ဇရစ်ရိုး ကြော်ချက်




ဘလော့လာ မိတ်ဆွေအပေါင်း မင်္ဂလာပါရှင်။
မရေးတာ ကြာနေပြီဖြစ်တဲ့ ဘလော့လေးကို ဇရစ်ရိုးလေးနဲ့ ဖုန်လာခါတာပါ။ :D
ဇရစ် ကို ပင်နီစူးလားက ဝယ်လာပါတယ်။ (၁) စည်း ၁ ဒေါ်လာနဲ့ ၂ ဒေါ်လာဖိုးပေါ့။
ကဲ.. စချက်ပါပြီနော်။ ဇရစ်ကို လက်တစ်ဆစ် စာလောက် လှီးဖြတ်ပါတယ်။
အရိုးပိုင်းလေးတွေကို ဓါးနှောင့်လေးနဲ့ ထုပါတယ်။ ပြီးတော့ ဇရစ်တွေကို နနွင်း နည်းနည်း ၊ဆားနည်းနည်း ထည့်ထားတဲ့ ရေထဲမှာ အစေးကုန်အောင် ခဏ စိမ်ထားပါတယ်။ ပြီးမှ ရေစင်အောင် ပြန်ဆေးပါတယ်။
ပြီးရင်တော့ ထုံးစံအတိုင်း ကြက်သွန်နီ ၊ ဖြူ ဆီသတ်ပါတယ်။
အရောင်တင်၊ ငါးပိ အနည်းငယ် ၊ ဆား ၊ ကြက်သားမှုန့်တို့နဲ့ အနှစ်လေး လုပ်ပါတယ်။
ပြီးရင် ဇရစ်ထည့်၊ ရေအနည်းငယ်ထည့်ပြီး တည်ပါမယ်။ ဇရစ်လေး နူးရင် ဟင်းအိုးချလို့ရပါပြီနော်။
ဇရစ် သိပ်မနွမ်းခင် ဟင်းအိုးချပါနော်။
ဒါဆိုရင် ရာသီစာ ဇရစ်ကြော်လေး စားကြပါဦးနော်။ ကျွန်မ မေမေရဲ့ favourite ဟင်းလေးပါ။ :)
စင်ကာပူမှ မိတ်ဆွေများ ဇရစ်ရိုးလေးကို မက်မောတယ်ဆိုရင်ဖြင့် ပင်နီစူလာ ၃ထပ်က ရွှေအင်းဝနဲ့မျက်စောင်းထိုး ဆိုင်နာမည် (ရွှေစင် ထင်ပါရဲ့) မှာ သွားရောက်ဝယ်ယူပြီး ရာသီစာလေး စားလိုက်ကြပါဦးနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

My Blog List 1

My Blog List 3

Popular Posts

နေရာအစုံမှ ဧည့်သည်များ

Current User

User Online