
ဆီထမင်းဝါဝါလေးကို Rice Cooker နဲ့အလွယ်တကူချက်စားမဲ့နည်းလမ်းကတော့ ထမင်းအိုးထဲမှာ ဆီနည်းနည်းထဲ့ပြီး ဆီကျက်ရင် နနွင်းမှုန့်လေးထည့်ပြီး ကြက်သွန်ဖြူထောင်းထည့်ပါ။ နောက်ရေဆေးထားတဲ့ကောက်ညင်းဆန်ထည့်ပါ။ ဆားနည်းနည်းထည့်ပါ။
ရေကိုထမင်းချက်သလိုပဲ ချင်ထည့်ပါ။ နောက်ကျက်ခါနီးမှ ရေလိုရင် နည်းနည်းချင်း ဖြန်းလို့ရပါတယ်နော်။
ပဲပြုတ်ကို ဆီထမင်းထဲတစ်ခါတည်းထည့်မယ်ဆိုလျှင် ဆန်မွှေလို့ရသေးတဲ့အချိန်မှာ ထည့်လိုက်ပါနော်။
ဆီထမင်းကို ကိုယ့်အရပ်ဒေသအလိုက် တွဲဖက်စားသုံးတဲ့ အစာများကွာခြားကြပါတယ်။
ကျွန်မတို့အိမ်မှာတော့ ငံပြာရည်ချက်၊ ပဲပြုတ်၊အသားခြောက်(သို့) ငါးခြောက်ကင်တို့ ဖြင့် စားသုံးကြပါတယ်။
You and Everything Else - Kdrama review
1 week ago






0 comments:
Post a Comment