းတော့ကြာနေပြီ။ ခုမှ ဓါတ်ပုံတွေ့ လို့ပြန်တင်လိုက်ပါတယ်။ :) သေချာရိုက်ထားတဲ့ပုံတွေတော့ မဟုတ်ပါဘူး။ :) ကြေ...
-
ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ ဟင်းအတွဲအစပ်လေးပါ။ wet market ကနေ ဆိတ်သား ကီလိုဝက် ဝယ်လာပါတယ်။ မန်ကျီးသီးမှည့် အနှစ်များများကို ရေနွေးလေးနဲ့...
-
့ ကြာဇံကြော် ကို အိမ်မှာ သူငယ်ချင်းတွေကို ဖိတ်ကျွေးတုန်းက ကျွန်မကြော်တဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။ မိမိနှစ်သက်ရာ အသားနဲ့ကြေ...
-
Happy New Year ပါ။ ရေမုန်ညင်း ကို ရေနွေးဖျော ပြီး ကြက်သွန်နီပါးပါးလှီး ၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ဆား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီချက်၊ သံပုရာ...
-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မုန့်တီသုတ်လေး သုတ်စားဖြစ်ပါတယ်။ မုန့်တီသုတ်ဖို့ လိုအပ်တဲ့အဓိက ပစ္စည်းတွေကတော့ ပဲမှုန့်လတ်လတ်ဆတ်ဆတ်ကောင်းကောင်း၊ ငံပြာရ...
-
နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။ ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမ...
-
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ြ...
-
အိမ်မှာ အခုတလော ခရမ်းချဉ်သီးတွေပေါနေတာမို့  ခရမ်းချဉ်သီး ငါးပိချက် ချက်စားမလို့  စိတ်ကူးကြည့် လိုက်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီး လိတ်နေြ...






