ဝက်နားရွက်သုတ်


ဝက်နားရွက်ကို ရေသေချာဆေး၊ အပေါ်ယံကို ဓါးနဲ့ခြစ်ပြီး သန့်ရှင်းရေးလုပ်ပါတယ်။
ဆား၊ဂျင်းရည်၊ ပဲငံပြာရည်အကြည်နဲ့နယ်ပြီး ပြုပ်ပါတယ်။
နူးတဲ့အခါ ပါးပါးလှီးပါတယ်။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးပါးပါးလှီးပါတယ်။
ငရုတ်သီးစိမ်းလှီးထည့်ပြီး Chilli garlic sauce ထည့်ပါတယ်။ အလွယ်တကူရမယ်ဆိုရင် ပဲပင်ချဉ်လေး ထည့်သုတ်ရင် ပိုကောင်းပါတယ်။ ဆီ၊ ဆား ၊ငံပြာရည် သင့်ရုံထည့်၊ သံပုရာရည်ညှစ်၊ နယ်ပြီးတဲ့အခါ သုံးဆောင်နိုင်ပါပြီရှင်။ ဝက်သားမစားသူများ sorry ပါနော် :)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိတ်သားခြောက်ခရမ်းသီးချက်


ဒီတစ်ပတ်အတွက် ချက်စားဖြစ်ခဲ့တဲ့ဟင်းတွေထဲက အသားခြောက်ကို ခရမ်းသီးနဲ့ရောချက်တဲ့ အညာဟင်းတစ်မျိုးကို မျှဝေလိုက်ပါတယ်ရှင်။ အသားခြောက်ကိုတော့ အမဲသားမစားတဲ့အတွက် ဆိတ်သားခြောက်ကို အသုံးပြုထားပါတယ်။ ခရမ်းသီးကို အရှည်လိုက် အပိုင်းလေးတွေပိုင်းပြီး ရေဆေးထားပါတယ်။ ဆိတ်သားခြောက်ကို အနူးလွယ်စေဖို့ ရေကြာကြာ စိမ်ထားပါတယ်။ ပြီးရင် ငရုတ်ကျဉ်ပွေ့ နဲ့ နည်းနည်းထုပြီး အတုံးလေးတွေတုံးထားပါမယ်။ ကြက်သွန်နီအလုံးကြီး ၁လုံးခွဲလောက်ကို ပါးပါးလှီးပြီးဆီသတ်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ ရောထည့်ပါတယ်။ ကြက်သွန်နီလေးတွေခြောက်လာလျှင် ခရမ်းချဉ်သီး ၂လုံး ကို ခပ်နုတ်နုတ်လှီးပြီး ထည့်ပါတယ်။ အရောင်တင်၊ဆား၊ငါးပိ အနည်းငယ်ထည့်ပါတယ်။ ကြက်သွန်နဲ့ ခရမ်းချဉ်သီးလေးတွေ လိပ်လာပြီဆိုရင် အတုံးလေးတွေ တုံးထားတဲ့ အသားခြောက်ကို ထည့်ပါမယ်။ သူ့ အရည်လေးနဲ့သူ အရင်ကျက်စေပြီးမှ ရေနွေးလေးထည့်ပြီး ဆက်တည်ပါတယ်။ အသားခြောက်နူးခါနီးပြီဆိုမှ အချိန်မှန်းပြီး ခရမ်းသီးကို ထည့်ပါတယ်။ အသားလည်းနူး ခရမ်းသီးလည်းအိ အချိန်ကိုက်ပါဘဲနော်။ သုံးဆောင်ကြည့်ပါရှင်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online