ပုစွန်ကို အမျိုးမျိုး လုပ်စားကြမယ်..


နောက်တစ်မျိုးလုပ်စားဖြစ်တာကတော့ ပုစွန်တောသုတ်လေးပါ။
ပုစွန်ကို ဟန်ဟန်ပန်ပန် သုတ်တာမဟုတ်ဘဲ လှော်ပြီးသားပုစွန်ကို သင့်ရုံလှီးပြီး မန်ကျီးသီးမှည့်ရည်နဲ့ သုတ်တာမျိုးလေးပါ။ အပြောင်းအလဲအရသာလေးရချင်ရင်တော့ သုတ်စားကြည့်ပါနော်။
မန်ကျီးသီးမှည့်ကို ရေဆေးပြီးရေနွေးနွေးနဲ့ အနှစ်လုပ်ယူပါ။
ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပါ။
ကြက်သွန်နီ၊နံနံ ပါးပါးလှီးထားပါ။
ပုစွန်နဲ့ အထက်ပါအစာပလာများရောနယ်လိုက်ပါ။ဆား၊ငံပြာရည် ၊ကြက်သားမှုန့်တို့ဖြင့် အရသာဖြည့်စွက်ပါ။
ဆီမပါတဲ့  အသုတ်တစ်မျိုးပါနော်။

နောက်တစ်မျိုးကတော့ ပုစွန်ကို မန်ကျီးသီးစိမ်းနဲ့ကြော်စားတာပါ။
မန်ကျီးသီးစိမ်းကို ထိပ်နှစ်ဘက်စိပ်ပြီးတော့မှ ဆားထည့်ပြီးညက်ညက်ထောင်းပါ။
ပုစွန်ကို သန့်ရှင်းပြီး ဆား၊နနွင်းနယ်ပြီး နည်းနည်းလှီးလိုက်ပါတယ်။
အကောင်လိုက်ထည့်ချင်လည်းရပါတယ်နော်။
ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသတ်ပြီးအနံ့မွှေးလာလျှင် မန်ကျီးသီးထောင်း၊ပုစွန်ခြောက်မှုန့်၊ငါးပိအနည်းငယ်၊ဆား၊ငရုတ်သီးအကြမ်းမှုန့်၊ကြက်သားမှုန့်ထည့်ပါ။
ပုစွန်ရောထည့်မွှေပြီး ပုစွန်ကျက်လျှင် သုံးဆောင်နိုင်ပါပြီနော်။

ပုစွန်ငါးဆုပ်ဟင်းကတော့ ဓါတ်ပုံတော်တော်မကောင်းဖြစ်သွားလို့နောက်တစ်ခေါက်ချက်စားမှ တင်ပါ့မယ်နော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

6 comments:

စူးနွယ်လေး said...

တောသုပ်ကြိုက်တယ်...မန်ကျည်းသီးလည်းကြိုက်တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုဇွန်ကို မန်ကျည်းသီးစိမ်းနဲ့ ချက်တာ စားဖူးသေးဘူး
သွားရေတောင် ယိုချင်တယ်တကယ်..
ပုဇွန်တော့ ဘယ်လိုလုပ်လုပ်ကြိုက် တယ်

Mamoonn said...

ဟုတ်...
ဒီမှာ ပုစွန်ပေါတယ် မစုဘူးရေ..
နည်းလေးတွေ တွေ့ထားပီ နောက်ဆို
လုပ်စားလို့ ရပီ။

nu-san said...

ပုဇွန်တောသုပ်ဆိုတာလေး စိတ်ဝင်စားတယ် ညီမရေ.. လုပ်စားကြည့်ဦးမယ်.. :))

မိုးယံ said...

ထမင်းစားပြီးယုံလေး မှ ရောက်လာတာ နာတာပဲ။

mabaydar said...

သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်.. ဘလော့ပေါ်က ဟင်းတွေလိုက်ချက်မလို့ပြင်တော့ ဘလော့တွေပေါ်မှာ အချိန်အဆဘယ်လောက်လဲ မရေးထားလို့ မချိန်တတ်ဘူးတဲ့... အချိန်အစလေးပါထည့်ရေးပေးရင် ပိုအဆင်ပြေသွားမယ်ထင်တယ်... အဟီး.. ချက်နေကျမဟုတ်တဲ့သူတွေအတွက်က မချိန်တတ်ဘူးလေ...
ဒါနဲ့ ပုစွန် မန်ကျည်းသီးစိမ်းကြော်လေးက ကြားတာနဲ့တင် သရေယိုနေပြီ.... နေ့တိုင်းဒါတွေချည်းပဲ ချက်စားနေရလို့ ညစ်နေတာ... ခုတော့ ဟင်းသစ်တွေတွေ့ပြီ...

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online