ကြေးအိုးဆီချက် နဲ့ ကြေးအိုး

ကြေးအိုးဆီချက်ကတော့ အမေ့အတွက်ပါ။ :)
ဒါကတော့ ကြေးအိုး အရည်နဲ့ပါ။ ကျွန်မကတော့ အရည် ပိုကြိုက်ပါတယ်။ :)
ကျူဆိုင်၊ပဲပြား၊ငုံးဥ၊ကိုက်လန်၊မုန်ညင်းနဲ့ဝက်နှလုံး၊လျှာ၊အသည်း တွေပါ။ အသားလုံးလုပ်ရန် နယ်ထားတဲ့ပုံတွေပါ။ ကျူဆိုင် မမြင်ဖူးဘူးဆိုတဲ့ comment ကို ခုမှ ပြန်တွေ့မိလို့ပါ။ Sorry ပါနော်။ အပေါ်ဒုတိယမြောက်အကွက်က မြက်ပင်လိုရှည်ရှည်လေးတွေက ကျူဆိုင်ပါနော်။
ဆန်ကြာဇံတွေကို အကျက်မြန်အောင် (၁၅)မီးနစ်ခန့် ရေစိမ်ထားပြီးမှ ပြန်စစ်ထားတာပါ။
ဒါလေးကတော့ရှာလကာရည်ထဲကိုဆားနည်းနည်းထည့်ပြီး ငရုတ်သီးတောင့်နဲ့ကြက်သွန်ဖြူလှီးထည့်ထားတဲ့အချဉ်ရည်လေးပါ။



အားလုံးသော စာလာဖတ်သူအပေါင်း မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

ဒီဇင်ဘာလတစ်လမှာ အစပြုခဲ့တဲ့ ဒီဘလော့လေးကို ဒီဇင်ဘာလမှာ ကြေးအိုးဆီချက်လေးနဲ့ Happy Birthday လေး လုပ်ပေးလိုက်ပါရစေနော်။

ကြေးအိုး ချက်နည်းကိုတော့ ဒီမှာ ရေးဖူးပါတယ်နော်။ အဲဒီ ကြေးအိုးပို့စ်နဲ့ တွဲဖတ်ပြီး လုပ်စားမှ အဆင်ပြေမှာပါနော် :)

ကြေးအိုးဆီချက် လုပ်ဖို့အတွက်ကတော့ ဆန်ကြာဇံဖတ်ကို ကြေးအိုးဟင်းရည်အိုးထဲမှာ လက်ကိုင်ရိုးရှည်တပ်တဲ့ ဇကာလေးနဲ့ ရေနွေးဖျောပါ။ သို့မဟုတ် ရိုးရိုးရေနွေးဖြင့်ဖျောပေးပါ။

ထို့နောက် ကြာဇံဖတ်ကို ပဲငံပြာရည် အကျဲ၊ ကြက်သားမှုန့်တို့ဖြင့်အရောင်လေးလှပြီး အရသာဝင်စေရန် တူလေးဖြင့်နယ်ပါတယ်။
ကြေးအိုးအရည်ထဲထည့်ပြုတ်ထားတဲ့ အရွက်၊အသား၊ပဲပြားစတာတွေ အရည်စစ်ပြီး ခပ်ထည့်ပါတယ်။ ကြက်သွန်ဖြူဆီချက်လေး ထည့်ပါတယ်။ ပြီးရင်တော့ ကြေးအိုးပြုတ်အရည်လေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီနော်။ :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

7 comments:

Sunny said...

ကြေးအိုးဆို ဆီချက်ကော အရည်ကော ကြိုက်လို့ နှစ်မျိုးလုံး စားသွားမယ်နော်..

Baby taster said...

Happy b'day par
Happy merry X'mas par
Happy New year par
စာတွေ ဟင်းတွေ တင်ချင်တဲ့
ဆန္ဒရှိသရွေ့ ရေးနိုင် ချက်နိုင်ပါစေ

Mon Petit Avatar said...

Happy Birthday to your Blog!!!
I also love ကြးအိုး အရည်.

Shinlay said...

ဒီမှာအေးနေတာနဲ့ အတော်ပဲ။
အရည်တခွက်၊ ဆီချက်တခွက်လုပ်ပေးပါနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြေးအိုးတော့ ဘယ်လိုဘဲဖြစ်ဖြစ်ကြိုက်တယ်..
မစားရတာကြာလို့ လွမ်းသွားမိတယ်
တစ်ရက်တော့ လုပ်စားပါဦးမယ်..
ကျေးဇူးနော်

Mrs. Bagel said...

mite tel :) yummy

linnsu said...

တွဲဖက်စားဖို့ ငရုတ်ဆီ အနီကို ဘယ်လိုလုပ်ရမှာလဲဟင်...YKKO က ငရုတ်ဆီကို ကြိုက်ပါတယ်...တခါမှမလုပ်စားဖူးလို့ပါ...ပြောပြပေးပါဦးနော်...း-)

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online